Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

တင်ပို့မှုလျော့ပြီးဈေးကောင်းလာသောနှမ်း

Wed, 11/25/2020 - 14:05 -- journal_editor

နိုဝင်ဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၆၉ ဒသမ ၁၈၂၊ တန်ဖိုး အမေရိကန်ဒေါ်လာ၂၇၆၅၀၁ ဒသမ ၁၂ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ၂ နိုင်ငံရှိပြီး  ထိုင်ဝမ်နှင့်စင်္ကာပူနိုင်ငံတို့ဖြစ်သည်။ အများဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်၍ တန်ချိန် ၉၃ ဒသမ ၂၃၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၆၃၁၅ ဒသမ ဝ၂ ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့ သောနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံဖြစ်၍ တန်ချိန် ၇၅ ဒသမ ၉၄၇ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀၁၈၆ ဒသမ ၁၀ ဖြစ်ကြောင်းသိရသည်။

မတ်ပဲတင်ပို့မှုပိုသော်လည်းဈေးကျ

Wed, 11/25/2020 - 14:04 -- journal_editor

နိုဝင်ဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၃၇၀၈ ဒသမ ၁၉၁၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၇၈၉၃၂၇ ဒသမ ၄၃ တင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။

မြိတ်မြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း

Tue, 11/24/2020 - 13:40 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများ သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ၂၀၂ဝခုနစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြိတ်မြို့နယ် အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေး ဆိုင်ရာ သတိပေးချက်နှင့်အညီ ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကွင်းဆင်း ခဲ့ကြပါသည်။   

တင်ပို့မှုလျော့ပြီးဈေးအနည်းငယ်ပိုလာသောနှမ်း

Thu, 11/19/2020 - 15:05 -- journal_editor

နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၄၀၅ ဒသမ ဝ၁၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁၂၇၇၅ ဒသမ ၇၄ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

            တင်ပို့ခဲ့သောနိုင်ငံများမှာ ၅ နိုင်ငံရှိပြီး ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံဖြစ်၍ တန်ချိန် ၁၆၁ ဒသမ ဝ၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၄၀၇၅ ဖြစ်ပြီး၊ အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်၍ တန်ချိန် ၇၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၇၈၀ဝ ဖြစ်ကြောင်းသိရသည်။

တင်ပို့မှုပိုပြီးဈေးငြိမ်နေသောမတ်ပဲ

Thu, 11/19/2020 - 15:04 -- journal_editor

နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၉၀၁၃ ဒသမ ၁၈၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅၉၅၆၂၅ ဒသမ ၉၉ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၆၀၀၀၀ နီးပါး ကျော်တင်သွင်း

Thu, 11/19/2020 - 14:19 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၁၁၅၈၁၇၈၀ ဒေါ်လာ တန်ဖိုးရှိ ဒီဇယ် ၃၂၆၉၃ ဒသမ ၇၂ တန်နှင့် အမေရိကန်ဒေါ်လာ ၈၀၇၃၁၀၁ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၂၅၉၇၀ ဒသမ ၄၀ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၅၈၆၆၄ ဒသမ ၁၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၈၂၃၆၇ ဒသမ ၅၃ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၄၉၆၇၃ ဒသမ ၈၁ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၄၃၁၆၀ ဒသမ ၃၀ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှု နှင့်နှိုင်းယှဉ်လျှင် ၁၇၁၈၉ ဒသမ ၉၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်နှင့်

ယခုတစ်ပတ်နို့ဆီတစ်မျိုးတည်းသာအ၀င်ရှိခဲ့

Thu, 11/19/2020 - 14:18 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၀၅၅ တန်ဖိုးရှိ နို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ တင်သွင်းခဲ့သည့် တံဆိပ်များမှာ ပက်ပ်နှင့် Hawk တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီတန်ချိန် ၆၂၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၉၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် နို့ဆီတစ်မျိုးတည်းသာ အ၀င်ရှိခဲ့ပြီး နို့မှုန့်က တင်သွင်းမှု မရှိခဲ့ကြောင်းသိရသည်။

           သီတာဝင်း(DOT)

မြေသြဇာတန်ချိန် ၄၀၀၀ နီးပါးတင်သွင်း

Thu, 11/19/2020 - 14:17 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၈၆၆၉၂ တန်ဖိုးရှိ မြေသြဇာ ၃၈၅၁ ဒသမ ၆၅ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ ၁၇၁၆ တန်၊ ပြင်သစ်နိုင်ငံမှ ၄၇ ဒသမ ၀၇ တန်၊ ဂျာမနီနိုင်ငံမှ ၈၄ ဒသမ ၀၃ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၆ တန်၊ ဂျပန်နိုင်ငံမှ ၂၀၄ ဒသမ ၈တန်၊ လာအိုနိုင်ငံမှ ၃၁၂ တန်၊ မလေးရှားနိုင်ငံမှ ၃၁၅ တန်၊ နော်ဝေနိုင်ငံမှ ၃၄၇ ဒသမ ၂ တန်၊ ပိုလန်နိုင်ငံမှ ၁၆၈ တန်နှင့် ထိုင်းနိုင်ငံမှ ၆၅၁ ဒသမ ၅၅ တန် တင်သွင်းခဲ့ကြောင်းသိရ သည်။

နိုဝင်ဘာလအတွင်း မူဆယ်မှ တရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Thu, 11/12/2020 - 15:54 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျက်ရှိရာနိုဝင်ဘာ ၁ ရက်မှ ၁၀ ရက်ထိ သခွားမွေးတင်ပို့မှု(လုံးဝ)မရှိသော်လည်း၊ ဖရဲသီးတင်ပို့မှု ၅၂၆ စီး၊ ၇၇၉၁ တန် တင်ပို့နိုင်ခဲ့သည်။

အောက်တိုဘာလ နောက်ဆုံးပတ် ဖရဲသီးတင်ပို့မှုမှာ ၆၇၁၀ တန်ဖြစ်ပြီး နိုဝင်ဘာလ ပထမပတ် (၁.၁၁.၂၀၂၀ မှ ၇.၁၁.၂၀၂၀)ရက်ထိ တင်ပို့မှုမှာ ၅၅၅၆ ဒသမ ၅၀ တန်ဖြစ်သဖြင့် နိုဝင်ဘာလပထမပတ် တင်ပို့မှု ၁၁၅၃ ဒသမ ၅တန် လျှော့နည်းခဲ့သည်။

အောင်လံကုန်စည်ဒိုင်တွင် ပဲစင်းငုံစျေးအနည်းငယ်ကျ

Thu, 11/12/2020 - 15:10 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင်နိုဝင်ဘာ ၁၁ ရက်တွင် ပဲစင်းငုံ ထိပ်စ ပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၂၈၀ဝ၀ ပဲစင်းငုံအောက်စ ပိဿာ ၂၀တစ်တင်းလျှင် ကျပ် ၂၇၀ဝဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း