Main menu

Background

နေပြည်တော်တွင်Myanmar Rice Online (MyRO) ဝက်ဘ်ဆိုက်မိတ်ဆက်ပွဲပြုလုပ်

Tue, 11/07/2023 - 10:31 -- journal_editor

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် နိုဝင်ဘာ ၃ ရက်တွင် သင်္ဂဟဟိုတယ် နေပြည်တော်၌ စီးပွား ရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့  ပူးပေါင်း၍ ကျင်းပပြုလုပ်သော Myanmar Rice Online (MyRO) Website မိတ် ဆက်ပွဲအခမ်းအနား Go-Live Ceremony)နှင့် MyROတွင် ဆန်စပါး သိုလှောင်ရုံ များ  မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးပွဲသို့  တက်ရောက်အမှာ စကားပြောကြားသည်။    
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ယနေ့ကျင်းပပြုလုပ်သည့်MyRO Website  မိတ်ဆက်ပွဲနှင့် ပျြွဥ ၌ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ် ရှင်းလင်းဆွေးနွေးပွဲသည် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ဖော်ထုတ်ခဲ့သော ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် တောင်သူများအတွက် သီးနှံအာမခံစနစ် တည်ထောင် ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ MyRO  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း၊ ဆန် စက်မှတ်ပုံတင်ခြင်း လုပ်ငန်းစသည့် လုပ်ငန်းများကိုDigital Platform  ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ကုမ္ပဏီမှတ်ပုံတင်စနစ်ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသည် ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ် အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရ မည့်ရှေ့လုပ်ငန်းစဉ်များအပေါ် ကောင်းသည်ထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒပိုင်းတည် ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ  ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေး၊ ဝယ်ယူကြိတ်ခွဲသူများနှင့် ကုန် သည်လုပ်ငန်းရှင်များအတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ ပြည်တွင်းဖူလုံမှုရှိစေရေးနှင့် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကို ကျင်းပပြုလုပ်ခဲ့ပြီး ဦးစားပေးလုပ်ငန်းစဉ် ၄၃ ရပ်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအနက် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် ၁၂ ရပ်ကို ဖော်ထုတ်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက် ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး သိုလှောင်ရုံကုန် အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် ဆောင်ရွက်မည့်အစီအမံများရေးဆွဲခြင်း၊ မူဝါဒများ ချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင် များကို အားပေးကူညီခြင်း စသည့်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ Pilot Project အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် စီစဉ်လျာထားဆောင်ရွက်လျက်ရှိကြောင်း၊  MyROတွင် တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်လုပ် ငန်းရှင်များ၊ ပြည်ပတင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံးသူများ အပါအဝင် ဆန်စပါးလုပ်ငန်း နှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် တစ်နေရာတည်းတွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများကို လွယ်ကူရိုးရှင်းစွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့ များ၊ လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြော ကြားခဲ့သည်။
ဆက်လက်၍  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က   MyRO Website နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မိတ်ဆက်ဗီဒီယိုအား ပြသခဲ့သည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှုးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။                                                                                                                          

MOC(IR)