Main menu

Background

၂၅-၆-၂၀၀၉ ရက်နေ့အတွက်

Thu, 07/02/2009 - 19:17 -- cjadmin
  • မတ်ပဲ ကတော့ သိုလှောင်မည့်ကုန်သည်များနဲ့ Export အတွက် ဝယ်ယူနေတဲ့ကုန်သည်များ အဝယ်ရှိတာကြောင့် ဘုရင့်နောင်နဲ့ ဟင်္သာတတွင် ဈေးဆက်မြင့်နေပြီး မန္တေးတွင် ဈေးငြိမ်နေ တာတွေ့ရပါတယ်။
  • ကုလားပဲဖြူလုံးကြီးက Export အတွက် ဝယ်ယူနေတဲ့ကုန်သည်ကြီးများ အဝယ်နည်းသွားတာကြောင့် မန္တလေး၊ မုံရွာနဲ့ ပခုက္ကူမှာ ဈေးအနည်းငယ်ကျပြီး မြင်းခြံတွင် ဈေးအနည်းငယ်မြင့် နေကြောင်း သိရပါတယ်။
  • ပဲစင်းငုံ ကတော့ Export အတွက်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများအဝယ်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းပါးတာကြောင့် ဘုရင့်နောင်၊ ပခုက္ကူ၊ မုံရွာနဲ့မကွေးတွင် ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။
  • ပြောင်း က ဝယ်လက်ကုန်သည်ကြီးများ အဝယ်ပုံမှန်ရှိတာကြောင့် လားရှိုးနဲ့ တောင်ကြီးနှင့် ပေါ်ဆန်းတွင် ဈေးအနည်းငယ်မြင့် ပြီး အောင်ပန်းတွင် ဈေးငြိမ် နေကြောင်း သိရပါတယ်။