Main menu

Background

မြန်မာ-တရုတ် စီးပွားရေးကုန်စည်ပြပွဲ နေပြည်တော်တွင်ပြုလုပ် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ကိုးခု လက်မှတ်ရေးထိုး

Mon, 06/05/2023 - 11:00 -- journal_editor

တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန(၂) MICC-2 တွင် မေ ၂၅ ရက်မှစ၍ ပြုလုပ်ခဲ့သည်။ အဆိုပါကုန်စည်ပြပွဲသို့ ဒုတိယဝန်ကြီး ချုပ်နှင့်   စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မြ. ဃ့နည ံငေ၊   လင်ချန်းမြို့ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့သည်။ မြန်မာ(နေပြည်တော်)- တရုတ်( လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာ-တရုတ်နှစ်နိုင်ငံကုန် သည်များအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာစေရေး၊ ကုန်သွယ်လုပ်ငန်းရှင်များ အချင်းချင်း  ချစ်ကြည်ရင်းနှီးမှု   ပိုမိုရရှိရေး၊ စီးပွား လုပ်ငန်းနှင့် စက်မှုအနုပညာကဏ္ဍ ပူးပေါင်းဆောင် ရွက်ခြင်း ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော် ဆောင်နိုင်ရေး   စသည့်  ရည်ရွယ်ချက်များချမှတ်၍ ကျင်းပဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ကုန်စည်ပြပွဲကာလအတွင်းမှာ နှစ်နိုင်ငံကုန် သည်လုပ်ငန်းရှင်များအကြား   စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပမည့် အပြင် သဘောတူညီမှု စာချွန်လွှာပါ သြ့ များကို လည်း   လက်မှတ်ရေးထိုးသွားကြမှာ  ဖြစ်ပါတယ်။       လာမယ့်နှစ်တွေမှာလည်း ကုန်စည်ပြပွဲများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲများ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်များကို ဆက်လက်ဆောင်ရွက် သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်}}ဟု ၎င်းကပြော သည်။
ယခုကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည် လုပ်ငန်းရှင်များ၊  အသင်းအဖွဲ့များ၊ ကုမ္ပဏီများ စုစုပေါင်း ၆၀ ကျော်မှ ပြခန်းပေါင်း ၇၀ ကျော်တွင် ဒေသထွက် စားသောက်ကုန်များ၊ အမှတ်တရလက် ဆောင်  ပစ္စည်းများ၊  ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ် နှင့် ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂ များနှင့်  ဘဏ်လုပ်ငန်း၊  ခရီးသွားလုပ်ငန်း  စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို  ပါဝင်ပြသသွားကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံဘက်မှလည်း ကုန်သည်လုပ် ငန်းရှင်၊ ကုမ္ပဏီ ၇၀ ကျော် ပြခန်းပေါင်း ၄၀ ကျော်တွင် စားသောက်ကုန်များ၊  နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ဆောက် ပစ္စည်းများ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ပါဝင် ပြသကြောင်း သိရသည်။
"ဒီနေ့ စတုတ္ထအကြိမ်မြောက် နယ်စပ်ကုန်စည် ပြပွဲ ဖွင့်ပွဲအခမ်းအနားကို  အောင်မြင်စွာ ကျင်းပနိုင် ခြင်းအားဖြင့်   နှစ်ဦးနှစ်ဖက်ရဲ့  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို အားသစ်လောင်းပေးမှာဖြစ်တယ်။ နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲဆိုတဲ့ ပလက်ဖောင်းကို နှစ်ဦးနှစ်ဖက်မှ ကောင်းမွန်စွာ အသုံးပြုပြီး  အပြန် အလှန်ဆွေးနွေးခြင်း၊ စီးပွားကုန်သွယ်မှု အခွင့်အလမ်း ကိုဖော်ထုတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းလာခြင်းဖြင့်  ဘက်ပေါင်းစုံတဲ့ နယ်ပယ်အသီးသီးမှ လက်တွေ့ကျတဲ့ အောင်မြင်မှုရလဒ်များကို  ရရှိနိုင်ဖို့ ကြိုးစားဆောင်ရွက်ရန်  နှစ်ဦးနှစ်ဖက်မှ  လူမှုစီးပွား ဖွံ့ဖြိုးမြှင့်တင်စေရန် ပြည်သူလူထုတို့ရဲ့ ချမ်းမြေ့မှုကို ပိုမိုဖန်တီးရန် မျှော်လင့်ပါတယ်"ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာဘက်နှင့် အတူ အပြန်အလှန် သင်ယူလေ့လာမှုကို အားကောင်း လာစေရန်၊ ချစ်ခင်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက် မှုကို နက်ရှိုင်းလာစေရန်၊ မြန်မာဘက်ကို ထောက်ခံ အားပေးရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ် မှုနှင့် ဖွံ့ ဖြိုးတိုးတက်မှုအတွက် တရုတ်ဘက်၏ ဉာဏ် ရည်နှင့်အင်အားဖြင့် ပံ့ပိုးကူညီပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာ -တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲ များကို မြန်မာနိုင်ငံ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ရွှေလီ မြို့တို့တွင် မူဆယ်-ရွှေလီ နယ်စပ်ကုန်စည်ပြပွဲအဖြစ် ပုံမှန်ကျင်းပလျက်ရှိကြောင်း၊ အလားတူ မြန်မာနိုင်ငံ လားရှိုးမြို့နှင့် တရုတ်နိုင်ငံ လင်ချန်းမြို့တို့ကြား နှစ် နိုင်ငံကုန်စည်ပြပွဲ အလှည့်ကျကျင်းပရေး  သဘော တူညီမှု စာချွန်လွှာကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ လန်ချန်းမြို့ ပြည်သူ့အစိုးရတို့အကြား ဠငမအကေူ စနစ်ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရ သည်။
အဆိုပါသဘောတူညီချက်အရ လားရှိုးမြို့နှင့်  လင်ချန်းမြို့တို့တွင် လားရှိုး-လင်ချန်း နယ်စပ်ကုန်စည် ပြပွဲအဖြစ် နှစ်နိုင်ငံ အလှည့်ကျ ကျင်းပလာခဲ့ကြောင်း၊ ယခုကုန်စည်ပြပွဲကို ပုံမှန်ကျင်းပရမည့် မြန်မာနိုင်ငံ လားရှိုးမြို့အစား နှစ်ဖက်ကုန်သည်လုပ်ငန်းရှင်များ၏ အမြော်အမြင်ကြီးစွာ    ပူးပေါင်းဆောင်ရွက်လိုမှု၊ နယ်ပယ်စုံ၊ ကဏ္ဍစုံမြှင့်တင်ဆောင်ရွက်လိုမှု  စသည့် ကြီးမားတဲ့ ရည်မှန်းချက်များကို တည်တံ့စေရန်အတွက် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် လာရောက်ကျင်းပနိုင်ခြင်းသည်   နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှု၏    ထူးခြားသည့်   ရလဒ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။
နှစ်နိုင်ငံအကြား     ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ    ချောမွေ့စေရန်    ပုဂ္ဂလိကလုပ်ငန်းရှင် အချင်းချင်း   ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်ကြရမည်။  နှစ်နိုင်ငံအကြား ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အစိုးရအချင်း ချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများကို  တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့်  စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
နေပြည်တော်ရှိ    မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2) ၌ မေ ၂၅ ရက် တွင်ပြုလုပ်ခဲ့သည့်  မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 
နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးတွင် မြန်မာ နိုင်ငံက အဓိကတင်ပို့နေသည့် ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ ဈေးကွက်အတွင်း ကျယ်ပြန့်စွာတင်ပို့နိုင် ရေးသည်လည်း အရေးကြီးသည့်အတွက် တရုတ်နိုင်ငံ အနေဖြင့် ဒေသအတွင်း သဘောတူညီ ချက်များအပြင် နှစ်နိုင်ငံသဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်၍  မြန်မာ့ပို့ကုန်များ  ဈေးကွက် ပိုမိုရရှိရေး  အကန့်အသတ်များ၊ အတားအဆီးများ လျှော့ချပေးစေလိုကြောင်း    ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ထို့ပြင် နှစ်ဖက် နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဒေသများတွင် ဘဏ်လုပ်ငန်း စနစ်များ  ဖွံ့ဖြိုးတိုးတက်ရေး၊   ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက်စေရေးနှင့် ကုန်သွယ်မှုဆိုင် ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူချောမွေ့စေရေးတို့ ကိုလည်း  နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ကုန်သွယ်ဖက်နိုင်ငံများအကြား တွင်  တရုတ်နိုင်ငံသည်  အဓိက ကုန်သွယ်ဖက်နိုင်ငံ တစ်ခုအဖြစ်  နှစ်စဉ်ရပ်တည်လျက်ရှိကြောင်း၊ နှစ် နိုင်ငံ ကုန်သွယ်မှုမှာ  နယ်စပ်ကုန်သွယ်ရေးသည် စုစု ပေါင်းကုန်သွယ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိနေ သည်ကို   တွေ့ရှိရကြောင်း    ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ကိုဗစ် ကာလအတွင်း  နှစ်နိုင်ငံကုန်သွယ်မှု  ကျဆင်းသွားခဲ့ သော်လည်း ကိုဗစ်အလွန်ကာလဖြစ်သည့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ- တရုတ် နှစ်နိုင်ငံကုန် သွယ်မှုအနေဖြင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၃၈၃၃ သန်းကျော်၊  သွင်းကုန် အမေရိကန်ဒေါ်လာ ၅၄၄၆ သန်းကျော်၊ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၁၈၀ ကျော်ရရှိအောင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း     စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။ 
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ယူနန်ပြည်နယ် သို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် နှစ်ဖက် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် အထူးသဖြင့် နယ်စပ်ကုန် သွယ်ရေးကို ကိုဗစ်ကာလမတိုင်မီ ယခင်အခြေအနေ များထက် ကျော်လွန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင် ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ကမကထပြု၍အကောင် အထည်ဖော်ဆောင်ရွက်နေသည့် "ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း"အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်- မြန်မာစီးပွားရေး စင်္ကြံကို  နှစ်နိုင်ငံပူးတွဲအကောင်အထည်ဖော်  ဆောင်ရွက်သွား ကြရန်  သဘောတူညီထားပြီးဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
အဆိုပါသဘောတူညီချက်အရ အခြေခံအဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းများ  စတင်နိုင်ရန် အစပျိုးဆောင်ရွက် နေပြီဖြစ်ကြောင်း၊  ယင်းအစီအစဉ်အရ  မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကိုလည်း တည်ထောင်သွား ရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ 
အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေး မှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မြ. ွှညေ ှ့က်က ၊ လင်ချန်းမြို့ စီးပွားရေးဌာန၊ ညွှန် ကြားရေးမှူး မြ.ဇ့သက ့သညါဖ့င တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ 
ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံမှ ကုမ္ပဏီများက နှစ်နိုင်ငံ ကုန်သွယ်‌ရေး   ပူးပေါင်း‌ဆောင်ရွက်နိုင်မည့်   အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး နှစ်နိုင်ငံမှ ကုမ္ပဏီ ၁၇ ခုသည် လယ်ယာ ထွက်ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အချိုရည်နှင့် အဖျော် ယမကာ၊ ဆေးဝါးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်သုံး မော်တော်ယာဉ်များ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ကိုးခုကို လက် မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်း သိရသည်။ လေးရက်ကြာပြုလုပ်ခဲ့ သည့်  အဆိုပါကုန်စည်ပြပွဲ၌  လာရောက်ပြသကြသည့် နှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ/ကုမ္ပဏီများအကြား   ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများကျင်းပ ခြင်း၊  နားလည်မှုစာချွန်လွှာနှင့် ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း နေ့စဉ်ဆောင်ရွက်ခဲ့သည်။
ကုန်စည်ပြပွဲနောက်ဆုံးရက်တွင်AJ Myanmar  Co., Ltd နှင့်Shenyang Tianfeng Bio-Pharm Co., Ltd  တို့အကြား ကုန်သွယ်မှု ဆိုင်ရာ   နားလည်မှုစာချွန်လွှာကို   လည်းကောင်း၊ Yoma Bank Limited  Fully Light Group of Companies  နှင့် Kokang Ethnic Entrepreneurs Association Incorporated (KKEEA) တို့အကြား ဘဏ်ငွေပေးချေမှု   ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ 

MOC (IR)၊ မိုးထက်