Main menu

Background

Thursday, 7 Jun 2012

လေးနှစ်တာမှာ အိမ်မက်ပမာ အပြောင်းအလဲမြန်ဆန် မိမိတို့နိုင်ငံရဲ့ (၂၀၀၈-၂၀၁၂) လေးနှစ်တာ ကာလအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်စောင်းငဲ့ကြည်မည်ဆိုလျှင် "ဒီမိုကရေစီ နိုင်ငံထူထောင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်'' ဟာ အံသြဖွယ်အဟုန်ဖြင့် ပြောင်းလဲတိုးတက်ခဲ့တာကို မျက်ဝါး ထင်ထင်  တွေ့မြင်ကြရမှာပဲဖြစ်တယ်။ ၂၀၀၈ မှာ အခြေခံဥပဒေကို အပြီးသတ်ရေးဆွဲပြီး အတည်ပြုနိုင်ခဲ့မှု၊ ၂၀၁၀ မှာ ပါတီစုံဒီမို ကရေစီ ရွေးကောက်ပွဲကျင်းပပေးနိုင်ခဲ့မှု၊ ၂၀၁၀ နိုဝင် ဘာတွင်  ဒေါ်အောင်ဆန်းစုကြည်  နေအိမ် အကျယ်ချုပ် မှ  ပြန်လည် လွပ်မြောက်လာခဲ့မှု၊ ၂၀၁၂ ဇန်နဝါရီလအတွင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ မွန်မြတ်တဲ့စေတနာနဲ့ ထင်ရှားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအပါ အဝင်အကျဉ်းသားများ  ပြန်လည်လွှတ်ပေးခဲ့မှု၊ ၂၀၁၄ အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် သဘောတူညီချက်ရရှိခဲ့မှု၊ ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လာပြီး လွှတ်တော်အတွင်း ဝင်ရောက်လာ နိုင်ခဲ့မှု၊  တစ်ဆက်တည်းဆိုသလို နိုင်ငံတကာမှ Sanction  များ တဖြည်းဖြည်း ကင်းလွတ်ခွင့်ပြု လာမှုများနှင့်အတူ နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်း  ပြန်လည်ဝင်ရောက်လာနို င်မှု များဟာ  တိုတောင်းလှတဲ့ကာလအတွင်းမှာ အိပ်မက်ပမာ မြန်ဆန်လှတဲ့ အပြောင်းအလဲတွေ ပဲ ဖြစ်ပါတယ်။

Monday, 4 Jun 2012

ဒုက္ခ၏  လမ်းဆုံး    'ဒုက္ခ' ဟု ဆိုလိုက်သည်နှင့် စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက် တို့ မပြည့်စုံမှုကြောင့် မကျေမနပ်ဖြစ်ရ သည့် အခြေအနေဟု တန်းခနဲသိကြ သည်။ ၎င်းင်း၏ ဆန့်ကျင်ဘက် 'သုခ' ဟု ဆိုခဲ့လျှင်လည်း စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ပြည့်စုံမှု အပါအဝင် ချမ်းသာ ပြည့်စုံခြင်းအနေအထားမျိုးကိုသာ တွေး မိကြလိမ့်မည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ခဲ့ပါမူ လောကုတ္တရာ အသိအမြင်များ၊ အကိုးအကားဖြင့် 'ဒုက္ခ' ၏ အနက်အဓိပ္ပာယ်ကို ပိုမိုကျယ် ပြန့်စွာ နားလည်သဘောပေါက်နိုင် သည်။ သတ္တဝါမှန် သမျှ အမိဝမ်းတွင်း၌ ရုပ်ကိုယ်ခန္ဓာကြီး စတင်ဖြစ်တည်လာ ချိန်ကတည်းက 'ဒုက္ခ' ကို ရင်ဝယ်ပိုက် ပြီးဖြစ်၏။ အချိန်တန်၍ အမိဝမ်းတွင်းမှ ထွက်လာပြီးနောက်ပိုင်းတွင် ထိုဒုက္ခဖြင့် ဘဝတစ်လျှောက်ဖြတ်သန်းရတော့သည်။ ထို့ကြောင့် 'ခန္ဓာ' စတင်ဖြစ်တည်သည် နှင့်တစ်ပြိုင်နက်  ဖြစ်ပေါ်လာသည့် ဒုက္ခသည်  ရုပ်နာမ်နှစ်ပါး ချုပ်ငြိမ်းစေ သည့် နိဗ္ဗာန်သို့ရောက်မှ အဆုံးသတ် မည်သာ ဖြစ်သည်။

Monday, 28 May 2012

နှစ်စဉ်တိုးတက်လျက်ရှိကုန်သွယ်မှုလုပ်ငန်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်း နှင်အားတွေထဲက တစ်ခုဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတိုင်းဟာ အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်နေကြရ ပါတယ်။ မိမိတို့ရဲ့ ထွက်ကုန်ပစ္စည်းတွေကို နိုင်ငံတာကာဈေးကွက်ကို တင်ပို့ရောင်းချနေကြရပါတယ်။ အရင်က ပြည်ပကုန်သွယ်မှု လုပ် ငန်းတွေကို ပင်လယ်ရေကြောင်းထွက်ပေါက်တစ်ခုကနေ လုပ်ဆောင် နေရာ ကနေ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး နယ်စပ်ကုန်သွယ်မှု တွေကို ကုန်းတွင်းပိုင်းလမ်းကြောင်းတွေကတစ်ဆင့် တိုးချဲ့လုပ်ကိုင် ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ နှစ်အလိုက်နယ်စပ်ကုန်သွယ်မှု ပမာဏများကိုကြည့်လျှင် နှစ်စဉ် တိုးတက်လာလျက်ရှိတာ ကို တွေ့ရပါတယ် -

Monday, 28 May 2012

    မည်သည့် ပစ္စည်းကိုမဆို တီထွင် ထုတ်လုပ်ပြီးသည်နှင့် ၎င်း၏နောက်မှ အရိပ်ပမာကပ်၍လိုက်လာသည်မှာ Servicing   ခေါ် ဝန်ဆောင်မှု ပြုပြင်ရေး လုပ်ငန်းပင် ဖြစ်သည်။ ထို့ပြင်ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ သည်လည်းအသစ်ပင်ဖြစ်စေ၊ တစ်ပတ် ရစ် (Good Second Hand) ပင်ဖြစ်စေ၊ Servicing  လုပ်ငန်းများသည် အရေးပါ သည့်ကဏ္ဍ တစ်ရပ်တွင် တည်ရှိနေပေ သည်။

Monday, 21 May 2012

    ကျွန်တော့်အနေနဲ့ ပဲကုန်သည်လောကမှာ ဝါရင့်ကုန်သည် တစ်ဦး မဟုတ်ပေမဲ့ ဒီလောကထဲမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံ၊ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်စပ်ပြီး မြန်မာ့ပဲလောက ပြန်တိုးတက်ဖို့ အကြံပြုလိုတာတွေကို ရေးသား လိုက်ရပါတယ်။

Monday, 14 May 2012

    "နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက် ရောင်းချနေကြတဲ့ စားသုံးဆီများ စားသုံးဖို့ သင့်/ မသင့် သက်ဆိုင်ရာဌာနများမှ စိစစ် လျက်ရှိခြင်းနဲ့" ပတ်သက်လို့ ကောမတ်စ်ဂျာနယ် အတွဲ-၁၂၊ အမှတ် -၁၂ မှာ ဖော်ပြပါရှိပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲခန့်က ရှမ်း ပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသတွင်းကို တစ်ဖက်နိုင်ငံမှ တာ့တုံး ယုံအမည်ရှိတဲ့ ပေပါဆီ၊ ရှောက်မိုင်းယန့် အမည်ရှိတဲ့ ၃ ပိဿာဝင် လက်ကိုင်ပါ ပလတ်စတစ် အကြည်ဘူးဆီနဲ့ ဂျင်းလီ (Jin Li  ) တံဆိပ် ဆီ စတဲ့ဆီ ၃ မျိုး လိုင်စင်မဲ့ဝင်ရောက်ခြင်းနဲ့ ပတ်သက်လို့ သက်ဆိုင် ရာဌာနများမှ စိစစ်ခဲ့တာဖြစ်ပါတယ်။

Monday, 14 May 2012

၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ရှိ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး  ဦးဝင်းမြင့်၊  ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  အကောက်ခွန်ဦးစီး ဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်   ကူးသန်း ရောင်းဝယ်ရေးဘဏ်နှင့်  ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု  ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက   Consignment   စနစ်ဖြင့်  ကားများတင်သွင်းရောင်းချ လျက်ရှိသည့်  အရောင်းစင်တာများမှ လုပ်ငန်းရှင် ၇၀ ဦးနှင့် တွေ့ ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

Sunday, 29 Apr 2012

စာရေးသူတို့ မြန်မာနိုင်ငံ ပါဝင်လျက်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (  ASEAN  ) ဟာ ဒေသတွင်းမှာ သာမကဒေသပြင်ပမှာရှိတဲ့ ဆွေးနွေးဖက်နိုင်ငံများနဲ့ပါ လွတ်လပ်သော ကုန် သွယ်မှုဒေသများ ထူထောင်ပြီး ကုန်သွယ်မှုမှာ လျင်မြန်ချောမွေ့စေ ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကုန်သွယ်မှုပြုရာမှာ  ကုန်သွယ်ဖက်နိုင်ငံအများစုဟာ အာဆီယံဒေသတွင်း နိုင်ငံအများစုဖြစ်ပါတယ်။ အာဆီယံဒေသတွင်းက နိုင်ငံ တွေဖြစ်တဲ့အတွက် အာဆီယံလွတ်လပ် သော ကုန်သွယ်မှုဒေသ (ASEAN Free Trade  Area -  AFTA)  က ရရှိ ခံစားနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို လေ့လာတွေ့ရှိ ရပါတယ်။

Sunday, 8 Apr 2012

လတ်(ဖ)ဖာပြောသောပုံပြင်    လွန်ခဲ့သောနှစ်ပေါင်း ၃၈ နှစ်ခန့်က အမေ ရိကန် စီးပွားရေးပညာရှင် အာသာလတ်(ဖ)ဖာ  (Arthur Laffer) ဆိုသော ပုဂ္ဂိုလ်သည် လူသိ များသောဂျာနယ်လစ်အချို့၊ နိုင်ငံရေးသမား အချို့ နှင့်အတူဝါရှင်တန်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စကားလက်ဆုံကြလျက် ရှိနေခဲ့ကြသည်။ ထိုသို့ ရှိနေစဉ်တွင် လတ်(ဖ)ဖာက လက်သုတ်ပဝါ တစ် ထည်ကို ရုတ်တရက်ဖြန့်ခင်း လျက် ထိုလက်သုတ် ပဝါပေါ်တွင် ပုံတစ်ပုံ ရေးဆွဲလိုက်သည်။ ဝင်ရိုး နှစ်ခုနှင့် မျဉ်းကွေးနှစ်ခုပါသော ပုံဖြစ်သည်။ ဝင်ရိုး နှစ်ခုအ နက် အလျားလိုက်ဝင်ရိုးတွင် အခွန်နှုန်း ထားများကို မှတ်သားထားပြီး၊ ဒေါင်လိုက်ဝင်ရိုး ပေါ်တွင် အခွန်ရငွေပမာဏ ကို ဖော်ပြထား၏။

Pages