Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

ပြည်ကြက်သွန်နီ အစို့ပေါက်များကြောင့် စျေးနှုန်းများကျဆင်း

Thu, 12/17/2020 - 13:54 -- journal_editor

ယခုတစ်ပတ် ပြည်စျေးကွက်တွင် ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလျက်ရှိနေပါတယ်။ ယခင်အပတ်ကထက် တစ်ပိဿာလျှင် ပျမ်းမျှလက်လီရော လက်ကားပါကျပ် ၁၅၀ခန့် ကျဆင်းသွားပါတယ်။ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းဘက်မှ ကြက်သွန်နီများ ပိဿာ (၃၀)၀င် အိတ် ၃၀၀ ပတ်လည်ခန့်နေ့စဉ်၀င်ရောက်မှုရှိနေပါတယ်။ ၀င်ရောက်လာတဲ့ ကြက်သွန်နီများမှာအစို့များထွက်၍ အရည်အသွေးမကောင်းသဖြင့် စျေးနှုန်းများချိုသာသော်လည်း အရောင်းအ၀ယ်မှာအေးနေပါတယ်။ အစို့များထွက်သဖြင့် အထားမခံသောကြောင့် အ၀ယ်မလိုက်ဘဲ  မဖြစ်မနေအသုံးပြုရသည့် အစားအသောက်ချက်ပြုတ်ရောင်းချသူများသာ ၀ယ်ယူလျက်ရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်အေးသဖြင့် ပြည်စျေးကွက်အတွင်း ပစ္စည်းလ

ပြည်စျေးကွက်တွင် လုံးဆန်နီ နှင့် ဆီဆန်အနီစျေးအနည်းပြန်ကျလာ

Thu, 12/17/2020 - 13:53 -- journal_editor

ယခုအပတ် ပြည်စျေးကွက်တွင် မြေပဲဆန် လုံးဆန်နှင့်ဆီဆန် (အနီ) နှစ်မျိုးစလုံး စျေးကျလာ တာတွေ့ရပါတယ်။  မြေပဲဆန် (အဖြူ)သာယခင်အပတ်ကအတိုင်းစျေးငြိမ်နေပေမယ့် အရောင်းအ၀ယ်မှာ ပုံမှန်ဖြစ်လျှက်ရှိပါတယ်။  ၀င်ရောက်မှုမှာ လုံးဆန်ကို အိတ် (၂၀၀-၃၀၀)ခန့်အ၀င်ရှိသလို ဆီဆန်မှာ အိတ် (၃၀၀-၄၀၀) ခန့် ၀င်ရောက်လာတယ်လို့သိရပါတယ်။ ဆီဆန်ကို မြို့တွင်းဆီစက်များကအ၀ယ်ရှိလို့ အရောင်းအ၀ယ်ဖြစ်သလို လုံးဆန်ကိုရန်ကုန်နှင့်ပုသိမ် ၀ယ်လက်များက အ၀ယ်ရှိတာသိရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်အဖြူ မှာ တစ်ပိဿာလျှင် ၂၄၅၀ ကျပ်၊  လုံးဆန် အဖြူ တစ်ပိဿာလျှင် ၂၈၅၀ ကျပ်ဖြင့် ယခင်အပတ်ကလို စျေးငြိမ်နေပြီး၊ ဆီဆန်အနီမှာ ၂၃၀၀

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော်တင်ပို့

Fri, 12/04/2020 - 13:28 -- journal_editor

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်များမှ  အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၄၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၃၄၆၀ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၈၂၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၁၀၆၀ ကျော်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၂၅  ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၉၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ မြဝတီ ကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၀ သန်းတန်ဖိုးရှ

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော်တင်ပို့

Thu, 11/26/2020 - 10:59 -- journal_editor

နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၄၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၂၆၈၀ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၁၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၇၀ ခန့်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၇၅ တန်ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၉၀၀၀ ကျော် လျော့နည်းတင်ပို့နိုင်ခဲ့ပါသည်။  မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာသုည ဒသမ ၂၅၃ သန်းတန်ဖိုးရှ

ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၁၁၀၀၀၀ ကျော်တင်သွင်း

Wed, 11/25/2020 - 14:45 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၆၅၈၇၁၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၅၃၀၄၃ ဒသမ ၈၄ တန်ကိုလည်းကောင်း ၊ အမေရိကန်ဒေါ်လာ ၂၀၈၄၄၆၆၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၆၅၈၃၇ ဒသမ ၆၅ တန်၊ စုစု ပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၁၈၈၈၃ ဒသမ ၄၉ တန်ကိုပင်လယ်ရေကြောင်း လမ်းမှတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ် ၃၂၆၉၃ ဒသမ ၇၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၃၁၄၃ ဒသမ ၉၃ တန်တင်သွင်းမှုပိုခဲ့သလို ယခင်သီတင်းပတ်က ဓာတ်ဆီ ၂၅၉၇၀ ဒသမ ၄၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇၀၇၃ ဒသမ ၄၄ တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ်

နို့ဆီတန်ချိန် ၄၀ ကျော်နှင့် နို့မှုန့်တန်ချိန် ၂၀၀ ကျော် တင်သွင်း

Wed, 11/25/2020 - 14:44 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၉၃၀၀ တန်ဖိုးရှိ နို့ဆီ ၄၈ ဒသမ ၃၃၆ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်ဒွန်းနို့ဆီတစ်မျိုးတည်းသာ တင်သွင်းခဲ့သည်။ ယခင် သီတင်းပတ်ကနို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၇၃ ဒသမ ၉ တန်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

မြေသြဇာတန်ချိန် ၂၀၀၀၀ ကျော်တင်သွင်း

Wed, 11/25/2020 - 14:43 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၆၂၁၆၀၀ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၂၂၈၆၃ ဒသမ ၀၆၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှတင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၃၆၉၇ ဒသမ ၆၀ တန်၊ အီဂျစ်နိုင်ငံမှ ၈၇၉ ဒသမ ၁၈၈ တန်၊ ဂျာမနီနိုင်ငံမှ ၆၇၂ ဒသမ ၂၂၅ တန်၊ အိန္ဒိယနိုင်ငံမှ ၈တန်၊ အီရန်နိုင်ငံမှ ၁၅၀၅ တန်၊ ဂျော်ဒန်နိုင်ငံမှ ၁၈၉ ဒသမ ၆၀ တန်၊ မလေးရှားနိုင်ငံမှ ၁၅၁၈၈ ဒသမ ၇၃ တန်၊ နော်ဝေနိုင်ငံမှ ၂၂၂ ဒသမ ၇၂ တန်နှင့် ဗီယက်နမ်နိုင်ငံမှတန်ချိန် ၅၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။ 

ဘိလပ်မြေပြန်လည်တင်သွင်း

Wed, 11/25/2020 - 14:40 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၅၅၂၃ ဒေါ်လာတန်ဖိုးရှိ ဘိလပ်မြေ ၂၅၂ ဒသမ ၂၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ နို၀င်ဘာလဆန်းပိုင်းမှစပြီး တင်သွင်းမှုရပ်နားခဲ့သည့် ဘိလပ်မြေက ယခုတစ်ပတ်မှ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ် ထိုင်းနိုင်ငံမှ တန်ချိန် ၁၅၀ နှင့် မလေးရှားနိုင်ငံမှ ၁၀၂ ဒသမ ၂၄ တန်တင်သွင်းခဲ့ကြောင်း သိရသည်။

 သီတာဝင်း(DOT)

ယခုတစ်ပတ် ချင်းတင်ပို့မှုလျော့

Wed, 11/25/2020 - 14:38 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ချင်း ၂၉ တန်ကို ပါကစ္စတန်နိုင်ငံ သို့ ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။  ယခင်သီတင်းပတ်က ချင်း ၇၅ တန် တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ချင်း ၄၆ တန် တင်ပို့မှုလျော့နည်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ချင်းခြောက်လည်း တင်ပို့ခဲ့သည်။ ချင်းခြောက်ကတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ဒေါ်လာ ရရှိခဲ့ပြီး ရိုးရိုးချင်းက အမေရိကန် ဒေါ်လာ ၄၅၀ ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ချင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၉၆၅၀ ဒေါ်လာရရှိခဲ့သည်။

 သီတာဝင်း(DOT)

ယခုတစ်ပတ်နနွင်းစျေးတက်ခဲ့

Wed, 11/25/2020 - 14:37 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း နနွင်း တန် ၅၀ ကို အိန္ဒိယနိုင်ငံသို့ ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က နနွင်း ၃၅ တန် တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် နနွင်း ၁၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန်အမေရိကန်ဒေါ်လာ ၁၀၈၀ ကျော်ရရှိခဲ့သည်။ ယခင်သီတင်းပတ်များက နနွင်းတစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၈၀၀ ၀န်းကျင်သာ ရရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ် နနွင်းစျေး တက်လာကြောင်းသိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ  ၅၄၃၅၇  ဒေါ်လာ ၀င်ငွေရရှိခဲ့ကြောင်းသိရသည်။

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း