Main menu

Background

၂၀၀၉ ခုနှစ်ပထမ သုံးလပတ်မှာ အက်ဖ်ဒီအိုင် စီးဆင်းမှု ထက်ဝက်ကျော် ကျဆင်း

Thu, 07/02/2009 - 18:31 -- cjadmin

ကမ္ဘာ့နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်)နဲ့ နိုင်ငံတကာနယ်စပ် ဖြတ်ကျော်ပြီး ကုမ္ပဏီများပေါင်းစည်းမှုဟာ ၂၀၀၉ ခုနှစ် ပထမ သုံးလပတ် အတွင်းထက်ဝက်ကျော် ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂက ဇွန်လ ၂၄ ရပ်နေ့ကပြောကြားပါတယ်။ ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်ပထမသုံးလပတ်မှာ ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့အက်ဖ်ဒီအိုင်ရဲ့ ၆၀ ရာခိုင်နှုန်း ရှိတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံ ကို စာရင်း ကောက်ယူရာမှာ စီးဝင်မှုဟာ ယခင်နှစ်က ဒေါ်လာ ၂၉၄ ဘီလျံ ရှိခဲ့ရာမှ ယခုနှစ် ပထမသုံးလပတ်မှာ ဒေါ်လာ ၁၃၆ ဘီလျံသာရှိခဲ့ပါတယ်။ (reuters)