Main menu

Background

Monday, 16 Mar 2020

    ကြက်သွန်နီသည် မည်သည့်ပစ္စည်းဖြစ်၍ မည်သို့သုံးစွဲသည် တို့ကို အသေးစိတ် ပြောစရာမလိုအောင် အမြင်အမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုးက ပြောကြားကြသည်ကို မကြာခဏ ဖတ်ရကြားရသည်။ သို့ဖြစ်၍ ကြက်သွန်နီအကြောင်းကို စာတစ်စောင်  ပေတစ်ဖွဲ့ မရေးတော့ဟု စဉ်းစားခဲ့သော်လည်း ၂၀၁၉ ကုန်ခါ နီးတွင်ဖြစ်ပေါ်ခဲ့သော အလှည့်အပြောင်းကြောင့်   ရေးစရာပေါ်လာသကဲ့သို့ တောင်သူ အချို့က စိုးရိမ် စိတ်ဖြင့်ဆောင်ရွက်နေသည့် ကိစ္စတချို့ကိုလည်း ကြားသိနေရသဖြင့် ကျွန်တော်သိသမျှ  ကြားသမျှ လေးများကို မျှဝေလိုစိတ် ဖြစ်ပေါ်လာသဖြင့် ဤစာကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။ ကြက်သွန်နီသည်  ပုပ်သိုးပျက်စီးလွယ်သော  သီးနှံ၊ အထား မခံသော သီးနှံ၊ သာမန်သိုလှော

Wednesday, 11 Mar 2020

      ပဲပုပ်ဆိုသည်နှင့် မြန်မာတို့သည် ပဲပိစပ်နှင့် လွဲမှားလေ့ရှိတတ် ကြသည်။   စင်စစ်တွင် ပဲပုပ်သည်  ပဲပိစပ်မဟုတ်ချေ။ အချို့သော ထုတ်ကုန်များတွင် ပဲပုပ်နှင့် ပဲပိစပ်ကို မှားယွင်းစွာသုံးနှုန်း၍ ရိုက် နှိပ်ဖော်ပြသည်များလည်းရှိသည်။ အထူးသဖြင့် ပဲပုပ်ဆီထုတ်လုပ် မှုတွင်  အချို့သောအမှတ်တံဆိပ်များသည် ပဲပိစပ်ဆီဟူ၍ မှားယွင်း စွာဖော်ပြမှုများရှိသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပေသည်။ ပဲပုပ် နှင့် ပဲပိစပ်တွင် ဆီကြိတ်လို့ရသည်မှာ Soybean ခေါ်ပဲပုပ်သီးနှံသာ ဖြစ်သည်။ ပဲပိစပ်ခေါ် Horse Gram သည် ဆီကြိတ်၍မရ၊ ဆီမထွက် နိုင်ပေ။ အညာဒေသထွက် ပုန်းရည်ကြီးသည်သာလျှင်ပဲပိစပ်မှထုတ် သော ထုတ်ကုန်စစ်ဖြစ်လေသည်။  ဆီပါဝင်မှုနှင့်  

Wednesday, 4 Mar 2020

         မြန်မာနိုင်ငံသည် လူဦးရေ   ၅၄  ဒသမ၂၆  သန်းကျော်ရှိပြီး ကမ္ဘာတွင် လူဦးရေအလိုက်၌အဆင့်မှာ  (၂၆)တွင်ရှိသည်။  သို့ဖြစ်၍ ပြည်တွင်းဈေးကွက်အတွက် စားသုံးနှုန်းမှာ  မနည်းလှဟုဆိုနိုင် သည်။ မြန်မာနိုင်ငံသည်  ဆန်စားသုံးမှုတွင်ဆိုလျှင် ကမ္ဘာတွင် အတော်အတန်မြင့်မားပြီး လူတစ်ဦးစားသုံးနှုန်းမှာ မြန်မာနိုင်ငံ ဆန် စပါးအဖွဲ့၏ သုတေသနလေ့လာချက်အရ ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိ သည်ဟုဆိုသည်။  အဆိုပါစားသုံးနှုန်းဖြင့်ဆိုပါက လူဦးရေ ၅၄ ဒသမ ၂၆ သန်းအတွက် ဆန်တန် ၈ ဒသမ ၅ သန်းခန့်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ဆန်ဖြင့်ပြုလုပ်သော    အခြားစားစရာများအတွက်နှင့် အလေအလွင့်ကိုပါ ထည့်သွင်းတွက်ချက်လျှင် ဆန်သုံးစွဲမှု စုစုပေါင်း မှာ တ

Wednesday, 19 Feb 2020

         မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ  တိုးတက်မြင့်မားရေးအတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသလို နိုင်ငံတော်အစိုးရ ပိုင်းကလည်း ထဲထဲဝင်ဝင်ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိနေသည်။ လက်ရှိအစိုးရလက်ထက်၌ကုန်သွယ်ရေးကဏ္ဍများတွင် ယခင် ရှိရင်းစွဲနိုင်ငံများနှင့်ကုန်သွယ်ရေးတိုးမြှင့်မှု၊ အမယ်သစ် ပို့ကုန်များကို တိုးမြှင့်တင်ပို့မှု စသည်တို့အပြင် ကုန်သွယ်မှု နိုင်ငံသစ်များကို တိုးချဲ့ ရှာဖွေရင်း ကမ္ဘာ့ဈေးကွက်သို့လည်း မြန်မာ့ထွက်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများကို စဉ်ဆက်မပြတ် ရှိဖွေလျက်ရှိနေသည်။ ထွ

Thursday, 13 Feb 2020

        လူသားများအတွက် လွန်စွာဆေးဖက်ဝင်ပြီး များစွာအကျိုးပြု သည့် လျှော်ဖြူစေး(ခ) ဆေးကုလားမရရှိသော လျှော်ဖြူပင်၏ မူရင်း ဒေသမှာ မြန်မာနိုင်ငံဖြစ်သည်။ ၎င်းလျှော်ဖြူပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင်ပေါက်ရောက်၍  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးရိုးမတောင်များအပြင် အနောက်ရိုးမအစပ်တောင်တန်းများနှင့် ရှမ်းရိုးမအစပ်တောင်တန်း များတွင် အများဆုံးတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် လျှော်ဖြူပင်မျိုးများသည် ရိုးတန်အနီပင်၊ ရိုးတန်အစိမ်းပင်၊ အခေါက် ဖြူနှင့် အညိုပင်စသည်ဖြင့် နေရာဒေသအလိုက် တွေ့ရှိရသော်လည်း အစေးထွက်ရှိမှုနှင့် အစေးသဘာဝ  အခြေအနေအပြင်၊ အပင်ပ

Monday, 10 Feb 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကုန်သွယ်ရေးဦးစီးဌာန

ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ     /၂၀၂၀

    ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ   ၄       ရက်

အကြောင်းအရာ။       ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင ်သော ထုတ်ကုန် အခြေအနေများ ကို အသိပေးကြေညာခြင်း

Thursday, 6 Feb 2020

      ကမ္ဘာပေါ်တွင်   နိုင်ငံတိုင်းသည်     နိုင်ငံရေးဆိုင်ရာ အကျပ် အတည်းများ၊ စီးပွားရေးဆိုင်ရာအကျပ်အတည်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအကြပ်အတည်း၊   စားနပ်ရိက္ခာဆိုင်ရာ  အကျပ် အတည်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအကျပ်အတည်း၊ ဘဏ္ဍာ ရေးဆိုင်ရာအကျပ်အတည်း၊ ကျန်းမာရေးဆိုင်ရာ   အကျပ်အတည်း၊ လုပ်သားဆိုင်ရာအကျပ်အတည်း စသည်ဖြင့် အကျပ်အတည်းများသည်ပုံစံအမျိုးမျိုးဖြင့်ရှိနေကြသည်။   ထိုသို့သောအကျပ်အတည်းများ တွင် တူညီမှုများလည်း ရှိကြသည်ကိုတွေ့နိုင်သည်။ တူညီတတ်မှုများ မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ရုတ်တရက် ကြိုတင်မမျှော်မှန်းနိုင် သောအခြေအနေများဖြစ်ပေါ်ခြင်း၊   နစ်နာဆုံးရှုံးမှုများပြားခြင်း၊ ဖြေရှင်းရန်

Monday, 3 Feb 2020

          ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် တွင် ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ကမ္ဘာ့စီးပွား ရေးတိုးတက်မှု၊ ကျဆင်းမှု၊ နှေးကွေးမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း၊  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏  စီးပွား ရေး တိုးတက်မှုနှုန်းနှင့် ပတ်သက်၍ ၆ ဒသမ ၄ ရာခိုင်နှုန်းခန့် တိုး တက်လာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာအသစ်၌ ခန့်မှန်းဖော်ပြထားသည်။

Monday, 13 Jan 2020

     မြန်မာနိုင်ငံအနေဖြင့် မြန်မာ့လယ်ယာထွက်ကုန်တစ်မျိုးဖြစ်သည့် ပဲကို အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒို နီးရှား၊ မလေးရှား၊ စင်ကာပူ၊ ပါကစ္စတန်၊ ဂျပန် စသည့် နိုင်ငံများအပြင် အမေရိကန်နှင့် အနောက် ဥရောပနိုင်ငံများသို့ပါ တင်ပို့လျက်ရှိနေသည်။ သို့သော် မြန်မာနိုင်ငံ မှထွက်ရှိသည့် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကိုမူ အိန္ဒိယနိုင်ငံသို့သာ အဓိကထားတင်ပို့လျက်ရှိနေခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း ၎င်းတို့ပြည်တွင်း၌  ပဲမျိုးစုံကို စိုက်ပျိုး နေသော်လည်း ပြည်တွင်း စား သုံးမှုအတွက်   လုံလောက်မှုမရှိခြင်း ကြောင့် ပြည်ပနိုင်ငံများမှလည်း တင်သွင်းလျက်ရှိနေသည်။ အိန္ဒိယ နိုင်ငံသည် ပြည်ပနိုင်ငံများမှ ပဲမျိုးစု

Tuesday, 24 Dec 2019

     မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်တံခါးပေါက်သည် တရုတ် နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီ-ကျယ်ဂေါင်မြို့နှင့်  ကုန်သွယ်မှုပြုနေ သော မူဆယ်မြို့ဖြစ်သည်ဟု  ဆိုချင်ပါသည်။ မြန်မာနိုင်ငံ၏ အရှေ့ မြောက်တံခါးဖြစ်သော မူဆယ်မြို့သည် ယူနန်ပြည်နယ်နှင့်အကောင်း ဆုံး၊ အများဆုံးကုန်သွယ်မှုပြုနေသော  မြို့နယ်ဖြစ်သည်ဆိုလျှင် မှားမည်မထင်ပါ။ မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိသော ခရိုင်မြို့တစ်ခုဖြစ်ပါ သည်။ မန္တလေးမြို့မှ၂၇၀မိုင်(၄၅၂ ကီလိုမီတာ) ခန့်ကွာဝေးပြီး အလှမ်းမဝေးသော ဒေသတစ်ခုသဖွယ်ဖြစ်နေကာ ၁၉၈၈ ခုနှစ်ခန့်မှစတင်ပြီး ယူနန်ပြည်နယ်နှင့် တရားဝင်နယ်စပ်ကုန်သွယ်မှုကို ဆောင်ရွက်ခဲ့သော

Pages