Main menu

Background

ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း

ဈေးကွက်အတွင်း ဖြန့်ချိတော့မည့် စိုက်ပျိုးရေးဆေးနှင့် သဘာဝမြေသြဇာ

Tue, 11/07/2023 - 13:25 -- journal_editor

မအူပင်ခရိုင်သည် ကျေးလက်နေလူတန်းစားများပြားပြီး စိုက်ပျိုးရေးလုပ် ကိုင်သူများသည် စပါး၊ ပဲ၊ နေကြာ ၊ဟင်းသီးဟင်းရွက်နှင့် တစ်ပိုင်တစ်နိုင် စိုက် ပျိုးထုတ်လုပ်သည့်လုပ်ငန်းများ  လုပ်ကိုင်သူများစွာရှိသော ခရိုင်တစ်ခုဖြစ် သည်။
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသော တောင်သူများသည် စိုက်ပျိုးရေး အသိပညာ၊ နည်းပညာများ စုံလင်စွာသိရှိပြီး စိုက်ပျိုးထုတ်လုပ်နိုင်ပါက အရည် အသွေးမြှင့် စိုက်ပျိုးသီးနှံများ ရရှိနိုင်မည်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Tue, 10/24/2023 - 11:02 -- journal_editor

၂၀၂၃ခုနှစ် အောက်တိုဘာလ တတိယပတ် အတွင်း နေပြည်တော်    ကောင်စီနယ်မြေတွင် အခြေခံ   စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်   ကျပ် ၆၅၀ဝ၊ ဧည့်မထတစ်ပြည် ကျပ် ၃၅၀ဝ၊ မနောသုခ တစ်ပြည်  ကျပ် ၃၄၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ   ကျပ် ၃၆၀ဝ၊ (လတ်)တစ်ပိဿာ ကျပ် ၃၃၀ဝ၊ (သေး)တစ်ပိဿာ ကျပ် ၃၀ဝ၀ နှုန်းဖြင့်   အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ကျပ် ၈၅၀ဝ မှ ၈၈၀ဝ ထိ၊ (ရှမ်း)တစ် ပိဿာ ကျပ် ၉၀ဝ၀ မှ ၁၁၀ဝ၀ ထိ၊ ငရုတ်သီးခြောက် လက်လီဈေးမှာ(အရှည်)တစ်ပိဿာ ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ ထိ၊ (အပု)တစ်ပိဿာ ကျပ် ၂၄၀ဝ၀ မှ ၃၀ဝ၀ဝ ထိ၊ အာလူး လက

ကသာမြို့တွင် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများ

Tue, 09/26/2023 - 12:27 -- journal_editor

ကသာမြို့နယ်အတွင်း စက်တင်ဘာလ တတိယအပတ် အတွင်း  ဈေးကွက်အသီးသီး၌  ရောင်းချလျက်ရှိသော ဆန် ဈေးနှုန်းများမှာရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်၁၄၃၀ဝ၀၊ ဧရာမင်း ဆန်တစ်အိတ်  ကျပ် ၁၂၀ဝ၀ဝ၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင်  ကျပ်  ၉၀ဝ၀ဝ  ဖြင့်    ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ  တစ်ပိဿာ  ကျပ် ၁၅၀ဝ၀ ၊ နှမ်းဆီ တစ်ပိဿာ  ကျပ် ၁၅၀ဝ၀ နှင့် စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၂၀ဝ၀ ရှိကြောင်း သိရသည်။ 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Thu, 08/31/2023 - 10:26 -- journal_editor

အင်းစိန်မြို့နယ်ရှိ  တညင်းကုန်း လက်ကားဈေးကြီး၌ သြဂုတ်  ၁၆  ရက်မှ ၂၂ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊  ညောင်နှစ်ပင်ကျေးရွာ၊  ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေ ကြောင်း သိရှိရသည်။ 

မော်လမြိုင်အမှတ်(၁) ဈေးကြီးတွင်ရောင်းချနေသော ငါးခြောက်ဈေးနှုန်းအခြေအနေ

Thu, 08/31/2023 - 10:11 -- journal_editor

မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီး၌ သြဂုတ်လအတွင်း ရောင်းချလျက်ရှိသော ငါးခြောက်အမယ်များမှာငါးနှပ်ခြောက်(အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက်(အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊ပုစွန်ခြောက်(အကြီး)၊ ပုစွန်ခြောက်(အလတ်)၊ ပုစွန်ခြောက်(အသေး)၊ ပုစွန်ခြောက်အခွံပါအမှုန့်ခြောက်တို့ဖြစ်သည်။၎င်းငါးခြောက်အမယ်စုံ၏ ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)(အကြီး)တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ဝ၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အလတ်) တစ်ပိဿာလျှင်

ပြည်ဒေသထွက် မိုးပဲတီစိမ်းသီးနှံ နှစ်အလိုက် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Wed, 08/30/2023 - 15:48 -- journal_editor

ပြည်ပဲဈေးကွက်အတွင်း ယခုနှစ်ပဲသီးနှံအားလုံး ဈေးမြင့်တက်ခဲ့ခြင်းကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ စသည့် ပြည်ပဝယ်လိုအား  ပဲအားလုံး ဈေးကောင်းရလျက်  ရှိခဲ့ကြသည်။  အဆိုပါပဲများ ဈေးကောင်းရနေသော်လည်း ပဲတီစိမ်းသီးနှံမှာ ယခုနှစ်တွင် ဈေးအေးနေခဲ့ကြောင်း သိရသည်။

ဈေးကောင်းရနေတဲ့ပန်းမုန်လာ

Mon, 08/14/2023 - 12:21 -- journal_editor

ပန်းမုန်လာ(ခေါ်) ပန်းဂေါ်ဖီမှာ အေးပြီး စိုစွတ်သည့်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်အတော်များများတွင် စိုက်ပျိုးကြသည်။ ပန်းမုန်လာကို မျိုးစေ့ဖြင့် ပျိုးဘောင်များတွင် ကြဲပက် စိုက်ပျိုးပြီး ပျိုးသက်တစ်လခန့်အကြာတွင် ပျိုးပင်များကို ပြန်ခွဲ၍ ‌ပြောင်းရွှေ့ပြီး ဧကအလိုက် ပြန်လည်ပျိုးထောင် စိုက် ပျိုးကြသည်။ 

ကော့ကရိတ်တွင် တစ်ပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

Mon, 08/14/2023 - 12:00 -- journal_editor

သြဂုတ်လ ဒုတိယပတ်အတွင်း ကော့ကရိတ်မြို့နယ်၌  အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၅၅၀ဝ၊ ဖျာပုံပေါ်ဆန်းဆန် တစ်ပြည်  ကျပ် ၄၈၀ဝ၊ သထုံ ပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၃၆၀ဝ ၊ဧည့်မထဆန်(မနောသုခ)တစ်ပြည်  ကျပ် ၂၉၀ဝ၊ ဧည့်မထဆန်(ဧရာမင်း) တစ်ပြည် ကျပ် ၃၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ (ကြီး)လက်လီဈေးမှာ တစ်ပိဿာ ကျပ် ၂၈၀ဝ၊ ကြက်သွန်နီ (လတ်)တစ်ပိဿာ ကျပ် ၅၀ဝ၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ကျပ် ၂၀ဝ၀၊ ကြက်သွန်ဖြူ(ဗမာ)  တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၈၀ဝ၀၊ ချင်း တစ် ပိဿာ ကျပ် ၇၀ဝ၀ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၆၀ဝ၀  မှ ၁၉၀ဝ၀ ထိ၊ အာ

ရွှေဘိုမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Mon, 08/14/2023 - 11:12 -- journal_editor

     သြဂုတ်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အ ခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၅၅၀ဝ ကျပ်၊ ဧရာမင်းဆန် တစ်ပြည်ကျပ်  ၅၅၀ဝဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက် သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ကျပ် ၂၀ဝ၀၊ (လတ်) တစ်ပိဿာကျပ် ၁၈၀ဝ၊ (သေး)တစ်ပိဿာ ကျပ် ၁၅၀ဝနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀မှ ၉၀ဝ၀ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၇၀ဝ၀မှ ၈၀ဝ၀ထိ၊ (ကြူကုပ်) တစ်ပိဿာကျပ်  ၇၀ဝ၀မှ ၈၀ဝ၀ထိ၊ ချင်းတစ်ပိဿာ ကျပ် ၆၀ဝ၀၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ကျပ် ၁၇၀ဝ၀ မှ ၁၈၀ဝ၀ ထိ အာလူး တစ်ပိဿာ ကျပ် ၂၈၀ဝမှ ၃၆၀ဝထိ ၊ခရမ်

မက္ကဒေးမီးယား(ခေါ်)ချောကလက်သီး

Mon, 08/14/2023 - 10:29 -- journal_editor

မက္ကဒေးမီးယားအပင်သည် သြစတြေးလျနိုင်ငံမှ စတင် ပေါက်လာခြင်းဖြစ်သည်။ မက္ကဒေးမီးယားကို စိုက်ပျိုးရန် နည်းလမ်းနှစ်မျိုးသာရှိကြောင်း သိရပြီး အစေ့မှ ရိုးရိုးစိုက်ပျိုး ခြင်းနှင့် ကိုင်းဆက်စိုက်ပျိုးခြင်းဟူ၍ရှိသည်။ အစေ့မှ စိုက်ပျိုး မည်ဆိုလျှင် အစေ့အဆန်ရဖို့  ခုနစ်နှစ်ခန့်  အနည်းဆုံးကြာနိုင် သည်။ ကိုင်းကူး ကိုင်းဆက်နည်းက နှစ်နှစ်လျှင် အသီး သီးနိုင် ပါသည်။ 

Pages

Subscribe to RSS - ကုန်စည်သတင်းများနှင့်ဈေးနှုန်းသတင်း