Main menu

Background

စားအုန်းဆီ ထိပ်တန်းတင်သွင်းတဲ့ တရုတ်ကို အမီလိုက်မယ့် အိန္ဒိယ

Thu, 01/07/2010 - 08:43 -- Anonymous (not verified)

     

     အိန္ဒိယနိုင်ငံဟာ ၂ဝ၁ဝ နှောင်းပိုင်းမှာ ကမ္ဘာ့စားအုန်းဆီတင်သွင်းမှုအများဆုံး ဖြစ်လာနိုင်တာကြောင့် ထိပ်တန်းတင်သွင်းတဲ့ တရုတ်နိုင်ငံရဲ့နေရာကို ရယူဖွယ်ရှိတယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့က ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံဟာ အဓိကအားဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှားတို့က စားအုန်းဆီတိုးမြှင့်တင်သွင်းဖို့ စိတ်ဝင်စားနေတယ်လို့ စားအုန်းဆီအဖွဲ့ဥက္ကဌ Sabri Ahmad က ပြောကြားပါတယ်။

      အိန္ဒိယအစိုးရဟာ ပဲပုပ်တင်သွင်းခွန် ၂ဝ ရာခိုင်နှုန်းပြန်လည်ကောက်ခံပေမဲ့ စားအုန်းဆီကြမ်းတင်သွင်းခွန် ပြန်လည် ကောက်ခံဖို့ ဆန္ဒမရှိသေးတာက လာမယ့်နှစ်မှာ အိန္ဒိယကို စားအုန်းဆီတင်ပို့မှု ပိုမိုလာစေလို့ အထောက်အပံ့ဖြစ်စေပါတယ်။ စားအုန်းဆီကြမ်းနဲ့ ပဲပုပ်ဆီနှစ်မျိုးအကြား အခွန်ကောက်ခံငွေကွာခြားခြင်းက စားအုန်းဆီတင်ပို့မှု ပိုမိုမြင့်တက်စေခဲ့တာကြောင့် လက်ရှိပဲပုပ်ဆီဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ လျှော့ချပြီး ရောင်းဝယ်နေကြတယ်လို့ 0x158င်းကထပ်လောင်းပြောကြား ပါတယ်။
      အိန္ဒိယဟာ ယခုနှစ်အောက်တိုဘာလမှာ ဟင်းသီးဟင်းရွက်ဆီ တန်ချိန် ၈ ဒသမ ၆၆ သန်း ဝယ်ယူခဲ့ပါတယ်။ ယမန်နှစ်က ဟင်းသီးဟင်းရွက်ဆီ တန်ချိန် ၈ သန်းဝယ်ယူခဲ့တဲ့အနက် စားအုန်းဆီက တန်ချိန် ၆ သန်းပါဝင် တယ်လို့ သိရပါတယ်။ အဲဒီ ၆ သန်းအနက် မလေးရှားက တန်ချိန် ၁ ဒသမ ၅ သန်းတင်သွင်းခဲ့ပြီး ကျန်တဲ့ ပမာဏကိုတော့ အင်ဒိုနီးရှားက တင်သွင်းခဲ့ပါတယ်။
      ၂ဝဝ၈ ခုနှစ် ဧပြီလမှာ ပြည်တွင်းငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းကို ထိန်းသိမ်းဖို့ ဟင်းသီးဟင်းရွက်ဆီ အခွန်များ ဖယ်ရှားခဲ့ ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စားဆီဈေးကျဆင်းလာပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလကစပြီး ပဲပုပ်ဆီ တင်သွင်းခွန်ကို ၂ဝ ရာခိုင်နှုန်း စည်းကျပ်ခဲ့ ပါတယ်။ ယမန်နှစ်က မလေးရှားနိုင်ငံက အိန္ဒိယကို စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၉၇ဝ၇၃၄ တန်ရှိလို့ ယခင်တစ်နှစ်က တင်ပို့မှုတန်ချိန် ၅၁၁၁၅၇ တန်ထက် ၈၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
      ၂ဝဝ၂ ခုနှစ်မှာ တရုတ်နိုင်ငံက မလေးရှားစားအုန်းဆီ အများဆုံးတင်သွင်းမှု မပြုခင် အိန္ဒိယနိုင်ငံက မလေးရှားစားအုန်းဆီကို အများဆုံးတင်သွင်းခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ မနှစ်က ကမ္ဘာ့ဝယ်လိုအားမြင့်လာတာရယ် ပြည်တွင်းလက်ကျန်များတာ ရယ်ကြောင့် စားအုန်းဆီကြမ်း တင်ပို့မှုကိုတာကို တန်ချိန် ၂ ဒသမ ၅ သန်းကနေ ၃ သန်းကို တိုးမြှင့်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ စားအုန်းဆီကြမ်းကို အင်ဒိုနီးရှားက အဓိကတင်သွင်းပြီး မလေးရှားနိုင်ငံက သန့်စင်ပြီး၊ အရောင်ချွတ်ပြီး၊ အနံ့ချွတ်ပြီး စားအုန်းဆီ (စားဆီ)ကို အများဆုံးတင်သွင်းပါတယ်။
      ၂ဝ၁ဝ ခုနှစ်မှာ မလေးရှားနိုင်ငံက စားအုန်းဆီထုတ်လုပ်မှုကို တန်ချိန် ၁၇ ဒသမ ၇ သန်းမှ ၁၈ သန်းကို တိုးမြှင့်လျာထားပြီး အင်ဒိုနီးရှားက စားအုန်းဆီထုတ်လုပ်မှုတန်ချိန် ၂၂ သန်းမှ ၂၃ သန်းအထိ တိုးမြှင့်ခန့်မှန်းထားပါတယ်။