Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

စခန်းစုံမှပြောင်းတင်ပို့

Tue, 06/07/2016 - 15:45 -- journal_editor

         မေ ၂၁ ရက်မှ ၂၇ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၁၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၈၀၀ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည  ဒသမ ၅၂၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၀၅ တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၁၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုး ရှိ ပြော င်းဖူးစေ့ ၈၇ တန်ခွဲကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ယခုတစ်ပတ် မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထားများမှာ ပြောင်းတစ်ပိဿာကို ၆၈-၇၇ ကျပ်ရှိပြီး ယခု တစ်ပတ် အတွင်း ကုန်ပစ္စည်း သယ်ပို့ကားခများမှာ မြင့်တက် လျက်ရှိ

သကြားဈေးကွက် တရုတ်အဝယ်လိုက်

Tue, 06/07/2016 - 15:42 -- journal_editor

           မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်းကန်ဒေါ်လာ ၁၆ ဒသမ ၇၆၃ သန်းတန်ဖိုးရှိ သကြားဖြူ ၂၉၈၇၃ တန်ကျော်နဲ့  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၂ သန်းတန်ဖိုးရှိသကြားဖြူ တန်၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။မေ ၁ ရက်မှ ၂၀ ရက်အတွင်းမှာတော့ မူဆယ်ကုန်သွယ်ရေးဇုန်မှ သကြားဖြူ ၁၃၂၆၄၄ တန် ကျော် တင်ပို့ခဲ့ပြီး လွယ်ဂျယ်စခန်းမှ ယခုသီတင်း ပတ်မှစတင် တင်ပို့နိုင်တာတွေ့ရပါတယ်။တရုတ်ဝယ်လက်ရှိချိန်ဆိုရင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင်သကြားပိဿာဝင် အိတ်ရေ ၄၀၀၀ ကျော်ခန့် တင်ပို့နိုင်ပြီး ပြည်တွင်းအတွက်စားသုံးရန် လုံလောက် တာကြောင့် ယခုလို ပြည် ပသို့ တင်ပို့နို

ပြည်နှမ်းဈေးကွက်တွင် မျိုးသမားများအဝယ်လိုက်လာ၍ ဈေးပြန်မြင့်

Tue, 06/07/2016 - 14:20 -- journal_editor

         ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မျိုးနှမ်းများအဝယ်ရှိ သဖြင့် နှမ်းဈေးပြန်တက်လာတာတွေ့ရပါတယ်။ အဝင်မရှိဘဲ လှောင်နှမ်းများကို မျိုးသမားများက အဝယ်ရှိနေသဖြင့်ဈေးမှာ ယခင်တစ်ပတ် ထက် မြင့်တက်လာတာေ တွ့ရပါတယ်။

ကြက်သွန်နီ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်

Tue, 06/07/2016 - 14:07 -- journal_editor

           ပခုက္ကူကုန်စည်ဒိုင်တွင် မေလအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ အရောင်းအဝယ် တော်တော်လေး သွက်ခဲ့ပါတယ်။ ပခုက္ကူခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ ပေါက်၊ ဆိပ်ဖြူမြို့ နယ်တို့တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ မတ်လဆန်းမှ စတင် ၍ ဈေးကွက်အတွင်းဝင်ရောက်လာရာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင်  ထိပ်စ ကျပ် ၅၀၀၊ လတ်စ ကျပ် ၄၅၀၊ အနိမ့် ကျပ် ၃၇၀ဈေးနှုန်းများဖြင့် တစ်နေ့ လျှင် ပိဿာချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ကြား ဝင်ရောက်ခဲ့ပါတယ်။

မုံရွာကုလားပဲ အဆွဲမညီလို့ ဈေးအတက်အကျဖြစ်နေ

Tue, 06/07/2016 - 13:57 -- journal_editor

             တစ်ချိန်က အိန္ဒိယဈေးကွက်အတွက် အရေးပါခဲ့တဲ့ ပြည်ပ ပို့ကုန်ကုလားပဲမျိုးစုံဟာ မျိုး၊ အရည်အသွေးနဲ့ပေါက်ဈေး အခြေအနေအရ ပြည်ပအဝယ်ရပ်သွားပြီးတဲ့နောက် ပြည်တွင်းဝယ်လိုအားကြောင့် ဒီနှစ်မှာ ဈေးမြောက် ခဲ့တာ  တွေ့ရပါ တယ်။ အဓိကလိုအပ်တဲ့ ဒေသတွင်းလုပ်ငန်းတွေဖြစ်ကြတဲ့ ကြာဆံလုပ်ငန်း၊ ပဲခွဲစက်၊ အမှုန့်ကြိတ်လုပ်ငန်း၊ ပဲလှော်နဲ့ ပဲကြော်လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် နေ့စဉ်လိုအပ်ချက်ရှိတဲ့ အတွက် ဒေသတွင်းဈေးကွ က်မှာ ကုလားပဲက ဆက်လက် ခိုင်မာနေတာ တွေ့ရပါတယ်။

မုံရွာကုန်စည်ဒိုင်ဇွန်လဆန်းပဲဈေးကွက် အရောင်းမသွက်ဝယ်လက်အေးနေ

Tue, 06/07/2016 - 13:51 -- journal_editor

           မုံရွာကုန်စည်ဒိုင် ဇွန်လဆန်း ပဲဈေးကွက်မှာ ပြီးခဲ့တဲ့မေလကုန်ပတ် ကထက် ပဲအများစုမှာ ပုံမှန်အောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးအသီး သီးကျဆင်းသွားတာ   တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဒိုင်ကိုအဝင် သွက် ခဲ့ တဲ့   နွေပဲတီလည်း ယခုတစ်ပတ်မှာ ဒေသတွင်း မိုးရွာသွန်းမှု  ရှိခဲ့လို့ ပဲကောက် ပဲဆွတ် မလုပ်နိုင်တဲ့ အတွက်  ပဲအဝင်လျော့ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ ဝယ်လက်အနေ နဲ့ တရုတ်ပြည်အတွက် ဝယ်၊ သယ်၊  ပို့တိုက်ရိုက်သာဖြစ်ခဲ့ပြီး၊ မနှစ်ကလို အမြင့်ဈေးမျိုးမှန်းပြီး၊ လှောင်လက် အဝယ်မျိုးမရှိခဲ့လို့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်းကျပ် ၃၀၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါ တယ်။ စိမ်းသေးကတော့ ဒိုင်

နနွင်းတက် ပိုမိုတင်ပို့

Thu, 03/31/2016 - 15:34 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်  ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်းတက် (ရှမ်းစ) ၂၁၄ တန်ခွဲကို ကန်ဒေါ်လာ ၁၅၇၀၀၃ တန်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ် ကုန်သွယ်ရေး ဇုန်ကနေ နနွင်းတက် ၁၀၄ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် နနွင်းတင်ပို့မှု တန် ၁၁၀ ထိပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ် တန်ရဲ့ မိမိဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ၈၇၃၅၀၂-၈၉၇၆၈၂ ကျပ်ဝန်းကျင်ခန့်ရှိ တယ်လို့ သိရပါတယ်။

ကော့သောင်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့

Wed, 03/09/2016 - 11:55 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန်သွယ်ရေးဇုန်၊  ကော့သောင်းကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၄၅၉၀ တန်နီးပါးတင်ပို့နိုင် ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့  နှိုင်း ယှဉ်ပါက ၈၂၂ တန်ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ  ကန် ဒေါ် လာ ၁ ဒသမ ၅၄၇ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော  ငါးမျိုးစုံ ၅၄ တန်ကျော်၊ ကဏန်း ၁၃ တန်ကျော်နဲ့ ပုစွန် တစ်တန်ကျော်  တင်ပို့နိုင်ခဲ့ပါ တယ်။  ယခင်သီတင်းပတ်နဲ့  နှိုင်းယှဉ် ပါက ၅၇ တန်ကျော်  လျော့နည်းတင်ပို့ ခဲ့ပါတယ်။ကော့သောင်း   ကုန်သွယ်ရေး စခန်းမှ ကန်

မတ်လဆန်း ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း အဝင်ပါးသွားပေမယ့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ အဝင်များပြီး အရောင်းသွက်ခဲ့

Wed, 03/09/2016 - 10:28 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ပဲသစ်များအားလုံးလိုလို ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေပြီး ဝင် ရောက်မှုပမာဏလည်း များခဲ့ပေမယ့် ဆောင်းပဲတီစိမ်းသီးနှံကတော့ အဝင်ပါးသွားတာကြောင့် ယခုမတ်လဆန်းမှာ အရောင်းအဝယ် နေ့စဉ်မဖြစ်တော့ဘဲ ရက်ခြားသာ အိတ် ၂၀၀ ကျော် မန္တလေးဝယ်လက်မှ ဝယ်ယူနေခဲ့တယ်လို့ သိရ ပါတယ်။ မတ်ပဲသီးနှံကတော့ နယ်စုံတွင် ရိတ်သိမ်းနေပြီဖြစ်လို့ ဈေးကွက်သို့လည်း အိတ် ၅၀၀ကျော်အထိ ယခုတစ်ပတ် တွင် နေ့စဉ်ဝင်ရောက်လာသလို ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူခဲ့တဲ့အတွက် အရောင်းအဝယ်သွက်နေခဲ့တာကို တွေ့ရပါတယ်။ ပဲသစ်ပေါ်စတွင် ကျပ်ငါးသောင်းခန့်ရရှိသော်လည်း ပဲအဝင်များလာတာနဲ့အမျှ ပဲဈေးနှုန်းကလည်း လျော့သွားခဲ့တဲ့အတွက် တစ်တင်း

ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေး လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးမည့် Port EDI System ကို Hitachi Solution က ရေးဆွဲပေးမည်

Fri, 01/08/2016 - 13:50 -- journal_editor

မြန်မာနိုင်ငံ၏  ကုန်သွယ်ရေး၊ ကုန်စည် ဖြန့်ဖြူးရေး၊    အဆင်ပြေချောမွေ့စေရေးနှင့် ဆိပ်ကမ်းအုပ်ချုပ်ရေးလုပ်ငန်းများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူ ပေးမည့် Port EDI System udk Hitachi Solution ကရေးဆွဲပေးမည်ဖြစ်ကြောင်း ဟီတာချီ ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါအထောက်အကူပြုလုပ်ငန်းသည် ဂျပန်နိုင်ငံက အစိုးရနှင့် ပုဂ္ဂလိကတစ်သား တည်းပူးပေါင်းဆောင်ရွက်နေသည့် နယ်ပယ် တစ်ခုဖြစ်ကြောင်း  သိရသည်။ံHitachi Solution onf Port EDI System ကို  မြန်မာနိုင်ငံ၏ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်တွင် စတင်ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ နိုင်ငံ၏ အဓိကဆိပ်ကမ်းများစီမံခန့်ခွဲမှုလုပ်ငန်းများကို မြန်ဆန်လာစေရန်အထောက်အကူ

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း