ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်းလေးထောင်ကျော်ရှိလာ
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၈၂၆ ဒသမ ၉၈၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်ကန်ဒေါ်လာ ၇၇၂၂ သန်းဝန်းကျင်နဲ့ သွင်းကုန် ကန်ဒေါ်လာ ၁၂၁၀၄ သန်းကျော်ဖြစ်ပါတယ်။ ထို့အတွက် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာသန်း ၄၃၈၀ ကျော်ပြနေပါတယ်။ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၀၃၂ သန်းကျော်လျော့နည်းခဲ့တာတွေ့ရပါ တယ်။ ပို့ကုန်လျော့နည်းရခြင်းမှာ ဆန်၊ ပြောင်း၊ နှမ်း၊ ပဲအမျိုးမျိုး (ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲကတ္တီပါ၊ ပဲဖြူလေး၊ ဘိုကိတ်ပဲ၊ ပဲနီကြား၊ မြေပဲဆံ) တို့အပို့ လျော့ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ တစ်ဖက်မှာ ပင်လယ်ရေကြောင်း တင်ပို့မှုနဲ့ နယ်စပ်တင်ပို့မှုကို နှိုင