Main menu

Background

အခွန်ကြွေးကျန်တွေပေးဆပ်ဖို့ နှိုးဆော်ခံရတဲ့ ပို့စ်မောက်အသင်း

Mon, 01/11/2010 - 07:57 -- Anonymous (not verified)

   ဗြိတိန်အစိုးရက ပို့စ်မောက် အသင်းအနေဖြင့် သတ်မှတ်ထားသော ကာလအတွင်းပေးဆပ်ရန်ရှိတဲ့အခွန်ငွေ များအားပေး ဆောင်ခြင်း မရှိပါကဒေဝါ လီခံရမည်ဟု သတိပေးခဲ့ပါတယ်။ အ ကယ်၍ ဒေဝါလီခံခဲ့ရပါက ပို့စ်မောက် အသင်းဟာ ပရီးမီးယား လိဂ်ဟုအမည် ပြောင်းပြီးသည့်နောက်ပိုင်းမှာပထမဆုံးအကြိမ်ဒေဝါလီခံခဲ့ရတဲ့ ကလပ်အသင်း တစ်သင်းအဖြစ်မှတ်တမ်းဝင် သွားနိုင်ပါ တယ်။   ဒီဇင်ဘာလ ၂ ရက်နေ့ကHM Revenue & Customs ကုမ္ပဏီဟာလန် ဒန်မြို့၊ ဗဟိုတရားရုံးသို့ ပို့စ်မောက်အသင်းအား အခွန် ငွေကြွေးကျန်များ ပေးသွင်းခြင်းမရှိသည့်အတွက်တိုင်ကြားခဲ့ပါတယ်။ အဲဒါကြောင့်ဗြိတိန်အစိုးရက တိုင်ကြားစာအား လက်ခံခဲ့ပြီး ဖေဖေါ် ဝါရီလ ၁ဝ ရက်နေ့ရုံးချိန်းမတိုင်မီအဆို ပါအခွန်ငွေများကို ပေးဆပ်ရမည်ဟုအမိန့်ထုတ်ပြန်ထားပါတယ်။  ပို့စ်မောက်အသင်းဟာ ၂ဝဝ၈ ခုနှစ်အက်ဖ်အေဖလားမှာ ဗိုလ်မစွဲမီ အသင်းအတွက် ကစားသမားများခေါ် ယူရာမှာ ငွေကြေး အမြောက်အမြားသုံး စွဲခဲ့ခြင်းဖြစ်ရာအဆိုပါကြွေးကျန်များမှာ ယခင်အသင်းပိုင်ရှင်များဖြစ်သည့် ဂေဒါမတ်နဲ့အယ်လ်ဖာဟင် တို့လက်ထက်မှာတင်ရှိခဲ့တာ ဖြစ်ပါတယ်၊၊ ဒါကြောင့် လက်ရှိ အသင်းပိုင်ရှင်အယ်လ်ဖာရက် အနေဖြင့်ဖြေရှင်းရန်ခက်ခဲနေရခြင်း ဖြစ်ကြောင်းသိရှိရပါတယ်။