Main menu

Background

၂ဝဝ၉ ခုနှစ်အတွင်း ပြည်ပပဲဈေးကွက်အပြောင်းအလဲများ

Sun, 01/10/2010 - 10:01 -- Anonymous (not verified)

   ၂ဝဝ၉ ခုနှစ်ဦးပိုင်းမှာ အိန္ဒိယပြည်တွင်း ပဲဈေးကွက်မှာ ပဲမျိုးစုံရောင်းချမှု တိုးတက်လာစေဖို့အတွက် ပဲမျိုးစုံတင်သွင်းမှု အခွန် ကင်းလွတ်ခွင့်နဲ့ ကာဘူလီကုလားပဲကလွဲပြီး ကျန်တဲ့ပဲအမိုျးအစားအားလုံးကို ပြည်ပတင်ပို့မှုပိတ်ပင်တဲ့ကာလကိုလည်း တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်တယ်လို့ မတ်လမှာကြေငြာခဲ့ပါတယ်။  ဒီလတွေမှာ အစိုးရပိုင်အေဂျင်စီများဖြစ်တဲ့ PEC, MMTC, STC နဲ့ Nafed တို့က ပဲတွေအဆက်မပြတ် တင်သွင်းလာကြပါတယ်။ ဒါကြောင့် ပထမပိုင်းလတွေမှာ ပဲမျိုးစုံဈေးတွေ တည်ငြိမ် သေးတယ်လို့ဆိုရမှာပါ။    ဒါပေမဲ့ ဒုတိယ ၃လအတွင်း အိန္ဒိယရူပီးတန်ဘိုး ကျဆင်းလာတာနဲ့အမျှ ပြည်ပကပဲတင်သွင်းရာမှာ စရိတ်ပိုလာတဲ့အတွက် ပဲတင်သွင်းမှု လျော့ကျလာတာကြောင့် ပြည်တွင်းပဲဈေးတွေဟာ ဧပြီ၊ မေလကစပြီး တရိပ်ရိပ် မြင့်တက်လာပါတယ်။     အိန္ဒိယမှာ ပဲအထွက်လျော့ကျလို့ ပြည်တွင်းမှာ ပဲရောင်းချမှုတိုးမြင့်နိုင်ရေး ပဲမိုျးစုံတင်သွင်းမှုအပေါ် ထောက်ပံ့ကြေးပေးဖို့ ရူပီး ၂ ဘီလီယံသုံးစွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပါကစ္စတန်ဈေးကွက်မှာလည်း မရှိမဖြစ်ကုန်ပစ္စည်းဖြစ်တဲ့ မတ်ပဲဈေးကလည်း နိုင်ငံတကာ ဈေးမြင့်တက်လာတာနဲ့အမျှ လက်လီဈေးတွေမှာ ခေါင်ခိုက်အောင် မြင့်ကက်ခဲ့ပါတယ်။     ဒီနှစ်မိုးရာသီ ပဲမိုျးစုံစိုက်ပိုျးတဲ့ကာလမှာ မိုးခေါင်ခဲ့တာကြောင့် ပဲစိုက်ဧကထက်ဝက်ခန့် ကျဆင်းခဲ့တဲ့ အတွက် အိန္ဒိယအစိုးရဟာ ပဲပိုမိုတင်သွင်းဖို့ စီစဉ်ခဲ့ပါတယ်။ ပြည်တွင်းငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့အမျှ ပဲမိုျးစုံဈေးနှုန်းတွေ အဆမတန်မြင့်တက် လာတာကို ထိန်းခုျပ်ဖို့ အိန္ဒိယအခိုျ့ပြည်နယ်တွေမှာ ပဲသိုလှောင်မှုတွေ ကန့်သတ်တာရယ်၊ ပြည်သူ့ဖြန့်ဝေရေးစနစ် PDS တွေနဲ့ ပဲဖြန့်ဝေမှုတွေလုပ်ပေမဲ့ ပြည်တွင်းပဲဈေးကတော့ ဒုတိယနှစ်ဝက်မှာလည်း အတက်ဘက်ကို ဦးတည်လျက်ရှိခဲ့ပါတယ်။   အောက်တိုဘာလဟာ အိန္ဒိယမှာ ပွဲတော်ကျင်းပတဲ့ကာလဖြစ်လို့ ပွဲတော်ရာသီမှာ ရောင်းအားမြင့်တက်စေဖို့ ပဲတင်သွင်းမှု တင်ဒါများ အဆက်မပြတ်ခေါ်ယူနေခြင်းက တစ်လအတွင်း ကမ္ဘာ့ပဲမျိုးစုံဈေးနှုန်းက ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယလို ဝယ်လက်နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကလည်း ဝယ်ယူမှုတွေရှိနေလို့ ပဲရရှိနိုင်မှုပမာဏဟာ အကန့်အသတ်ရှိတာကြောင့် ကမ္ဘာ့ပဲဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ပါတယ်။ ပါကစ္စတန်မှာလည်း ပဲတီစိမ်းပြည်ပ ခိုးထုတ်မှုတွေရှိနေ လို့ ပြည်တွင်းမှာ လက်လှမ်းမမီတဲ့ ဈေးတွေဖြစ်အောင် မြင့်တက်ခဲ့ပါတယ်။     နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာတော့ အိန္ဒိယပြည်တွင်းပဲအသစ်တွေကလည်း ဈေးကွက်ထဲဝင်လာပြီဖြစ်တာရယ်၊ မနှစ်ကထက် ဆောင်းရာသီပဲစိုက်ဧရိယာပိုလာတာရယ်တွေကြောင့် ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။      အိန္ဒိယဈေးကွက်ရဲ့ ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးကို ခြုံငုံကြည့်ရမယ်ဆိုရင် မိုးရာသီပဲစိုက်ချိန်မှာ မိုးခေါင်ခဲ့လို့ စိုက်ဧကလည်း မနှစ်ကထက်လျော့ကျခဲ့သလို အထွက်လည်းဆုတ်ခဲ့လို့ ပြည်ပကတင်သွင်းမှုပိုမိုခဲ့ရပါတယ်။ ပြည်တွင်းမှာ ဈေးနှုန်းတည်ငြိမ်စေဖို့ အစိုးရကထောက်ပံ့မှုတွေ၊ ပဲသိုလှောင်မှုကန့်သတ်တာတွေ၊ ဆောင်ရွက်ခဲ့ပေမဲ့ ရူပီးတန်ဘိုးကျဆင်းတာရယ်၊ နိုင်ငံတကာဈေး မြင့်တက်တာရယ်ကြောင့် လက်လီဈေးတွေမှာ ခေါင်ခိုက်အောင် မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ ပဲတစ်မျိုးချင်းအနေနဲ့ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်အတွင်း ပဲစင်းငုံဈေးနှုန်းဟာ ၆၇ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သလို မတ်ပဲ ဈေးနှုန်းက ၅၆ ရာခိုင်နှုန်း ဝန်းကျင်နဲ့ ပဲတီစိမ်းဈေးနှုန်းက ၇၃ ရာခိုင်နှုန်း နီးပါးမြင့်တက်ခဲ့ပါတယ်။   ဒါပေမဲ့ ဒီနှစ်ဆောင်းရာသီ ပဲမျိုးစုံစိုက်ဧရိယာ တိုးတက်လာတယ်ဆိုပေမဲ့ အချို့ဒေသတွေမှာ ရာသီဥတုအခြေအနေအရ အထွက်နှုန်းက မရေရာသေးတဲ့ အခြေအနေဖြစ်ပါတယ်။ အိန္ဒိယရဲ့တိုးတက်လာတဲ့ လူဦးရေအတွက် လိုအပ်ချက်ပိုမိုလာမှာဖြစ်လို့ အကယ်လို့သာ ထုတ်လုပ်မှုတိုးမြှင့်ဖို့ ဦးစားပေးဆောင်ရွက်ခြင်းမရှိရင် တင်သွင်းမှုပိုမိုလာမှာဖြစ်ပြီး တင်သွင်းမှုမြင့်တက်ခြင်းဟာ ပြည်တွင်းလယ်သမားတွေကို ပိုမိုထိခိုက်စေနိုင်လို့ စားသုံးသူများလည်း ဖိစီးမှုပိုလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေကြောင်းပါ။MIRT (MAPT)