Main menu

Background

Monday, 1 Apr 2024

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ကြိမ်၊ ဝါး လက်မှု အချောထည်လုပ်ငန်းများကို လုပ်သားအင်အား ၂၅၀ဝ ကျော်ဖြင့်လုပ် ကိုင်ဆောင်ရွက်လျက်ရှိသည်။ အိမ်သုံး၊ ရုံးသုံး၊ လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် ခြင်းလုံး၊သော့ချိတ်၊ ဦးထုပ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင် အိတ်၊ ဘောပင်ထည့်ခွက်၊ တစ်ရှူးဘောက်၊ ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်း ကန်ပြား၊ လင်ဗန်းတို့မှ ဧည့်ခန်းသုံး၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် စားပွဲ ၊ ကုလားထိုင်၊ ခန်းဆီး၊ ဗီဒို၊ မှန်တင်ခုံ၊ သေတ္တာ၊ အဝတ်လှန်းစင်၊ ဦးထုပ်၊ အဝတ်ချိတ်စင်၊ အလှဆင်မီးအိမ်အမျိုးမျိုး စသည့် လက်မှုပစ္စည်း အမျိုးအစား ၇၀ဝ ကျော်အား ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက

Monday, 4 Mar 2024

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံအဖြစ်  ဖေဖော်ဝါရီလ ကုန်နောက်ဆုံးပတ်မှစတင်၍ ဈေးကွက်သို့  ဝင်ရောက်လျက်ရှိပြီး မတ်လဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်ကြောင်း  သီဟိုဠ် ရာသီမှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်၍ မေ၊ ဇွန်လများတွင် မိုးဖြိုင်ဖြိုင် ရွာသွန်းပါက ဈေးကွက်တွင် အရောင်း အဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီ ပြီးဆုံးသွားပြီဖြစ်သည်။

Monday, 5 Feb 2024

ငှက်ပျောပင်သည် မြန်မာနိုင်ငံတွင် အနှံ့အပြား ပေါက်ရောက် သည်။  အိန္ဒိယနှင့် မြန်မာနိုင်ငံ အပါအဝင်ဖြစ်သော အာရှတိုက် တောင်ပိုင်းဒေသသည် ငှက်ပျောပင်၏ မူလပေါက်ရောက်ရာဒေသ များဖြစ်သည်။ ငှက်ပျောပင်တစ်ပင်မှ ငှက်ပျောတစ်ခိုင်သာထွက်၍ အခိုင်ကိုခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည် ရင်းမှ အတက်ငယ်များ ဖြာလာ၍ ထိုသားတက်ခေါ် ငှက်ပျောခေါင်း များကို ပင်မမှခွဲထုတ်၍ စိုက်ပျိုးလေ့ရှိကြသည်။

Monday, 15 Jan 2024

မြင့်မားသောအတိုးနှုန်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်း၊ ကုန်သွယ်မှု ကျဆင်းခြင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနေ ခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျဆင်းနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကမ္ဘာ့စီးပွားရေး ကျဆင်းခဲ့သော ကြောင့် ၂၀၂၄ ခုနှစ်သည် တတိယနှစ်အဖြစ် ဆက်တိုက်ကျဆင်း နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

Monday, 1 Jan 2024

အစားအစာကုန်သွယ်မှုကဏ္ဍဟူသည် အစာကွင်းဆက်များ၏ဘေးအန္တရာယ်ဖြစ်မှု ကာကွယ်ရန်  နည်းပညာအစီအမံများ အသုံး ပြုရန် လိုအပ်သော ကဏ္ဍတစ်ရပ်ဖြစ်သည်။   နိုင်ငံတကာ အစား အစာ ကုန်သွယ်ရေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး World Trade Organization WTO  စည်းမျဉ်းများအရ ကုန်သွယ်ဖက်နိုင်ငံများ၏ လူ၊ အပင်၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင်နှင့်ပတ်သက်သော  ထိခိုက် ပျက်စီးယိုယွင်းမှု ကာကွယ်ရန်အတွက် လူ၊အပင်၊ တိရစ္ဆာန်ဆိုင်ရာ သန့်ရှင်း ကျန်းမာရေး သဘော တူညီချက်Sanitary and Phytosani-tary SPS Agreementနှင့်ကုန်သွယ်မှု နည်းပညာအတားအဆီးဆိုင်ရာ သဘောတူညီချက် Technical Barriers to Trade TBT Agreement  တို့ကို ကျင့်သုံးဆ

Wednesday, 20 Dec 2023

၂၁ရာစုအလွန် ယနေ့ကမ္ဘာကြီးတွင်  နေ့စဉ်နှင့်အမျှ တစ်ရက်နှင့်တစ်ရက်မတူညီအောင် နည်းပညာ အသစ်အဆန်း များ တီထွင်ဆန်းသစ်မှု များပြားလာလျက်ရှိရာ အမျိုးမျိုးသော နည်းပညာများအနက် မရှိမဖြစ်လူသားများ နေ့စဉ်ထိတွေ့နေ ရသော နည်းပညာမှာ AI (Artificial Intellengence)ခေါ် ဉာဏ်ရည်တုဟုလည်း ခေါ်ဝေါ်ကြသည့် နည်းပညာဖြစ်သည်။လူသားတို့ နေ့စဉ်အသုံးပြုနေရသည့် smart phone Computer  စသည့် မရှိမဖြစ်ပစ္စည်းများမှာ AI  နည်းပညာနှင့် မကင်းပေ။ အင်တာနက်မှ အချက်အလက်များ ရှာဖွေဖတ်ရှုချင်၍ဖြစ်စေ၊Youtube Netflix များမှ ရုပ်ရှင်များ ကြည့်ရှုခြင်းဖြစ်စေ၊ ဗာဖေသည ကဲ့သို့ အွန်လိုင်းမှ ဈေးဝယ်ခြင်းမျိုးဖြစ်စေ အစရှိသည့် လူတို

Wednesday, 20 Dec 2023

BRICS ဆိုသည်မှာ ဘရာဇီး (Brazil)၊ ရုရှား Russia)၊ အိန္ဒိယ India))၊ တရုတ် (China) နှင့် တောင်အာဖရိက South Africa) နိုင်ငံ များ အကျိုးတူပူးပေါင်းထားသည့် နိုင်ငံတကာ စီးပွားရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်BRICS (ဘရစ်) ကို စီးပွားရေးထွန်းသစ်စ ဈေးကွက်အုပ်စု (Emerging-markets bloc) ) ဟူ၍လည်းကောင်း၊ ထွန်းသစ်စနိုင်ငံများ၏ စီးပွားရေးမဟာမိတ်အဖွဲ့ BRICS Economic Alliance) ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံဘဏ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုဖြစ်သော  Goldman Sachs  ၏ စီးပွားရေးပညာရှင် ဂျင်အိုနီး ရယ် Jim O’Neil) က ၂၀ဝ၁ ခုနှစ်တွင်“BRIC”  ဟူသော ဝေါဟာရ

Monday, 4 Dec 2023

နိုင်ငံတော်၏   စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်  စပ်လျဉ်း၍ ဦးတည်ဆောင်ရွက်လျက်ရှိရာတွင်   ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက်   ဆီထွက်သီးနှံစိုက်ပျိုးမှုကို   အားပေးမြှင့်တင်ပြီး ပန်းတိုင် ရည်မှန်းချက်အတိုင်းထွက်ရှိအောင်  ဆောင်ရွက်၍   နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိသည်။

Monday, 20 Nov 2023

ရှေးနှစ်ပေါင်းများစွာကပင် လူတို့သည်  အိမ်ထောင်ပရိဘောဂ များကို သုံးစွဲခဲ့ကြသည်။ စားပွဲ၊ ကုလားထိုင်၊ ဘီရို၊ ခုတင်  စသော ပစ္စည်းများကို  သုံးစွဲလာခဲ့ကြသော်လည်း ပုံပန်းသဏ္ဌာန်၊အမျိုးအစား၊ အဆင်အပြင်သည် တစ်ခေတ်နှင့်တစ်ခေတ် မတူချေ။ ဘီစီ ၃၀ဝ/ ၄၀ဝ ခန့်ကပင် အီဂျစ်နိုင်ငံတွင် ဘုရင်များသည် ခုတင်များဖြင့် အိပ် ခဲ့ကြလေသည်။ ရှေးဦးပေါ် ကုလားထိုင်များသည်  ယခုခေတ်ကဲ့သို့ ကျောမှီ၊ လက်တင်စသည် မပါသေးဘဲ ခြေလေးချောင်းတပ် ထိုင်ခုံ (ခွေးခြေ)များသာ ဖြစ်ကြသည်။ ရှေးအီဂျစ်လူမျိုးတို့သည် သစ်သား များကို ကောင်းစွာပြုပြင်ပြီး အိမ်ထောင်ပရိဘောဂများ  သုံးစွဲခဲ့ ကြောင်း သူတို့၏ ရှေးဟောင်းဂူသင်္ချိုင်းနံရံရှိ

Tuesday, 7 Nov 2023

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် နိုဝင်ဘာ ၃ ရက်တွင် သင်္ဂဟဟိုတယ် နေပြည်တော်၌ စီးပွား ရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့  ပူးပေါင်း၍ ကျင်းပပြုလုပ်သော Myanmar Rice Online (MyRO) Website မိတ် ဆက်ပွဲအခမ်းအနား Go-Live Ceremony)နှင့် MyROတွင် ဆန်စပါး သိုလှောင်ရုံ များ  မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးပွဲသို့  တက်ရောက်အမှာ စကားပြောကြားသည်။    

Pages