Main menu

Background

ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပဲပုပ်ဈေးကွက်

Thu, 01/28/2010 - 10:55 -- Anonymous (not verified)

    ပဲခူးတိုင်းအနောက်မှာ မိုးပဲပုပ်နဲ့ ဆောင်းပဲပုပ်ဆိုပြီး နှစ်ချိန်စိုက်ပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်မှာ မိုးပဲပုပ် ဧက ၂၃ဝဝ ကျော်စိုက်ပျိုး ခဲ့ပြီး စက်တင်ဘာ၊ အောက်တိုဘာလများက ထွက်ပေါ်ပြီး ဖြစ်ပါတယ်။ ဆောင်းပဲပုပ်ကိုတော့ ယခုနှစ် ဧက ၃၇ဝဝဝ ကျော်စိုက်ပျိုး နိုင်ခဲ့ပြီး ဒီဇင်ဘာလကုန်မှာ စတင်ရိတ် သိမ်းခဲ့ရာ ၂ဝ၁ဝ ဇန်နဝါရီ ဒုတိယပတ် အထိ ဧက ၃၅ဝဝဝ ကျော်ခန့် ရိတ် သိမ်းပြီးဖြစ်လို့ မိုးညို၊ မင်းလှ၊ လက်ပံ တန်းမြို့နယ်တို့က အများဆုံးထွက်ပေါ် ခဲ့ပြီးဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်ပေါ်စအချိန်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁ဝဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ ပြီး ယခုနှစ် ပဲပုပ်ပေါ်စ ဒီဇင်လာလ ကုန်မှာ ၁၂၈ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့တာ ကို တွေ့ရပ ါတယ်။ ယခုဇန်နဝါရီ ဒုတိယပတ်မှာတော့ ၁၃ဝဝဝ ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရပါတယ်။ ပြည်မြို့ပွဲရုံများကို အခြားတိုင်းများမှ ဝင်ရောက်မှုမရှိဘဲ ဒေသတွင်း ထွက်ရှိမှုများသာ အရောင်း အဝယ်ဖြစ်နေပြီး မင်းလှ၊ လက်ပံတန်း၊ မိုးညိုမြို့နယ်များမှ ထွက်တဲ့ ပဲပုပ် များကို ရန်ကုန်ကို တင်ပို့ရောင်းချ ကြတယ်လို့ သိရှိရပါတယ်။  ခင်ဆွေဝင်း