Main menu

Background

Thursday, 5 May 2016

  ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၈၅၆၅၄၃ တန်ဖိုးရှိ မြေသြဇာ ၂၅၄၁ ဒသမ ၃၁၉ တန်ကို လည်းကောင်း၊ ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၁၅၈၆၅ တန်ဖိုးရှိ မြေသြဇာ ၅၈၇ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ၁၈၃၈ ဒသမ ၅ တန်၊ အိန္ဒိယ မှ ၁၀ တန်နဲ့  စင်ကာပူမှ ၆၉၂ ဒသမ ၈၁၉ တန် တင်သွင်းခဲ့ပြီး နောက်တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၅၆၇ တန်နဲ့ ဂျပန်နိုင်ငံမှ တန်၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Thursday, 5 May 2016

  ယူရိုဇုန်ရဲ့ စီးပွားရေးကို တွန်း အားပေးမြှင့်တင်နိုင်ဖို့အတွက် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က ငွေကြေးစာချုပ်စာတမ်းတွေဝယ်ယူမယ့် အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ဖိလစ်ပိုင်နိုင်ငံအပါ အဝင်ထွန်းသစ်စနိုင်ငံများအတွက်အပြုသဘောအကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ် (Bank Sentral ng Philipinas-BSP) ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီးဖိလစ်ပင်းသတင်းမှာ ဖော်ပြပါတယ်။''ဒီမူဝါဒ က အီးယူစီးပွားရေး ဖွံ့ဖြိုးမှု အတွက် စွမ်းဆောင်မှုပေး နိုင်သလို အီးယူရဲ့  ကုန်သွယ်ဖက်တွေ ဖြစ်တဲ့ထွန်းသစ်စဈေးကွက်တွေ အတွက်လည်း အပြုသဘော အကျိုးသက်ရောက်မှုတွေ   ဖြစ်ပေါ်စေနိ

Thursday, 5 May 2016

   ပြည်တွင်းဝယ်လိုအားအေးလာ ခြင်းနဲ့ ဒေါ်လာတန်ဖိုးခိုင်မာမှုက ပို့ကုန် ကို ဆက်လက်ကျဆင်းစေတဲ့အတွက်အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး ဖွံ့ဖြိုးမှုကပထမသုံးလပတ်မှာ တုံ့ဆိုင်းနေမယ့်အလားအလာရှိနေပါ တယ်။ ဒါပေမယ့် အလုပ်သမားဈေးကွက်မြင့်မားမှုကြောင့် စီးပွားရေးလုပ် ငန်းတွေပြန်လည်မြင့်တက်လာမယ်လို့ခန့်မှန်းထားကြောင်းရိုက်တာသတင်းမှာဖော်ပြပါတယ်။ရိုက်တာသတင်းဌာနကကောက်ယူထားတဲ့စစ်တမ်းအရ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ)ရဲ့နှစ်စဉ်အလိုက်တိုးတက်နှုန်းက၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုသုံးလ ပတ်မှာသုည ဒသမ ၇ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ပါတယ်။ရေနံဈေးနှုန်းကျဆင်းမှုက ရှလမ်ဘာဂါနဲ့ဟေလီဘတ

Wednesday, 4 May 2016

  ပြည်ထောပတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း ပဲအဝင်သိပ်မရှိတော့ ဘဲတစ်ရက်အိတ် ၃၀မှ ၇၀ခန့်သာ ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲသိပ်မရှိတော့တဲ့ အတွက်ဝင်လာသမျှပဲများအားလက်လီသမားတွေ အဝယ်ရှိခဲ့ကြပါ တယ်။ပဲဈေးနှုန်းမှာပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံးရခဲ့တာကြောင့်  တစ်တင်း ၁၅၀၀၀ကျပ်ဖြင့်သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ ကာလဈေးမှာ တစ်တင်း ၁၃၅၀၀ကျပ်သာ ရရှိခဲ့လို့ယခုလကုန်မှာဈေးမြင့်တက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ထောပတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန် မှစ၍ ယခုချိန်အထိဈေးအေးအေးနဲ့ ကျပ်၂၀၀၀၀ အောက်သာရရှိခဲ့ပြီး၊ အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုနှစ်ဈေးအေးခဲ့တဲ့သီးနှံဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 3 May 2016

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   ခရမ်းမြို့နယ်နှင့်သုံးခွမြို့နယ်တို့တွင် ရောင်းဝယ်လျက်ရှိသည့် ပဲတီစိမ်း ဈေးကွက်ကိုလေ့လာစောင့်ကြည့်ပြီးမှ ရောင်းဝယ်သင့်ကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ပြောကြားလျက်ရှိနေပါတယ်။ ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းကတည်းက   ခရမ်း-သုံးခွ နယ်အတွင်း ပဲတီစိမ်းဈေးကွက်တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၃၂၀၀၀နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။အဲဒီကာလမတိုင်ခင်ကတစ်တင်းလျင် ကျပ် ၄၂၀၀၀ ရှိခဲ့ပေမယ့် ပဲတီစိမ်း တောင်သူတွေအနေနဲ့ ဈေးမြင့်တက်မယ်အထင်နဲ့ စောင့်ဆိုင်းနေခဲ့ပါ တယ်။ဒါပေမယ့်လည်း   သြင်္ကန်ကာလနီးလာလေ ပဲတီစိမ်း ဈေး နိမ့်ကျလေလေ ဖြစ်လာတာကြောင့် တောင်သူတွေဟာ ပေါက်ဈေးနဲ့ ရောင်းချနေ

Tuesday, 3 May 2016

  နှစ်သစ်ကူးကာလအလွန် မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်မှာExport  ဝယ်လက်၊ လုပ်ငန်းသုံးဝယ်လက်နဲ့ ပဲ လက်လီဝယ်လက်တွေ သက်ဝင်စုံညီစွာ နဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။Export  အတွက် ရန်ကုန်ဝယ် လက်တွေ ပုံမှန်အဆွဲရှိခဲ့လို့ ပဲစင်းငုံနီ၊ မတ်ပဲနဲ့ပဲတီစိမ်းတို့ ဈေးဆက်လက်မာ ခဲ့ရာ ယခုတစ်ပတ်မှာ  ငုံနီတစ်တင်း ၄၉၇၀၀ ကျပ်၊ မတ်ပဲတစ်တင်း ၅၃၅၀၀ ကျပ်နဲ့ စိမ်းကြီးတစ်တင်း ၃၅၀၀၀ ကျပ် အထိ ပေါက်ဈေးအမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး တစ်ရက်လျှင် ငုံနီအိတ် ၁၅၀၀ ခန့်၊ မတ်ပဲအိတ် ၃၀၀ ခန့်နဲ့ စိမ်းကြီးအိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ငုံနီအနေနဲ့  ဒေသခံကုန်သည် လှောင်လက

Tuesday, 3 May 2016

  SCG သည်အာဆီယံတွင် ပထမဦးဆုံးသောသရီးဒီပရင့်တင်းနည်းပညာဖြင့် ပြုလုပ်ထားသည့် ဘိလပ်မြေဆောက်လုပ်မှုပုံစံအား Architect'16  ပြပွဲတွင်မိတ်ဆက် ပြသခဲ့ကြောင်းသိရသည်။အဆိုပါပြပွဲကို ထိုင်းနိုင် ငံ၊ မြောင်သောင်ဌာနီရှိ  Challenger Hall  တွင် ဧပြီ ၂၆ ရက်မှ မေ ၁ရက်အထိ ပြသ ခဲ့ ကြောင်းSCG ၏သတင်းထုတ်ပြန်ချက်များအရသိရသည်။SCGဘိလပ်မြေ-ဆောက်လုပ်ရေးပစ္စည်းများ၏ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဒါရိုက်တာMr.

Tuesday, 3 May 2016

   ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် ရွှေနဂါးပွဲတော်ဆုချီးမြှင့်ပွဲနှင့် ဗီယက်နမ်၏အကောင်းဆုံးအမှတ်တံဆိပ်ချီးမြှင့်ပွဲတွင် အာရှ၏လူကြိုက်အများဆုံးတန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Vietjet သည် ဗီယက်န မ်နိုင်ငံ၏  အကောင်းဆုံးအမှတ်တံဆိပ်နှင့် တိုင်းပြည်အတွင်းလူကြိုက်အများဆုံးလေကြောင်း လိုင်းတစ်ခုအဖြစ်  ချီးမြှင့်ခြင်းခံခဲ့ရကြောင်း Vietjet  ၏ သတင်းထုတ်ပြန်ချက်များ အရသိရသည်။နှစ်စဉ်ကျင်းပသည့် ဗီယက်နမ်၏ အကောင်းဆုံးအမှတ်တံဆိပ်ချီးမြှင့်ပွဲသည် နာမည်ကျော် Vietnam Economic Time Publicationနှင့် ကုန်သွယ်စီးပွားဌာန စိတ်(စက်မှုနှင့်ကုန်သွယ်ဝန်ကြီးဌာန)တို့မှ စတင်ကြီးမှူးကျင်း

Tuesday, 3 May 2016

   ငါးနဲ့ရေထွက်ကုန် ကွန်ဖရင့်ကို အာရှပစိဖိတ်ရှိ ရေ ထွက်ကုန်စင်တာများကွန်ရက်မှ (NACA-Network of Aquaculture Centres in Asia-Pacific) ၊ အရှေ့တောင်အာရှ နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစင်တာ (SEAFDEC- South East Asian Fisheries Development Centre) နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ အပါအဝင် အခြားအသင်းများကပူးပေါင်းပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်မှ ၇ ရက်အထိထိုင်းနိုင်ငံ ဗန်ကောက်ရှိ ဗန်ကောက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ကုန်စည်ပြပွဲများစင်တာ (Bangkok International Trade & Exhibition Centre-BITEC ) မှာ ကျင်းပသွားမယ်လို့  အွန်လိုင်းသတင်းများမှာ ဖော်ပြထာ

Wednesday, 6 Apr 2016

   နရိန္ဒရာမိုးဒီ ဝန်ကြီးချုပ်တာဝန်  စတင်ထမ်းဆောင်ချိန်မှစပြီး   အိန္ဒိယ နိုင်ငံမှာအမေရိကန်ပြည်ထောင်စုရဲ့ရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာပြီးတရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်လာကြောင်း အမေရိကန်အစိုး ရရဲ့ ပြောကြားချက်ကိုကိုးကားပြီး   တိုင်းမ်အော့ဖ်   အိန္ဒိယအွန်လိုင်းသတင်းမှာဖော်ပြပါတယ်။''၂၀၁၄ ခုနှစ်မေနောက်ပိုင်းကစပြီးကျွန်တော်တို့နှစ်နိုင်ငံရဲ့ အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွေအနက် နိုင်ငံခေါင်း ဆောင် အဆင့် ဆွေးနွေးပွဲက ခြောက်ကြိမ်ရှိခဲ့ပါတယ်။ မတ်လနောက်ဆုံးပတ်မှာ  ကျင်းပခဲ့တဲ့ နျူကလီးယားလုံခြုံရေးထိပ်သီးဆွေး နွေးပွဲကလည်းအဆင့်မြင့်ခေါင်း

Pages