Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခုနစ်သောင်းကျော်တင်ပို့

Thu, 11/12/2020 - 14:21 -- journal_editor

အောက်တိုဘာ ၃၁ ရက်မှနိုဝင်ဘာ ၆ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်များမှ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၂၂၁၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့် စုစုပေါင်း တန်ချိန် ၂၂၄၅၀ နီးပါးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၇၇၁ သန်းတင်ပို့ခဲ့ကြောင်း သိရသည်။  မြဝတီကုန်သွယ်ရေးဇုန် မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၇၉၀ ခန့်တင်ပို့နိုင်ခဲ့ပါ သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၈၀၀၀ နီးပါးပိုမိုတင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

နနွင်းတန်ချိန် ၄၀ ကျော်တင်ပို့

Wed, 11/11/2020 - 14:46 -- journal_editor

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း နနွင်း ၄၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့ ၂၈ တန်နှင့် မလေးရှားနိုင်ငံသို့ ၁၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နနွင်း ၇၅ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင် ပို့မှုနှင့်နှိုင်းယှဉ်လျှင် နနွင်း ၃၂ တန် တင်ပို့မှုလျော့နည်းခဲ့သည်။ နနွင်းတစ်တန်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇၈၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၈၇၅ ဒေါ်လာရရှိခဲ့သည်။

သီတာဝင်း(DOT)

ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်ဖြစ်ပေမယ့် နှမ်းနက်နှင့် စမုံနက်နှမ်းစျေး အနည်းငယ်ပြန်ကျလာ

Wed, 11/11/2020 - 13:01 -- journal_editor

ယခုတစ်ပတ် ပြည်စျေးကွက်သို့ မြန်အောင်၊ မိုးညိုနှင့် နတ်တလင်းဘက်မှ တစ်ပတ်လျှင် ၂၅ ပိဿာ၀င်အိတ် ၁၀၀၀ ခန့်၀င်ရောက်မှုရှိတာတွေ့ရပါတယ်။  မန္တလေး၀ယ်လက်များက စမုံနက်နှမ်းနှင့် နှမ်းနက်ကိုအ၀ယ်ရှိပြီး နှမ်းနီကို မြို့တွင်းဆီစက်သမားများကအ၀ယ်ရှိလို့  အရောင်းအ၀ယ်မှာ ၀င်သလောက် အရောင်း အ၀ယ်ဖြစ်တာတွေ့ရပါတယ်။  ယခုအပတ် နှမ်းစျေးများမှာ နှမ်းနီသုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၀၈၀၀၀ ဖြင့် ယခင်အပတ်ကအတိုင်း စျေးငြိမ် နေပြီး နှမ်းနက်သုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ နှင့် စမုံနက်နှမ်းသုံးတင်း၀င်တစ်အိတ်လျှင်ကျပ် ၁၈၀၀၀၀ ဖြင့် ယခင်အပတ်ထက် စျေးလျော့လာတာတွေ့ရပါတယ်။ နှမ်းဆီစျေးကတော့ တစ်ပိဿာလျှင် ကျပ် ၆

၀ယ်လက်များကြောင့် ပြည်မြေပဲဆန်ပုံမှန်အရောင်းအ၀ယ်ဖြစ်

Wed, 11/11/2020 - 12:41 -- journal_editor

ယခုအပတ် ပြည်စျေးကွက်သို့ ပြည်-အောင်လံကြား​ကျေးရွာများနှင့် ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ တစ်ပတ်လျှင် မြေပဲဆန်အိတ် ၂၅ ပိဿာ၀င် ၂၀၀၀ ခန့် ၀င်ရောက်လျက်ရှိတာတွေ့ရပါတယ်။ လုံးဆန်အဖြူကို မန္တလေး ၀ယ်လက်များနှင့် မြ၀တီဘက်ကအ၀ယ်ရှိပြီး လုံးဆန်အနီကို မြို့တွင်းပဲလှော်ဖို သမားများက အ၀ယ်ရှိတာတွေ့ရပါတယ်။  ဆီဆန်ကို မကွေးဆီစက်များနှင့် မြို့တွင်းဆီစက်သမားများက အ၀ယ်ရှိတယ်လို့လည်းသိရပါတယ်။  ယခု အပတ် မြေပဲဆန်စျေးများမှာ ဆီဆန်တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ၊ လုံးဆန်အဖြူတစ်ပိဿာလျှင် ကျပ် ၂၆၀၀ နှင့် လုံးဆန်အနီတစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြင့် ယခင်အပတ်ကအတိုင်းစျေးငြိမ်ပြီး ၀င်ရောက်မှုရှိသလောက် အရောင်း အ၀

ပြည်ပဲစျေးကွက်အတွင်း မတ်ပဲသီးနှံ စျေးလျော့သွားပေမယ့် ပဲတီစိမ်းသစ်များ စျေးကွက်သို့၀င်ရောက်လာပြီး စျေးကောင်းရနေ

Wed, 11/11/2020 - 12:39 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်မျိုးစုံစျေးကွက်မှာ ဆောင်းပဲသစ်အချို့၀င်ရောက်မှု့ရှိခဲ့သလို လက်ကျန်ပဲများလည်းရှိနေကြတဲ့အတွက် ပဲမျိုးစုံရောင်း၀ယ်လျက်ရှိရာ ဆောင်းပဲတီစိမ်းသစ် ယခုတစ်ပတ်မှာ အရောင်းအ၀ယ်သွက်နေတယ်လို့ သိရပါတယ်။

မတ်ပဲ

မော်လမြိုင်ကုန်စည်ဒိုင်တွင် ရော်ဘာ နှင့် မတ်ပဲဈေးကျလာပြီး ဒေသထွက်ပေါ်ဆန်းနှင့်ဧည့်မထဆန်သစ်များထွက်ရှိ

Tue, 11/10/2020 - 13:29 -- journal_editor

၂၀၂၀ နိုဝင်ဘာ ၉ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ​ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၄၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(ဟောင်း)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၂၀၀၀၊ ပေါ်ကျွဲ ကျပ် ၃၅၀၀၀၊ ပိဿာ၂၀ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ် ၃၆၅၀၀၊ ပဲလွန်းဖြူ ကျပ် ၃၄၀၀၀၊ ဗိုလ်ကိတ် ကျပ် ၂၆၅၀၀၊ ပဲပုပ် ကျပ် ၂၂၄၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီးပန်း ရောင်လက်ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက်ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်

ဘိလပ်မြေဈေးကွက်အခြေအနေ

Fri, 11/06/2020 - 15:00 -- journal_editor

ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးကြောင်းသိရသည်။

တောင်ကြီးဘိလပ်မြေဈေးကွက်၌အရောင်းအဝယ်အေးပြီးဈေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာစိန်(ထိုင်း) ကျပ်၈၀ဝ၀၊ အေသုံးလုံး ကျပ်၅၂၀ဝ၊ အပါချီကျပ်၄၃၀ဝ၊ကမ္ဘောဇကျပ်၄၂၀ဝ၊ ကျားခေါင်းကျပ်၆၂၀ဝ၊နဂါးကျပ်၄၃၀ဝဖြင့်အရောင်းအဝယ်ဖြစ်ကြောင်းအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှစုံစမ်းသိရှိရသည်။

မြေသြဇာဈေးကွက်အခြေအနေ

Fri, 11/06/2020 - 14:56 -- journal_editor

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်မှာ အရောင်းသွက်ပြီး၊တောင်ကြီး၊မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်းသိရသည်။

တင်ပို့မှုလျော့နည်းပြီးဈေးပိုနေသောမတ်ပဲ

Fri, 11/06/2020 - 14:25 -- journal_editor

အောက်တိုဘာ ၂၅ရက်မှ ၃၁ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၉၁၃၈ ဒသမ ၂၆၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄၁၇၆၄၉ ဒသမ ၇၂ တင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၂ နိုင်ငံရှိပြီး ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ နီပေါ၊ နယူးဇီလန်၊ ထိုင်း၊  စင်ကာပူ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဗီယက်နမ်၊ ကာတာနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်သည်။ အများဆုံး တင်ပို့ခဲ့သော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ တန်ချိန် ၆၃၆၂၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၅၇၁၉၁၂၇ ဒသမ ၁၉ ဖြစ်ပြီး အနည်းဆုံး တင်ပို့ခဲ့သောနိုင်ငံမှာ နယူးဇီလန်ဖြစ်၍ တန်ချိန် ၂၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၆၂၀ ဖြစ်ကြောင်းသိရသည်။

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် လေးသောင်းကျော်တင်ပို့

Fri, 11/06/2020 - 14:24 -- journal_editor

အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၇၄၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၄၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရ သည်။  တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၁၄၂၀၀ ကျော် နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၉၀ ကျော်တင်ပို့နိုင်ခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၄၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၅၅၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း