Main menu

Background

ဆက်လက်မြင့်တက်နေသော နယူးယောက်ရွှေဈေး

Tue, 11/24/2009 - 11:40 -- Anonymous (not verified)

 ယခုနှစ်မှာ ရွှေဈေးကဆက်လက်မြင့်တက်ပြီးမြင့်တက်နေပါတယ်။ Deutsche Bank  မှ သုံးသပ်သူ တစ်ဦးကရွှေဈေးက နိုဝင်ဘာလဒုတိယအပတ်အတွင်း အမြင့်ဆုံးမှ အမြင့်ဆုံးသို့ ရောက်ရှိလာပြန်ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့က တစ်အောင်စကို ၁၁၂၃ ဒသမ ၄၀ ဒေါ်လာနဲ့ အမြင့်ဆုံးရောက်ခဲ့ပြီးနောက်မှာ ၁၇ ရက်နေ့က တစ်အောင်စကို ၁၀၃၅ ဒသမ ၀ ဒေါ်လာကို ထပ်မံ ချဉ်းကပ်လာပြန်ကြောင်း၊ ထိုသို့လက်ငင်း ဈေးကွက်တွေ အရောင်းအဝယ်ဖြစ်မှု၊ ဈေးတိုးမြင့်မှုတွေက ဒေါ်လာလဲလှယ်နှုန်းဟာ နိုဝင်ဘာလ ဒုတိယအပတ် အတွင်း ဂျပန်ယန်းငွေနဲ့လဲလှယ်ရာမှာ သုည ဒသမ ၃ ရာခိုင်နှုန်းအထိ ဒေါ်လာဈေးကျဆင်းမှုရှိခဲ့တာ ကြောင့်ဖြစ်ကြောင်း ဒေါ်လာရဲ့အားနည်းစွာ ပြောင်းလဲနေမှုကို ကာမိစေရန် ရွှေကို ပိုမိုလက်ဝယ်ထားရှိလိုမှုတွေ များလာကြောင်း သုံးသပ်ခဲ့ပါတယ်။    လာမဲ့နှစ်မှာလည်းရွှေဈေးရဲ့ တက်နှုန်းကဆက်ပြီးမြင့်နေအုံးမှာဖြစ်ပြီး လွန်ခဲ့တဲ့အပတ်ကတည်းက အရှိန် အဟုန်နဲ့မြင့်ခဲ့တဲ့ ရွှေဈေးက ဆက်လက်တက်နိုင်ဖို့အတွက် တွန်းအားတွေများစွာရှိနေကြောင်း ပြောခဲ့ပါတယ်။