Main menu

Background

ဆန်ရောင်းဝယ်မှု မပါသော အာဆီယံ-ဂျပန် FTA

Tue, 02/02/2010 - 06:41 -- Anonymous (not verified)

အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ဘက်စုံစီးပွားဖက်ဆိုင်ရာ သဘောတူစာချုပ်(Agreement on Comprehensive Economic Partnership among Member States of the Association of Southeast Asian Nations and Japan-AJCEP Agreement) AJCEP သဘောတူစာချုပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံ တို့မှ သက်ဆိုင်ရာဝန်ကြီးများသည် ၂၀၀၈ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း တွင် မိမိ တို့နိုင်ငံအသီးသီး၏မြို့တော် များ၌ လှည့်လည်၍လတ်မှတ်ရေးထိုး ခဲ့ကြပါသည်။ ယင်းသဘောတူစာချုပ် အရ အာဆီယံနှင့် ဂျပန်နိုင်ငံတို့သည် လွတ် လပ်သောကုန်သွယ်ရေးဒေသ တည်ထောင်ရမည်ဖြစ်ပြီး စာချုပ်တွင် ကုန်စည်ကုန်သွယ်ရေး (Trade in Goods)ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များ အသေးစိတ်ပါရှိပြီး ဝန်ဆောင်မှု ကုန်သွယ်ရေး (Trade in Services) နှင့် ရင်းနှီးမြှုပ်နှံမှု (Investment) တို့ကို ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။ ထူးခြားချက်တစ်ခုမှာ အထက်ပါ  AJCEP သဘောတူစာချုပ်မတိုင်မီ ဂျပန်နိုင်ငံသည် အခြားဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊၊ ကိုရီးယားသမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် မတူဘဲ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ တို့မှအပ ကျန်အာဆီယံ  ၇ နိုင်ငံနှင့် တစ်နိုင်ငံချင်း ညှိနှိုင်းဆွေးနွေးပြီး နှစ် နိုင်ငံ ဘက်စုံစီးပွားဖက်သဘောတူ စာချုပ် (Bilateral Comprehensive Economic Partnership Agreements) များ ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ အာဆီယံ ဒေသကို အခြား ဆွေးနွေးဖက်နိုင်ငံ များထက် ပိုမိုအခွင့်အရေးရယူနိုင်သည့် စီးပွားရေးမဟာ ဗျူဟာတစ်ရပ်ဖြစ် ပါသည်။လယ်ယာကဏ္ဍ ဂျပန်နိုင်ငံသည် လယ်ယာ၊ သားငါး နှင့် သစ်တောကဏ္ဍကို အကာအကွယ် ပေးထားပြီး လွတ်လပ်သောကုန်သွယ် ရေးဒေသတည်ထောင်ရာ၌ ယင်း ကဏ္ဍဆိုင်ရာ ထုတ်ကုန်ပစ္စည်း အများစုကို အရေးကြီးနှင့် အလွန်အရေး ကြီးကုန် ပစ္စည်းများအဖြစ် သတ်မှတ် လျက်FTA မှ ဖယ်ထုတ်ထားပါသည်။ အထူးသဖြင့် ဆန်ကို HS. 4 digit တစ်ခု လုံးဖယ်ထုတ်ထားကြောင်း တွေ့ရပါ သည်။ဂျပန်နိုင်ငံ အကောက်ခွန်အခွင့်အရေးပေး ခြင်းမှ ကင်းလွတ်သည့် အကောက်ခွန် လိုင်းများတွင် ဆန်နှင့် ပတ်သက်သောHS. 10:06 အောက်ရှိ အကောက်ခွန် လိုင်းအားလုံးကို ထည့်သွင်းထားပါ သည်။အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ အကောက်ခွန်အခွင့်အရေးပေး ခြင်းမှကင်းလွတ်သည့် အကောက်ခွန် လိုင်းများတွင် ဆန်နှင့်ပတ်သက်သောHS. 10:06 အောက်ရှိ အကောက်ခွန် လိုင်းအားလုံးကို ထည့်သွင်းထားပါ သည်။ထိုင်းနိုင်ငံ အကောက်ခွန်အခွင့်အရေးပေး ခြင်းမှ ကင်းလွတ်သည့်အကောက်ခွန် လိုင်းများတွင် ဆန်နှင့် ပတ်သက်သော  HS. 10:06 အောက်ရှိ အကောက်ခွန် လိုင်းအားလုံးကို ထည့်သွင်းထားပါ သည်။ဗီယက်နမ်နိုင်ငံ အကောက်ခွန်နှုန်းလျှော့ချဖယ် ရှားပေးသည့် အကောက်ခွန် လိုင်းများတွင် ဆန်နှင့် ပတ်သက်သော HS. 10:06 အောက်ရှိ အကောက်ခွန်လိုင်းအားလုံး ထည့်သွင်းထားပါသည်။ ဆန်နှင့် ပတ်သက်သော အကောက်ခွန်လိုင်း အားလုံး၏ အခြေခံအကောက်ခွန်နှုန်း အသီးသီးမှာ ၄၀ ရာခိုင်နှုန်းစီဖြစ်ပါ သည်။ ယင်းအကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းစီကို (၁၆)ကြိမ်ခွဲ၍ နှစ်စဉ် အညီအမျှလျှော့ ချပြီးနောက်ဆုံး သုညရာခိုင်နှုန်း (ဝ%) ကို ရောက်ရှိ မည်ဖြစ်ပါသည်။လာအိုနိုင်ငံနှင့်  မြန်မာနိုင်ငံ အကောက်ခွန်နှုန်းလျှော့ချခြင်း မပြုဘဲ အခြေခံအကောက်ခွန်နှုန်း အတိုင်း ဆက်လက် ကောက်ခံစည်း ကြပ်မည့် အကောက်ခွန်လိုင်းများတွင် ဆန်နှင့်ပတ်သက်သောအကောက်ခွန် လိုင်းအားလုံးကို ထည့်သွင်းထားပါ သည်။ သို့ရာတွင် အခြေခံအကောက် ခွန်နှုန်းမှာ အလွန်နည်းပါသည်။ ၅ ရာ ခိုင်နှုန်းသာ ရှိကြောင်းတွေ့ရသည်။သုံးသပ်ချက် ဆန်သည် ဂျပန်နိုင်ငံအတွက် အလွန်အရေးကြီးပါသည်။ ဆန်ယဉ်ကျေးမှုပင်ရှိကြောင်း သိရပါသည်။ ဒုတိယ ကမ္ဘာစစ်အတွေ့အကြုံအရ စားနပ် ရိက္ခာလုံခြုံရေးနှင့် ဖူလုံရေးအတွက် လယ်သမားများကိုအထောက်အပံ့အကူ အညီများပေး၍ စနစ်တကျဆောင်ရွက် ခဲ့ရာ ၁၉၇၀ ပြည့်နှစ်များမှစ၍ ဆန်ကို ပြည်တွင်းဖူလုံရုံသာမက ပိုလျှံသည့် ဆန်များကို စားနပ်ရိက္ခာ အကူအညီ  (Food Aid) အဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကူညီထောက်ပံ့နိုင်သည် အထိပင် ထုတ် လုပ်နိုင်ခဲ့ပါသည်။ သို့ရာတွင် ၁၉၈၆ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ကျင်းပခဲ့ သော ဥရုဂွေးရောင်း ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲ (Uruguay Round Trade Negotiaion)၏ ရလဒ်အဖြစ် လယ်ယာကဏ္ဍအထောက်အပံ့များကို လျှော့ချရပြီး ပြည်တွင်းဆန်ဈေးကွက် ကိုလည်း တစ်စိတ်တစ်ပိုင်း ဖွင့်ပေးခဲ့ ရပါသည်။ ထို့ကြောင့် အမေရိကန်ပြည် ထောင်စု၊ သြစတြေးလျ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဂျပန်နိုင်ငံ၏ ပြည်တွင်းဆန်ဈေး ကွက်အချို့တို့ကို ရရှိလျက်ရှိကြပါ သည်။ ဂျပန်နိုင်ငံသည် အာဆီယံ-ဂျပန် FTA အရ ပြည်တွင်းဆန်ဈေးကွက်လုံး၀ ဖွင့်ပေးနိုင်ခြင်း မရှိပါ။ ထို့ကြောင့် အာဆီယံ-ဂျပန် FTAသည် ဆန် ရောင်းဝယ်မှုမပါ(မပါ)သော FTA ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အာဆီယံ- ဂျပန်FTA မှ ဆန်ကိုဖယ်ထုတ်ထားပါ သည်။ FTA အစီအစဉ်အောက်မှ ဆန်နှင့်ပတ်သက်သော ကတိကဝတ် များကို Waiver တောင်းခံနိုင်ရန် အတွက် ဖယ်ထုတ်ထားခြင်း ဖြစ်ပါ သည်။ ထိုင်းနိုင်ငံသည် ဆန်ကိုဂျပန် နိုင်ငံကဲ့သို့ အာဆီယံ-ဂျပန်  FTA မှ ဖယ်ထုတ်ထားပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ Agreement of Agricultural အရ ဂျပန်နိုင်ငံသို့ ဆန် ရောင်းချနိုင်သဖြင့် ဂျပန်နိုင်ငံ၏ လိုအင်ဆန္ဒအတိုင်း အာဆီယံ-ဂျပန်FTA မှ ဆန်ကို ဖယ်ထုတ်ထားခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ Negotiating Strategyကို မှတ်သားသင့် ပါသည်။မောင်မောင်ရီ(ဘောဂဗေဒ)