Main menu

Background

ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Wed, 01/05/2022 - 13:05 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၀ ရက် နံနက် ၉နာရီခွဲတွင် Virtualစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ညှိနှိုင်း ဆွေး နွေးပွဲသို့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက  အမှာစကားပြောကြား ရာတွင် ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်နိုင်မှု ပမာဏ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန် ကိုးသိန်းကျော် တင်သွင်းနေရကြောင်း၊ ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ် ငန်းသုံးနှင့် ဟိုတယ် ခရီးသွားလုပ်ငန်းများအတွက် စုစု ပေါင်းသုံးစွဲမှု တန်ချိန် ၁၁ သိန်းခန့်ရှိရာ  ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက်လာစေရေး၊ ပြည်တွင်း၌ထုတ် လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေ ရေး၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေသကဲ့သို့ စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လည်း ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို အကန့်အသတ် ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊  စားသုံးမှုပုံစံကို  ပြောင်းလဲရာတွင် စားသုံးသူအကာအကွယ်ပေးရေး    အစီအစဉ်များ၊  စားသုံးသူ အသိပညာပေး အစီအစဉ်များကို ဦးစားပေး ဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် စားသုံးဆီ များ ဖြန့်ဖြူးရောင်းချနိုင်စေရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း ပြည်တွင်း၌ ဆီထွက် သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့်  စိုက်ပျိုးလာစေရန် တောင်သူများ အား     အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်နှင့်  စိုက်ဧကများ  ပိုမိုတိုးချဲ့စိုက်ပျိုး နိုင်ရေး ကွင်းဆင်းအသိပညာပေးခြင်း၊ နည်းပညာများ ပံ့ပိုးပေးခြင်း စသည့် လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော်ရန် လိုအပ်သလို  ကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုးထုတ် လုပ်သည့်  တောင်သူများနှင့်  အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်ပုံစံမျိုး ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် တက်ရောက်လာ သူများ အနေဖြင့် ဆီထွက်သီးနှံနှင့်  စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လိုအပ်ချက်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေး စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဆီထွက်သီးနှံ များအား တိုးချဲ့စိုက်ပျိုးနိုင်ပြီး ပြည်ပသို့ ဆီထွက်သီးနှံ များအား ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းထက် စားသုံးဆီဖူလုံမှု ရှိစေရန် ပြည်တွင်း၌ ပိုမိုကြိတ်ခွဲထုတ် လုပ်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို  လျှော့ချနိုင်မည်ဖြစ်ကြောင်း၊  ဆီထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်  ပြောင်းလဲထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ ရောင်းချ နိုင်ပါက နိုင်ငံခြားဝင်ငွေရရှိ လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စားသုံးဆီ လစဉ် ပျမ်းမျှတန်ချိန် ၁၈၀ဝ၀ ကျော်  ကြိတ်ခွဲထုတ်လုပ်နိုင် သော်လည်း အချို့စက်များမှာ ရပ်နားထားခြင်း၊ ကုန် ကြမ်းရရှိမှု နည်းပါးသဖြင့် စက်စွမ်းအား ပြည့် လည်ပတ် နိုင်မှုမရှိခြင်းတို့ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေ ဖြင့် အရည်အသွေးမီဆီစက်များ ဖြစ်စေရေးနှင့် ဆီစက် လုပ်ငန်းများ အဓွန့်ရှည်ရေးအတွက် ပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  ဆီ စက် များ  စက်စွမ်းအားပြည့်  လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည့် အပြင် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး၍ ပြည်တွင်း စားသုံးဆီလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ပါက နိုင်ငံ ခြား  ငွေသုံးစွဲမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း ဆွေး နွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင် ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံး ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်း ရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ က ပြည်ပမှ စားသုံးဆီတင်သွင်းမှု၊  ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဆီစက်များ၏ ကြိတ် ခွဲ ထုတ်လုပ်နိုင်မှု၊ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေနှင့် ဆီထွက် သီးနှံများအား ပြည်ပတင်ပို့မှုအခြေအနေများ၊ ပြည် တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ် ချက်များ၊ အကြံပြု သုံးသပ်ချက်များအား အပြန်အလှန်ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် စားသုံးဆီ  တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်းတို့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOC(IR)