Main menu

Background

စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Thu, 05/26/2022 - 16:00 -- journal_editor

မေ ၁၃ ရက် မွန်းလွဲ ၁ နာရီကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual  စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စက်သုံးဆီ၏ အခန်း ကဏ္ဍသည် မည်မျှအရေးကြီး သည်ကို အားလုံးသိရှိထားပြီးဖြစ်သလို တက်ရောက်လာသည့်    မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူး ရေးအသင်းမှတာဝန်ရှိသူများ၊စက်သုံးဆီကဏ္ဍတွင်လုပ်ကိုင်ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအားလုံးနှင့်အတူပူးပေါင်း၍ စက်သုံးဆီလုံလုံလောက်လောက်တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ပြည်သူများအနေဖြင့်လည်း သင့်တင်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်သည့် အခြေအနေဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊စက်သုံးဆီအသင်းသည်အစိုးရကချမှတ်သည့်မူဝါဒများ၊ထုတ်ပြန်ချက်များကိုဌာနဆိုင်ရာနှင့်သက်ဆိုင်ရာကုမ္ပဏီတို့အကြား ကြားခံအဖြစ် ဆောင်ရွက်နေကြရသည်ဖြစ်၍ အားလုံးအတူတူလက်တွဲပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊အသင်းမှအလုပ်အမှုဆောင်အဖွဲ့(ယာယီ) ဖွဲ့စည်းခြင်း ကိုလည်းကြိုဆိုကြောင်း၊ အသင်းအနေဖြင့်စက်သုံးဆီ တင်သွင်းခြင်းနှင့် ဖြန့် ဖြူးခြင်းတို့အတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့်ညှိနှိုင်း ၍ ကြိုတင် စီစဉ်ဆောင် ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်သုံးဆီလိုအပ်ချက်ပေါ်မူတည်၍ အချိန်မီတင်သွင်းဖြန့်ဖြူးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သလို အခက်အခဲများရှိပါကလည မိမိတို့နှင့်အတူ    ပူးပေါင်းဖြေရှင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ထို့နောက် စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီ  ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး     ဦးညွန့်အောင်က စက်သုံး ဆီကုမ္ပဏီများအနေဖြင့် စက်သုံးဆီတင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းကိစ္စ များတွင် အခက်အခဲများရှိနေသည်ကို နားလည်သဘောပေါက်ပါကြောင်းနှင့် ကော်မတီအနေဖြင့်လည်း   စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊  ဈေးနှုန်းတည် ငြိမ်မှန် ကန်စေရေးအတွက်စိစစ်ခွင့်ပြု နေရသည်ဖြစ်သည့်အတွက် သက်ဆိုင် ရာကုမ္ပဏီများက သတ်မှတ်ထားသည့် စည်းမျဉ်း   စည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ဆက်လက်၍ မြန်မာ နိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ  ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စား လှယ်များ၊ စက်သုံးဆီ တစ်ဆင့်ခံရောင်း ချသည့်ကုမ္ပဏီများမှ  ကိုယ်စားလှယ် များ၊ အထွေထွေအုပ်စုမှ  ကိုယ် စားလှယ်များနှင့်တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာတွင်ဆွေးနွေးတင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကာ လိုအပ်သည်များ အား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း  ပေါင်းစပ်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။
MOC (IR)