Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

မွန်ပြည်နယ် ရော်ဘာဈေးနှုန်းဈေးကွက်

Wed, 10/19/2022 - 10:48 -- journal_editor

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့်အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ရော်ဘာဈေးနှုန်းမှာယခင်နှစ်အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ်၁၂၀ဝခန့် ဈေးနှုန်းရရှိခဲ့ပြီး ယခုအောက်တိုဘာ ဒုတိယပတ် တွင် RSS-3 တစ်ပေါင်လျှင် ကျပ်၁၄၅၀ပေါက်ဈေးဖြစ်ပေါ်နေသည်။ ယခင်တစ်ပတ်ဈေးနှုန်းRSS-3 တစ်ပေါင်လျှင် ကျပ် ၁၁၂၀ နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကRSS-3 တစ်ပေါင်လျှင် ၃၅၀ ကျပ်ခန့် ဈေးနှုန်းတက်ပြီး ယခင်နှစ် အလားတူကာလ RSS-3  တစ်ပေါင်လျှင် ၁၀၈၀ကျပ် နှင့်နှိုင်းယှဉ်ပါက  ယခင်နှစ်ဈေးနှုန်းထက်RSS-3  တစ်ပေါင်လျှင်၃၇၀ ကျပ်ခန့် ဈေးနှုန်းတက်လာကြောင်း သိရှိရသည်။
အောင်မြင့်မြတ် (မွန်)

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သောင်းခြောက်ထောင်ကျော် တင်ပို့

Fri, 12/18/2020 - 13:45 -- journal_editor

ဒီဇင်ဘာလ ၅ ရက်မှဒီဇင်ဘာလ ၁၁ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၅၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၁၂၉၀၀ကျော်တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများအနေဖြင့် မြန်မာ- တရုတ်နယ်စပ်များဖြစ်သော မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၈၈၅၀ နီးပါး၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၄၈၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှဆန်တန်ချိန် ၁၄၁၀ ခန့်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၅  ခန့်နှင့်တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀၀ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၉၀၀ကျော်လျော့နည်းတင်ပို့န

ဒီဇင်ဘာလအတွင်း မူဆယ်မှတရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Fri, 12/18/2020 - 11:26 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျက်ရှိရာ ဒီဇင်ဘာလ(၈.၁၂.၂၀၂၀ မှ ၁၄.၈.၂၀၂၀)ရက်နေ့အတွင်း ဖရဲသီးတင်ပို့မှု၈၀၉ စီး၊ ၁၁၇၃၈ ဒသမ ၅၀ တန်နှင့် သခွားမွေး ၆၀ စီး၊ ၆၁၈.ဝ၀ တန်တင်ပို့နိုင်ခဲ့ပါသည်။

သစ်သီးဝလံတင်ပို့မှုမှာ ဒီဇင်ဘာလပထမပတ်တွင် ဖရဲသီးတင်ပို့မှု ၆၇၆၀ ဒသမ ၅၀ တန်နှင့် သခွားမွေးတင်ပို့မှု ၃၅၅ ဒသမ ၅၀ တန်တင်ပို့ပါသဖြင့် ဒီဇင်ဘာလဒုတိယပတ်တွင် ဖရဲသီးတင်ပို့မှု ၄၉၇၈.ဝ၀ တန်နှင့် သခွားမွေး တင်ပို့မှုတွင် ၂၆၂ ဒသမ ၅၀ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါသည်။

တင်ပို့မှုပိုပြီးဈေးအနည်းငယ်ကျလာသောနှမ်း

Fri, 12/18/2020 - 11:08 -- journal_editor

ဒီဇင်ဘာလ၆ရက်မှ ၁၂ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၄၄၅ ဒသမ ဝ၇၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၂၈၇၂၅ဒသမ ၈၄ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ငါးနိုင်ငံရှိပြီး  ဂျပန်၊တရုတ်၊ထိုင်း၊ထိုင်ဝမ်နှင့်စင်ကာပူနိုင်ငံတို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံဖြစ်ပြီး တန်ချိန် ၂၂၇ ဒသမ ၂၀၃ ၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၄၃၀၁၂ ဒသမ ၃၄  ဖြစ်ပြီး အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကာ တန်ချိန် ၁၈ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၀ဝ၀ ဖြစ်ကြောင်းသိရသည်။

တင်ပို့မှုပိုပြီးဈေးအနည်းငယ်တက်လျက်ရှိသောမတ်ပဲ

Fri, 12/18/2020 - 11:06 -- journal_editor

ဒီဇင်ဘာလ ၆ ရက်မှ သြဂုတ်လ ၁၂ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၃၈၉၆ ဒသမ ၁၈၄ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၄၅၇၄၆၀ ဒသမ ဝ၁ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

ယခုတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်အ၀င်လျော့

Thu, 12/17/2020 - 14:44 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၁၆၆၃၂၅၈ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၂၉၀၁၇ ဒသမ ၆၀  တန်နှင့် အမေရိကန်ဒေါ်လာ ၁၈၉၉၇၇၄ ဒေါ်လာ တန်ဖိုးရှိ ဓာတ်ဆီ ၄၇၉၈ ဒသမ ၇၇ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၃၃၈၁၆ ဒသမ ၃၇ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၅၈၈၁၇ ဒသမ ၅၉ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၂၉၇၉၉ ဒသမ ၉၉ တန်တင်သွင်းမှုလျော့နည်းခဲ့သလို ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၄၄၃၉၉ ဒသမ ၇၃ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင်  ၃၉၆၀၀ ဒသမ ၉၆ တန်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။  ထို့ကြေ

နို့ဆီတန်ချိန် ၆၀၀ကျော်နှင့်နို့မှုန့်တန်ချိန်၂၀ ကျော်တင်သွင်း

Thu, 12/17/2020 - 14:42 -- journal_editor

ဒီဇင်ဘာ ၆  ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၁၄၁၁၂ ဒေါ်လာ တန်ဖိုးရှိ နို့ဆီ ၆၃၃ ဒသမ ၃၈၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ ၁၉၅ ဒသမ ၆၂၄ တန်နှင့် စင်ကာပူနိုင်ငံမှ ၄၃၇ ဒသမ ၇၆ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။

တင်သွင်းခဲ့သည့်တံဆိပ်များမှာ တီးပေါ့(ပ်)၊ အိုကေ၊ ဒွန်းနှင့်Hawk တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ ၃၂၈ ဒသမ ၃၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၀၅ ဒသမ ၀၆၄ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

ယခုတစ်ပတ်မြေသြဇာတန်ချိန် ၈၀၀၀ နီးပါးသာတင်သွင်း

Thu, 12/17/2020 - 14:41 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၂၀၄၇၃ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၇၉၆၁ ဒသမ ၀၂၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၁၅၁၂ ဒသမ ၅ တန်၊ တရုတ်နိုင်ငံမှ ၂၂၁၇ ဒသမ ၄ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၈၀ တန်၊ အိန္ဒိယနိုင်ငံမှ သုည ဒသမ ၀၀၃၂၆ တန်၊ ကိုရီးယားနိုင်ငံမှ ၁၅၃၁ ဒသမ ၁၂ တန်၊ မလေးရှားနိုင်ငံမှတန်ချိန် ၁၂၅၀ နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၃၇၀ တင်သွင်းခဲ့ကြောင်းသိရသည်။

ချင်းတန်ချိန် ၂၀၀ ကျော်တင်ပို့

Thu, 12/17/2020 - 14:40 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း ချင်း ၂၁၁ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ပါကစ္စတန်နိုင်ငံသို့ ၅၄ တန်၊ အိန္ဒိယနိုင်ငံသို့ ၂၂ တန်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ၁၃၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ချင်း ၂၆ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ချင်း ၁၈၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ချင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၈၅၀-၉၀၀ ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈၆၅၀၀ ဒေါ်လာ ရရှိခဲ့သည်။

သီတာဝင်း(DOT)

နနွင်းပြန်လည်တင်ပို့

Thu, 12/17/2020 - 14:37 -- journal_editor

ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်သီတင်းပတ်အတွင်း နနွင်း ၅၂၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။  ယခုတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၄၀၊ မလေးရှားနိုင်ငံသို့ ၁၆ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ၁၂ ဒသမ ၅ တန်နှင့် အိန္ဒိယနိုင်ငံသို့ ၃၅၅ တန် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က အပို့ပျောက်ခဲ့သည့်နနွင်းက ယခုတစ်ပတ်မှပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့အများဆုံးတင်ပို့ခဲ့သည်။ နနွင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၀၇၅-၁၁၀၀ ၀န်းကျင်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၃၅၅၀ ဒေါ်လာ ၀င်ငွေရရှိခဲ့ကြော

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း