Main menu

Background

တင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒ လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းအစည်းအဝေးနှင့် နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရေ

Mon, 07/05/2021 - 14:46 -- journal_editor

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်းသည် ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီနှင့် ညနေ  ၃ နာရီတို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌  ကျင်းပပြုလုပ်သည့် လုပ်ငန်းသုံးယာဉ်အုပ်စုတွင်   ပါဝင်ပြီး အထူးတည် ဆောက်ထားသည့်  Special Purpose Vehicle ယာဉ် များ တင်သွင်းမှုနှင့်သက်ဆိုင်သော မူဝါဒလုပ်ထုံးလုပ် နည်းများ ညှိနှိုင်း အစည်း အဝေးနှင့်  Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့သည့်   နယ်စပ်ကုန်သွယ်ရေးအသင်း များနှင့်ကုန်သွယ်မှုကိစ္စရပ်များ  ဆွေးနွေးခြင်းအစည်း အဝေးများသို့    တက်ရောက်အမှာစကား  ပြောကြားခဲ့ သည်။ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြား ရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ မော် တော်ယာဉ်များ တင်သွင်းသည့်    မူဝါဒများနှင့်ပတ် သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေရေးနှင့် နိုင်ငံတော်မှ  ရသင့်ရထိုက်သော အခွန် များရရှိရေး ဦးတည်ပြီး မူဝါဒများကို ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ တင်သွင်းရာတွင် နယ်စပ်စခန်း များမှ Brand Newလုပ်ငန်းသုံးမော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုရန်နှင့်   ပို့ကုန်/သွင်းကုန် ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် တင် သွင်းခြင်းများကို   ကန့်သတ်၍   အရောင်းစင်တာ၊ အရောင်းပြခန်း   ဖွင့်လှစ်ထားရှိသော  ကုမ္ပဏီများမှ တင်သွင်းရောင်းချခွင့်ပြုရန်   ဆက်စပ်ဝန်ကြီးဌာန များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့  အသိပေးခဲ့ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းသုံးယာဉ်အုပ်စုတွင်    ပါဝင်ပြီး အထူးတည်ဆောက်ထားသည့်   Special Purpose Vehicle  များဖြစ်သည့် အမှိုက်သိမ်းယာဉ်၊  ရေပုပ်စုပ် ယာဉ်၊ လူနာတင် ယာဉ်၊ ရေသယ်ယာဉ်၊ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင် က အမှာစကား ပြောကြားရာတွင်   မိမိတို့ဝန်ကြီး ဌာနသည် ကုန်သွယ်မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရန် ကုန်သွယ်မှုလုပ်ငန်းများကို   အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊   ကုန်စည်စီးဆင်းမှု များကို    မှန်ကန်မြန်ဆန်စေရန်နှင့်   ပုံမှန်လည် ပတ်ရန် ဆောင်ရွက်နေကြောင်း၊ စီးပွားရေးသံမှူး များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်   အား လျော်စွာ မိမိတို့အား ပေးအပ်သည့်တာဝန်များကို အဓိကထား   ကျေပွန်အောင်   ဆောင်ရွက်ရန် လိုကြောင်း၊     နှစ်နိုင်ငံ   နယ်စပ်ဒေသများတွင် ကုန်သွယ်မှု ဆောင်ရွက်နေမှု   အခြေအနေများ သိရှိရန် လိုအပ်သကဲ့သို့  နယ်စပ်ဒေသတွင် လုပ် ကိုင်နေသည့်  စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများအဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ပံ့ပိုးကူညီ   ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက်နိုင်ငံများဖြစ် သော  တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများတွင် တာဝန် ထမ်းဆောင်နေသော    စီးပွားရေးသံမှူးများ အနေဖြင့်  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် Action Plan  ရေးဆွဲပြီး    အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း က စီးပွားရေးသံမှူးများအနေဖြင့်  မိမိတို့ ရောက်ရှိ တာဝန်ထမ်းဆောင်နေသည့်   နိုင်ငံများ၏ ကုန် သွယ်မှုဆိုင်ရာ  အချက်အလက်များအား သုံးသပ် ချက်များတွင်   ထည့်သွင်းဖော်ပြပေးသွားရန်နှင့် မြန်မာနိုင်ငံနှင့်    ကုန်သွယ်ဖက်နိုင်ငံများအကြား G  to G  စနစ်ဖြင့် စာချုပ်ချုပ်ဆို၍ မြန်မာ့ထုတ်ကုန် များ ပိုမိုတင်ပို့ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အား အကြံပြုတင်ပြပေးစေလိုပါကြောင်း မှာကြား ခဲ့သည်။ ယင်းနောက်    ကိုရီးယားနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ (နန်နင်းမြို့၊ ဟောင်ကောင်မြို့၊ ကူမင်းမြို့)၊  ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊  ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်နေသည့် စီးပွားရေးသံမှူးများက   နိုင်ငံအလိုက် ကုန်သွယ်မှု ဆောင်ရွက်နေသည့် အခြေအနေများ၊  တိုးတက် ဆောင်ရွက်နိုင်မှုများ၊  ကြုံတွေ့နေရသည့် အခက် အခဲများကို တင်ပြခဲ့ကြပြီး  တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန် မှာကြားပြီး နိဂုံး ချုပ်အမှာစကားပြောကြားရာတွင် စီးပွားရေးသံမှူး များသည်  Diplomaများဖြစ်သော်လည်း စီးပွား ရေးသမားများကဲ့သို့  ပြုမူနေထိုင်သွားရန် လိုအပ် ကြောင်း၊ မြန်မာ့ပို့ကုန်များ  တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်သစ်များရရှိရေး၊   ရရှိပြီးဈေးကွက်များ အား ထိန်းသိမ်းထားနိုင်ရေးတို့အတွက်  စေ့စပ် ညှိနှိုင်းသNegotiator) များ၊ ပွဲစား (Broker)  များ၊ ဈေးကွက်ထိုးဖောက်မည့်   ဈေးကွက်မန်နေဂျာ(Marketing Manager) များကဲ့သို့   ကြိုးစားသွား ကြရန် မှာကြားပြီး အစည်းအဝေးကိုမွန်းလွဲ ၁ နာရီ မိနစ်၂၀ တွင် ရုပ်သိမ်းခဲ့သည်။
ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယ အမြဲတမ်းအတွင်းဝန်၊    ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ    တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

MOC (IR)