ပြည်ပွဲရုံများသို့ ဝင်ရောက်သော ကြက်သွန်များ ဆက်လက်ဈေးမြင့်
ယခုအောက်တိုဘာ တတိယပတ် ပြည်ကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီဈေးများ တဖြည်းဖြည်းဈေးတက်လာခဲ့ပါတယ်။ ဒေသထွက် ကြက်သွန်နီတွေကတော့ တောင်သူတွေထံမှာ စက်တင်ဘာလက ထဲက လက်ကျန်မရှိတော့ဘဲ နယ်ဘက်ကသာ ဝင်ရောက်လာမှုဖြင့် ပွဲရုံများတွင် ပခုက္ကူ၊ ဆိပ်ဖြူစများသာ အရောင်းအဝယ်ပြုလုပ်နေပါတယ်။ နယ်ဘက်သို့လည်း ရခိုင်နဲ့ မြဝတီဘက်မှ ကုန်သည်များကလည်း တိုက်ရိုက်အဝယ် ဆင်းေ ကြာင်း သိရပါ တယ်။ နယ်မှာ ကြက်သွန်နီဈေးတွေ မြောက်နေတာကြောင့် ပြည်ပွဲရုံများသို့ ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာ ဒေသတွေမှာလည်း စားသုံးသူများ ဈေးကြီးပေးကာ သုံးစွဲနေရခြင်းဖြစ်ပါတယ်။