Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

ပန်းတနော်ဒေသထွက် သင်ဖြူးဖျာလုပ်ငန်း၏ ဈေးကွက်ရရှိမှု

Mon, 07/03/2023 - 13:10 -- journal_editor

ပန်းတနော်မြို့နယ်သည်  မြို့ပေါ်ရပ်ကွက် လေးရပ် ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုရှိသည်။ စိုက်ပျိုး ရေးလုပ်ငန်းများဖြစ်သော စပါး၊ ပဲ၊ ပြောင်းကို အဓိကထားစိုက် ပျိုးပြီး ဟင်းသီးဟင်းရွက်နှင့် အခြားသော စိုက်ပျိုးရေးထုတ် ကုန်များ၊ အစားအသောက်  ထုတ်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်လျက်ရှိသော မြို့ဖြစ်သည်။

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်ရော်ဘာဈေးကွက်

Mon, 06/05/2023 - 14:06 -- journal_editor

မော်လမြိုင်မြို့၌ ဇွန်လပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်  ပုံမှန်ရှိနေပြီး   ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရ သည်။ ဈေးကွက်ထဲအရောင်းအဝယ်  ပုံမှန်ဖြစ်နေသောဈေးမှာ  ယခု အပတ်တွင် ကြံ့နှစ်ကောင်(အနီ)  ကျပ် ၁၂၀ဝ၀၊ ဆင် (ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၁၂၀ဝဖြင့်  အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေကာ  ဈေးနှုန်းအနည်းငယ် မြင့်တက်လာ ကြောင်း သိရှိရသည်။ 

မြန်မာ့စိန်တလုံး သရက်သီးများ စင်ကာပူသို့ ရောက်ရှိ

Mon, 06/05/2023 - 11:57 -- journal_editor

ကျောက်ဆည်ခရိုင်  စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှု မှသည် ဈေးကွက်တင်ပို့ရောင်းချမှု အခြေအနေများအား သိရှိ နိုင်ရေးအတွက် စဉ့်ကိုင်မြို့နယ် ပလိပ်ရှိ သဇင်နွယ် သရက် ခြံ၌ ပိုင်ရှင်ဖြစ်သူ ဒေါ်သန်းသန်းဆွေနှင့်တွေ့ဆုံ၍ သရက်သီး များ၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းခဲ့ သည်။ 

ဗန်းမော်မြို့၌ လိုင်ချီးသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ

Tue, 05/23/2023 - 14:34 -- journal_editor

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ဒေသအခေါ် (လိုင်ချီးသီး/တရုတ်ဆီးသီး/ လေချုသီး)များ လှိုင်လှိုင်ထွက် ပေါ်နေပြီး ယခင်နှစ်ထက်ပို၍ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။
ယခုမေလမှစတင်၍ အသီးများရင့်မှည့်လာသဖြင့် ဈေးများ၊ လူစည်ကားရာ နေရာများတွင် ပေါ်ဦးပေါ်ဖျား လိုင်ချီးသီး အလုံး ၅၀ ခန့်ပါတစ်တွဲလျှင် ၂၀ဝ၀ ကျပ်မှ ၂၅၀ဝ ကျပ်ထိ ဈေးရရှိနေကြောင်း၊  ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဒေသအခေါ် ၁၇ မိုင်(ဂွယ်ကထောင်ကျေးရွာ ) ရှိ လိုင်ချီးသီးမှာ အသားထူချိုမွှေးပြီး အစေ့သေးသောကြောင့် စားသုံးသူများ ပိုမိုဝယ်ယူစားသုံး လျက်ရှိပြီး ဈေးကွက်တွင် ပိုမိုရောင်းအားကောင်းလျက်ရှိသည်။

မြန်မာ့ချုပ်ထည်များကိုMade In Myanmar အဖြစ် ဥရောပဈေးကွက် တင်ပို့နိုင်ရန် အဆင့်မြှင့်တင်နေ

Tue, 05/23/2023 - 14:02 -- journal_editor

မြန်မာနိုင်ငံ    အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)အနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်အထည် များကိုMade In Myanmar ထုတ်ကုန်အဖြစ်   ဥရောပဈေး ကွက်သို့ တင်ပို့နိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းအတွက် လက်ရှိတွင် မြန်မာ့အထည်ချုပ်ကဏ္ဍ အနေဖြင့် ဥရောပဈေးကွက်၌  နိုင်ငံတကာဝယ်လက်အဖြစ် Platform တစ်ခုကို ခိုင်မာစွာ တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ခရိုင် မိုးစပါးဈေးနှုန်းဈေးကွက် အခြေအနေ

Tue, 12/13/2022 - 12:15 -- journal_editor

ပြည်ခရိုင်တွင် မိုးစပါးစိုက်ဧကမှာ ၂၂၆၄၉၆ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၄၆၄၂ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၃ ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၄ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ ဧက စိုက်ပျိုးပြီးဖြစ်သည်။  စိုက်ပျိုးသော စပါး မျိုးများမှာ အင်းလယ်၊ ဆင်းသွယ်လတ်၊ မနောသုခ၊ ကျော်ဇေယျ၊ ဧရာမင်း၊ မှော်ဘီ၊ အင်းမရဲဘော်နှင့် ထိုင်းနှံကောက် စပါးမျိုးများဖြစ်သည်။ ယခုအချိန်တွင် ဧက ငါးသောင်းကျော် ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့် ပျမ်းမျှ တင်း ၇၀ ခန့်ထွက်သည်ဟု သိရသည်။

ရွှေဘိုမြို့တွင် အာတာလွတ်ဥများ အရောင်းအဝယ်ဖြစ်လျက်ရှိ 

Tue, 12/13/2022 - 12:02 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ ဈေးကြီးအနီးပတ်ဝန်းကျင်နှင့် မြို့တွင်းရှိနေရာအသီးသီးတွင် ဆောင်းရာသီပေါ် အာတာလွတ်ဥများ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရသည်။ 

မော်လမြိုင်ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 12/13/2022 - 11:16 -- journal_editor

မော်လမြိုင်မြို့၌  ဒီဇင်ဘာလပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၃၀ဝ၊ ဆင် (ထိုင်း) ကျပ် ၁၄၀ဝ၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၁၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေဈေးနှုန်းများ

Fri, 12/09/2022 - 13:08 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ဈေးကွက်တွင် နိုဝင်ဘာလစတုတ္ထပတ်၌ ဓာတ်မြေသြဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50) kg တစ်အိတ်လျှင် ကျပ် ၉၇၀ဝ၀ ၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင် ကျပ် ၁၉၀ဝ၀ ၊ ယူရီ ယား(မြင်းပျံ) (50)kg  တစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀၊ တီဆူပါ (may)  (50)kg တစ်အိတ်လျှင် ကျပ် ၁၉၀ဝ၀ ၊   ချာန (သုံးမျိုးစပ်) 50 kgတစ်အိတ်လျှင် ကျပ် ၁၄၂၀ဝ၀ တို့ ဖြစ်သည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေသြဇာဈေးနှုန်းများ မှာ ပုလဲ(၄၆%)  (50)kg တစ်အိတ်လျှင် ကျပ်၁၃၂၅၀ဝ၊   ကွန်ပေါင်း(၁၅ပတ်လည်) တစ်အိတ်လျှင် ကျပ် ၁၂၄၄၀ဝ၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် ကျပ် ၁၂၄၄၀ဝ တို့ဖြစ်သည်။ 

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးကွက်

Tue, 11/01/2022 - 14:55 -- journal_editor

မော်လမြိုင်မြို့၌ ယခု အောက် တိုဘာလ တတိယပတ်တွင် ဘိလပ်မြေ ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိ နေပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလာ ကြောင်း သိရှိရသည်။
ဈေးကွက်ထဲ  အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ    ယခင်တစ် ပတ်တွင်    ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၀၅၀ဝ၊   ဆင်(ထိုင်း) ကျပ် ၁၅၀ဝ၀၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၉၃၀ဝ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀ဝ၊ဆင်(ထိုင်း)ကျပ် ၁၄၀ဝ၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၂၀ဝ နှင့် အရောင်းအဝယ်ဖြစ်နေသည်။
မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးမှာ  ဈေးနှုန်းအနည်း ငယ်ကျလာပြီး အရောင်းအဝယ် အေး နေကြောင်း သိရှိရသည်။

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း