Main menu

Background

ကမ္ဘာ့စီးပွားရေး အင်အားကြီးအုပ်စု ဖြစ်လာနိုင်သည့် ထွန်းသစ်စ ဈေးကွက်နိုင်ငံများအဖွဲ့

Wed, 12/20/2023 - 11:01 -- journal_editor

BRICS ဆိုသည်မှာ ဘရာဇီး (Brazil)၊ ရုရှား Russia)၊ အိန္ဒိယ India))၊ တရုတ် (China) နှင့် တောင်အာဖရိက South Africa) နိုင်ငံ များ အကျိုးတူပူးပေါင်းထားသည့် နိုင်ငံတကာ စီးပွားရေး အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်BRICS (ဘရစ်) ကို စီးပွားရေးထွန်းသစ်စ ဈေးကွက်အုပ်စု (Emerging-markets bloc) ) ဟူ၍လည်းကောင်း၊ ထွန်းသစ်စနိုင်ငံများ၏ စီးပွားရေးမဟာမိတ်အဖွဲ့ BRICS Economic Alliance) ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံဘဏ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုဖြစ်သော  Goldman Sachs  ၏ စီးပွားရေးပညာရှင် ဂျင်အိုနီး ရယ် Jim O’Neil) က ၂၀ဝ၁ ခုနှစ်တွင်“BRIC”  ဟူသော ဝေါဟာရ ကို စတင် ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုအချိန်ကတည်းကပင် စီးပွားရေး ပညာရှင် ဂျင်အိုနီးရယ်က စီးပွားရေးထွန်းသစ်စ လေးနိုင်ငံ (Four BRIC economies)) သည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကို ကြီးစိုး လိမ့်မည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် တောင်အာဖရိကနိုင်ငံ ပူးပေါင်းပါဝင်လာသောကြောင့် ထွန်း သစ်စ ဈေးကွက်နိုင်ငံ ငါးင်ငံ (BRICS”) ဖြစ်လာခဲ့သည်။BRICS အဖွဲ့ဝင်နိုင်ငံသည် စီးပွားရေးလုပ်ငန်းအတွက် နိုင်ငံခြားဈေးကွက် ပိုမိုရရှိစေပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ Institutional investors) ) အတွက် အကျိုးအမြတ် သိသိသာသာဖြစ်ထွန်းစေသည်။Instituti- onal investor  ဆိုသည်မှာ အခြားသူကိုယ်စား ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ပေးသော အဖွဲ့အစည်း/ကုမ္ပဏီကို ဆိုလိုသည်။ ဥပမာအားဖြင့်Institutional investors အဖြစ် ပင်စင်ကုမ္ပဏီ (Pension Funds)၊ အကျိုးတူ ရန်ပုံ‌ငွေအဖွဲ့ (Mutual Funds)၊ အာမခံကုမ္ပဏီ Insurance companiesနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ် Investment banks) စသည် တို့ကို ‌တွေ့မြင်နိုင်သည်။ 
ရည်ရွယ်ချက်နှင့် ဖြစ်ပေါ်တိုးတက်မှု
BRICS  သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု အမြန်ဆန်ဆုံးသော ထွန်းသစ်စ ဈေးကွက်များ စုစည်းထားသည့် နိုင်ငံစုံ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထိုကဲ့သို့ နှစ်ပေါင်းများစွာ စီးပွားရေးတိုးတက်မှု မြန်ဆန်ရခြင်းမှာ  အဆိုပါနိုင်ငံများ၌  လုပ်သားစရိတ် နိမ့်ကျခြင်း Low labor costs)၊ လူဦးရေအချိုးအစားကောင်းမွန်ခြင်း (Favorable demographics) နှင့် သဘာဝသယံဇာတ ပေါများခြင်း (Abundant natural resources) တို့ကြောင့်ဖြစ်သည်။BRICS  သည် နိုင်ငံရေး မဟာမိတ်အဖွဲ့ သို့မဟုတ် ပုံမှန်ကုန်သွယ်ရေး အဖွဲ့အသွင် မဆောင် ဘဲ ကမ္ဘာ့စီးပွားရေးအင်အားကြီးမားသောအဖွဲ့ (Powerful economic bloc)) အဖြစ်ရောက်ရှိရန် အလားအလာကောင်းများ တွေ့မြင်နေရ သည်။
စီးပွားရေးအင်အားကြီးမားခြင်းက နိုင်ငံရေးအင်အားကြီး ထွားစေသည်ဟူသော ဆက်နွှယ်ချက်ရှိသည်။ BRICS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များသည် ထိပ်သီးအစည်းအဝေး အတူတကွကျင်းပပြီး ပုံမှန်တက်ရောက်နေကြသည်။ ထိုသို့ အစည်းအဝေးကျင်းပခြင်း အားဖြင့် အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်ကောင်းကျိုးဖြစ်ထွန်း ရန် လုပ်ဆောင်လေ့ရှိသည်။ 
BRICS၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှု တိုးတက်စေရန်ဖြစ်သည်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ တိုးမြှင့်ရန် ဖြစ်သည်။ ထိုကဲ့သို့ ပူးပေါင်းခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတိုင်းအတွက် ကောင်းမွန်မျှတပြီး ရေရှည်ခံသည့် စီးပွားရေးတိုးတက်မှု မြှင့်တင်ရန် ရည်ရွယ်သည်။ ထို့ကြောင့်BRICSသည် အဖွဲ့ဝင် နိုင်ငံအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး  Growth and development))ကို  ထည့်သွင်း စဉ်းစားကြောင်း တွေ့ရှိရသည်။
BRICS  သည် ၂၁ ရာစုနှစ်အတွင်း စီးပွားရေးအင်အားကြီး မားသော ထွန်းသစ်စဈေးကွက် မဟာမိတ်အဖွဲ့အဖြစ် ပေါ်ထွန်းလာ ခဲ့သည်။ ဤမဟာမိတ်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အထောက်အကူပြုသော အုပ်စုအဖြစ် သိသိသာသာ တိုးတက်နေ သည်။ ယခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ကမ္ဘာ့စုစုပေါင်းဝင်ငွေ Global GDP) ၌ BRICS၏ ပါဝင်မှုသည် G7၏ ပါဝင်မှုထက် ပိုမိုများပြားခဲ့သည်။ Group  of   Seven  ဟူသော G7  သည် ကမ္ဘာ့ စီးပွားရေး အတိုးတက်ဆုံးနိုင်ငံ ခုနစ်နိုင်ငံကို ရည်ညွှန်းပါသည်။BRICS သည် ကမ္ဘာတစ်ဝန်း စီးပွားရေး လုပ်ဆောင်ချက်အားလုံး၏ သုံးပုံတစ်ပုံနီးပါး ဆောင်ရွက်နေသည်။ ထို့ကြောင့် BRICS သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၌  ွ၇ ၏ ပါဝင်မှုထက် ပိုမိုသာလွန်ခဲ့ခြင်း ဖြစ်သည်။
စီးပွားဆက်ဆံရေး အစီအစဉ်
အဖွဲ့ဝင်နိုင်ငံများကြား   စီးပွားဆက်ဆံရေး   (Economic relationships) အတွက် အစီအစဉ်သုံးခု  အကောင်အထည်ဖော် လျက်ရှိသည်။ ပထမအစီအစဉ်မှာ ဘရစ်စီးပွားရေးလုပ်ငန်း ကောင်စီ BRICS Business Council)) ဖန်တီးခြင်းဖြစ်သည်။ ဒုတိယအချက် မှာ အရေးပေါ် အရန်ငွေကြေး သဘောတူညီချက် (Contingent Reserve Agreement-CRA)ထားရှိခြင်းဖြစ်သည်။ တတိယ အစီ အစဉ်မှာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် (New Development Bank- NDB)) တည်ထောင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ရုံးချုပ် တည်ရှိသော   NDB    သည်ဘရစ်အဖွဲ့ဝင်နိုင်ငံများအတွင်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အရင်း အနှီး စုစည်းထုတ်ပေးသည့် အရေးပါသော ဘဏ်တစ်ခုဖြစ်သည်။ အရေးပေါ် အရန်ငွေကြေးသဘောတူညီချက် (CRA) ) သည် အဖွဲ့ဝင် နိုင်ငံ၏ ကာလတို ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။ ထို့ပြင် CRA) သည် ဘဏ္ဍာရေးတည်ငြိမ်မှု တိုးတက်စေပြီး ပြည်ပ ငွေပေးငွေယူရှင်းတမ်း အကျပ်အတည်း Balance-of-payment crises)ပြေလည်စေသည်။
ရင်ဆိုင်‌ရသော စိန်ခေါ်မှုများ
ထွန်းသစ်စဈေးကွက်နိုင်ငံများအဖွဲ့ အဓိကရင်ဆိုင်နေရသော စိန်‌ခေါ်မှု သုံးခုရှိသည်။ ၎င်းတို့မှာ နိုင်ငံရေးနှင့် စီးပွားရေး မတည်  ငြိမ်မှု၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးအပေါ် သဘောထားကွဲလွဲမှုအပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား နယ် နိမိတ် အငြင်းပွားမှုတို့ဖြစ်သည်။ အဆိုပါ အတွင်းပိုင်းစိန်ခေါ်မှုများ Internal challenge)က အဖွဲ့၏ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး နှင့် စီးပွားရေးတိုးတက်မှုအတွက် အခက်အခဲဖြစ်စေသည်။ ထို့ပြင် အပြင်ပိုင်း စိန်ခေါ်မှုများ (Exog amous factors) ဖြစ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်း ခြင်းတို့က အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်စေသည်။ 
အဆိုပါ စိန်ခေါ်မှုများကို ရှင်းမရနိုင်လောက်သည့် ပြဿနာ အဖြစ် ရှုမြင်သူများလည်းရှိသည်။ ထိုကဲ့သို့ ရှုမြင်သူများက ထွန်း သစ်စ ဈေးကွက်အုပ်စု၏ တိုးတက်အောင်မြင်မှုအ‌ပေါ် သံသယ ဝင် နေကြသည်။ ထို့အတွက် ယခု ၂၀၂၃ ခုနှစ်တွင် ကျင်းပသည့် ထိပ်သီး အစည်းအဝေးက  အဆိုပါသံသယကို  ချေဖျက်နိုင်လိမ့်မည်ဟူ၍ အဖွဲ့ဝင်နိုင်ငံများက မျှော်လင့်ထားသည်။ 
၂၀၂၃ ခုနှစ် ထိပ်သီးအစည်းအဝေး
(၁၅) ကြိမ်မြောက် ဘရစ်ထိပ်သီးအစည်းအဝေး 15th  BRICS Summit 2023 ကို ၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်နေ့မှ ၂၄ ရက်ထိ တောင်အာဖရိကနိုင်ငံ ‌ဂေါက်တန်ခရိုင်(Gauteng)၊ ဂျိုဟံနက်စ် ဘတ်မြို့ (Johannesburg)) ၌ ကျင်းပခဲ့သည်။ အစည်းအဝေး၌ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့ရေး၊ ရေရှည်ဖွံ့ဖြိုးတိုး တက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေး (Global governance reform) စသည်တို့ကို ဆွေးနွေး ခဲ့သည်။ ထို့ပြင် အစည်းအဝေး၌ အငြင်းပွားဖွယ် ကိစ္စရပ်တစ်ခ ဖြစ် သော ရွှေကိုကျောထောက်နောက်ခံထားသည့် ဘရစ်ငွေကြေးသစ် Gold-backed currency)  အကြောင်း  ထည့်သွင်းဆွေးနွေးခဲ့ကြ  သည်။ 
ဤကဲ့သို့  ငွေကြေးသစ်အသုံးပြုရန်  လုပ်ဆောင်ရခြင်းမှာ အမေရိကန်ဒေါ်လာအပေါ်  မှီခိုအားထားနေရခြင်းကို လျှော့ချရန် ရည်ရွယ်သည်။ ငွေကြေးသစ်သုံးစွဲမည့် အစီအစဉ်သည် ကမ္ဘာ့စီးပွား ရေး၌ ထိပ်ဆုံးသို့ ရောက်ရှိမည့်BRICS  ၏ နေရာကို ခိုင်မာစေနိုင် ကြောင်း ပညာရှင်နှင့် ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားသည်။ သို့သော်လည်း ဘရစ်ငွေကြေး အသုံးပြုသည့်ကိစ္စသည် ဘရစ်အုပ်စု အတွင်း ဖြစ်ပွားနေသော စီးပွားရေးပြဿနာကို တုံ့ပြန်သော အစီ အမံတစ်ခုသာဖြစ်ကြောင်း  အခြားသူများက တွေးထင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးနှင့် သံတမန်ရေး အားနည်းနေသည်ဟု ယူဆရချိန်တွင်BRICS  ၏ ငွေ ကြေးသစ်သုံးစွဲမည့် အစီအစဉ်ကြေညာချက်သည် အချိန်ကိုက်ဖြစ် ကြောင်း တွေ့ရှိရသည်။ 
ငွေကြေးသစ်သုံးစွဲရေးအစီအစဉ်များ
တရုတ်၊ ရုရှားနှင့် ဘရာဇီးနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်ပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာ မဟုတ်သော ငွေကြေးများ (Non-dollar currencies)) ပိုမိုအသုံးပြုလျက်ရှိသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာ အသုံးပြုမှု သိသိသာသာ ကျဆင်း လာစေသည်။ ယူကရိန်း-ရုရှား ပဋိပက္ခကြောင့် အနောက်နိုင်ငံများ က ရုရှားနိုင်ငံအပေါ် စီးပွားရေးနှင့် ငွေကြေးပိတ်ဆို့မှုများ (Sanctions)) ချမှတ်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကလည်း ဘရစ်ငွေကြေးသစ် သုံးစွဲရန် ပိုမိုတွန်းအားပေးရာ‌ရောက်ခဲ့သည်။BRICS  နိုင်ငံများသည် ဘရစ်ခရစ်တိုငွေကြေး BRICS crypto currency)) အသုံးပြုရန် အတွက် ဖြစ်နိုင်ခြေလေ့လာမှုများ လုပ်ဆောင်နေသည်။ ထို့ပြင် ငွေ ကြေးဖလှယ်နိုင်စွမ်းရှိခြင်းနှင့် စီးပွားရေး ပေါင်းစည်းခြင်းအတွက် ဗဟိုဘဏ် ဒီဂျစ်တယ်ငွေကြေးများ(Central Bank Digital Currencies)) မဟာဗျူဟာမြောက် ပေါင်းစည်းရေးကိုလည်း စီစဉ်နေသည်။ 
ငွေကြေးသစ် (New BRICS Currency) သုံးစွဲရေးအတွက် ကျယ်ပြန့်သော ဆွေးနွေးညှိနှိုင်းမှု၊ ‌ငွေကြေးလဲလှယ်နှုန်း ယန္တရား တည်ဆောက်ခြင်း၊ ငွေကြေးပေးချေမှုစနစ်နှင့် ဘဏ္ဍာရေးဈေးကွက် စည်းမျဉ်းရေးဆွဲခြင်း   စသည်တို့လိုအပ်သည်။   သို့သော်လည်း ထွန်းသစ်စ ဈေးကွက်နိုင်ငံများအဖွဲ့သည် ငွေကြေးသစ် စတင်သုံးစွဲ ခြင်းမပြုမီ  နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်မှုအတွက် ထိ ရောက်သော အလိုအလျောက် ငွေကြေးပေးချေ မှုစနစ် Integrated payment system) စတင် အသုံးပြုနိုင်သည်။ 

Source: impakter.com; middleeastmonitor.com

သိန်းမြင့်ဝေ