စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် နိုဝင်ဘာ ၁၃ ရက် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၅ နိုင်ငံအနက် ဖင်လန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီးLatvia နိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်း၊ ဟန်ဂေရီနိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင် နှုန်းနှင့် ပိုလန်နိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိကြောင်း သိရသည်။