Main menu

Background

စိန်ခေါ်မှုများနှင့် ဉာဏ်ရည်တု (AI) နည်းပညာအကြောင်း သိကောင်းစရာ

Wed, 12/20/2023 - 12:35 -- journal_editor

၂၁ရာစုအလွန် ယနေ့ကမ္ဘာကြီးတွင်  နေ့စဉ်နှင့်အမျှ တစ်ရက်နှင့်တစ်ရက်မတူညီအောင် နည်းပညာ အသစ်အဆန်း များ တီထွင်ဆန်းသစ်မှု များပြားလာလျက်ရှိရာ အမျိုးမျိုးသော နည်းပညာများအနက် မရှိမဖြစ်လူသားများ နေ့စဉ်ထိတွေ့နေ ရသော နည်းပညာမှာ AI (Artificial Intellengence)ခေါ် ဉာဏ်ရည်တုဟုလည်း ခေါ်ဝေါ်ကြသည့် နည်းပညာဖြစ်သည်။လူသားတို့ နေ့စဉ်အသုံးပြုနေရသည့် smart phone Computer  စသည့် မရှိမဖြစ်ပစ္စည်းများမှာ AI  နည်းပညာနှင့် မကင်းပေ။ အင်တာနက်မှ အချက်အလက်များ ရှာဖွေဖတ်ရှုချင်၍ဖြစ်စေ၊Youtube Netflix များမှ ရုပ်ရှင်များ ကြည့်ရှုခြင်းဖြစ်စေ၊ ဗာဖေသည ကဲ့သို့ အွန်လိုင်းမှ ဈေးဝယ်ခြင်းမျိုးဖြစ်စေ အစရှိသည့် လူတို့၏  နေ့စဉ်   လုပ်ဆောင်ချက်များ  နောက်ကွယ်တွင် Artificial Intelligence  ရှိနေသည်။
AIဟူသည် လူလုပ်အသိÓဏ်(ဝါ)Óဏ်ရည်တုဟူ၍ လည်း ခေါ်ကြသည်။ AI ကို ကြားလိုက်သည်နှင့် အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများ၊ စက်ရုပ်‌များ၊ လူတိုင်းနီးပါး ကြား ဖူးကြပြီးဖြစ်သည့် ChatGPT  နှင့် အခြားသော chatbots များ၊ လူကိုယ်တိုင်ဆွဲ ရိုက်ကူးထားခြင်းမဟုတ်သည့် ပုံများကိုသာ တွဲဖက်မြင်မိကြမည်ဖြစ်သည်။ ထိုကဲ့သို့ရလဒ်များ ထုတ်ပေးနိုင် သည့် AI ဆိုသည်မှာ ယခုပစ္စုပ္ပန်နှင့် အနာဂတ်တွင် လူသားများ အပေါ် မည်သို့အကျိုးသက်ရောက်နိုင်သည်ဆိုသည်ကို သိရှိထား ရန်လိုအပ်ပါသည်။ Artificial intelligence (AI) ဟူသည် ၁၉၅၀ နောက်ပိုင်းမှစတင်ကာ ခသညခနစအ တစ်ခုအနေနှင့် ရှိခဲ့သည်။ လူ့ အသိÓဏ်ပါမှ လုပ်၍ရသည့် အလုပ်တစ်ခုကို  စက်ပစ္စည်းက လူ့အသိÓဏ်မပါဘဲ သီးသန့်လုပ်ဆောင်နိုင်ခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
AI ၏ အရှည်ကောက်မှာ Artificial Intelligence ဖြစ် သည်။ တိုက်ရိုက်ဘာသာပြန်လျှင် ဖန်တီးပြုလုပ်ထားသည့် အသိဉာဏ်ဟူ၍ အဓိပ္ပာယ်ရပြီး Artificial Intelligence ဆိုသည်မှာ အလိုအလျောက် သင်ယူလေ့လာနိုင်စေရန် ရေးဆွဲထားသည့် ကွန်ပျူတာပရိုဂရမ်တစ်ခုဖြစ်သည်။ Machine-learning Algo- rithm  များသုံးပြီးdeep learning စနစ်နှင့် သင်ယူနိုင်စေရန် ရေးဆွဲထားသည်ဟု ဆိုနိုင်သည်။ လူသားများတွင် ဦးနှောက်ရှိ ပြီး  စဉ်းစားတွေးခေါ်  သင်ယူနိုင်သကဲ့သို့ AI သည်လည်း ကွန်ပျူတာ၏ ဦးနှောက်အဖြစ် မှတ်ယူနိုင်သည်။
AI  Artificial Intelligence ဉာဏ်ရည်တုနည်းပညာကို အဓိက အသုံးပြုနေသည့် နေရာများသည် အားလုံးသိကြသည့် အတိုင်း စက်ရုပ်များတွင်ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မောင်း သူမဲ့ကားများ၊   ဒရုန်းယာဉ်များ၌ ထည့်သွင်းအသုံးပြုရုံသာမက     မော်တော်ကား ထုတ်လုပ်ရေးစက်ရုံများတွင် အလိုအလျောက် ကားအစိတ်အပိုင်း တပ်ဆင်သူစက်ရုပ်များအဖြစ်လည်း အသုံးပြု ကြပါသည်။ စားသောက်ဆိုင်များတွင် စားပွဲထိုး၊  ဧည့်ကြိုများ အဖြစ် လည်းကောင်း၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သူများ အဖြစ် လည်းကောင်း၊   ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်းကောင်း၊  website များ၏ Searchengine  တွင် လည်း ကောင်း၊ ကွန်ပျူတာနှင့် စမတ်ဖုန်းများတွင်လည်းကောင်း AI    ဉာဏ်ရည်တုနည်းပညာကို အသုံးပြုလာကြပြီဖြစ်သည်။ နောက် ပိုင်း စက်ရုပ်များတွင် ယခင်စက်ရုပ်များကဲ့သို့ သတ်မှတ်ထားသည့် အတိုင်း အလုပ်တစ်ခုခုကို လုပ်နေခြင်းမျိုး မဟုတ်ဘဲ အိမ်သုံး စက်ရုပ်များအနေဖြင့် တံမြက်စည်းလှည်းခြင်း၊ ဖုန်သုတ်ခြင်း၊ ပန်း ကန်ဆေးခြင်း စသည်များအပြင် ကလေးများကိုပါ ထိန်းကျောင်း ပေးနိုင်သည့် စက်ရုပ်များအထိပါ ဖန်တီးနိုင်ခြင်းသည် AI နည်း ပညာ၏ အကျိုးကျေးဇူးများပင်ဖြစ်သည်။ 
AI နှင့် စိန်ခေါ်မှုများ
ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များနှင့် နည်း ပညာရှင်များက ဉာဏ်ရည်တုနည်းပညာ (AI) ၏ အသုံးဝင်မှုများ ကိုသာမက ထိုနည်းပညာကို အလွဲသုံးပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအား သတိပြုနိုင်ရန်နှင့် ကာကွယ်နိုင်မည့် ဥပဒေ များကိုပါ ဆုံးဖြတ်ပြဋ္ဌာန်းလာကြသည်ကို တွေ့ရသည်။ အမေ ရိကန်ကဲ့သို့ နည်းပညာထွန်းကားသည့် နိုင်ငံကြီးသည်ပင် နည်း ပညာ အလွဲသုံးမှု အန္တရာယ်များကို သတိပြုလာကြရာ နိုင်ငံငယ် များအနေဖြင့်လည်း ကြိုတင်သတိပြု  ပြင်ဆင်ထားရမည်ဖြစ် သည်။
ဥာဏ်ရည်တုနည်းပညာသည် လက်ရှိတွင် အဆင့်မြင့်ဆုံး နည်းပညာတစ်ခုဖြစ်ပြီး လူအများ၏ဘဝကို တိုးတက်ကောင်း မွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော်လည်း တစ်ချိန်တည်းမှာပင် အဆိုပါ နည်းပညာကြောင့်  လုံခြုံရေးခြိမ်းခြောက်မှုများထိပါ ရှိ နိုင်ကြောင်း နိုင်ငံ့ခေါင်းဆောင်များက ပြောကြားလာကြသည်။ ဉာဏ်ရည်တု နည်းပညာကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးမှုများရှိလာသလို လူတို့၏ ကိုယ်စိတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း၊ သတင်းမှားများ ဖန်တီး နိုင်ခြင်း၊ အလုပ်အကိုင်များ  ဆုံးရှုံးနိုင်ခြင်း၊ အနာဂတ်တွင် အဆိုပါ  နည်းပညာကြောင့်ပင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပေးလာနိုင်ကြောင်း သုံးသပ်မှုများရှိလာသည်။
ဉာဏ်ရည်တု Artificial intelligence - AI) ဆိုသည်မှာ  အသိဉာဏ်ရှိသော ကိုယ်စားလှယ်များကို ဒီဇိုင်းထုတ်လေ့လာရန်  သို့မဟုတ် စက်ကိရိယာတို့၏ အသိဉာဏ်ကို ဖန်တီးထားခြင်းဖြစ် သည်။  AI နည်းပညာတွင်ခွဲခြမ်းစိတ်ဖြာ၊ လူ့-Inspired ၊ လူအတု ထောက်လှမ်းရေးတို့ပါဝင်သည်။ သိပ္ပံနှင့်နည်းပညာ  မြင့်မား တိုးတက်လာသော လူ့အသိုက်အဝန်းတွင်AIနည်းပညာသည် ဆန်းသစ်သည့်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည်။ သိမှုဉာဏ် အပြင် လူ့စိတ်ခံစားချက်ကို နားလည်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း တို့ကို ထည့်သွင်းစဉ်းစားနိုင်စွမ်းရှိသည့်ဉာဏ်ရည် ထည့်သွင်း ထားသော ဉာဏ်ရည်တု လူမိတ္တူဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံ မဟုတ်သေးသော်လည်း ၂၀၁၃ ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဆက်သွယ်ရေးနည်းပညာကဏ္ဍကို လွတ်လပ်သောဈေးကွက် အဖြစ် ဖွင့်လှစ်ပေးနိုင်မှုနှင့်အတူ နည်းပညာများဖွံ့ဖြိုးတိုးတက် လာသည်။ အွန်လိုင်း ဝန်ဆောင်မှုစနစ်များ၊ ဒစ်ဂျစ်တယ်နည်း ပညာစနစ်များ    ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်လာနိုင် သောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ နေ့စဉ် လူမှုစီးပွားဘဝများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာ အသုံးပြုမှုအပေါ် များစွာမှီခိုလာကြသည်။ အသုံး ပြုမှု ကျယ်ပြန့်လာသည်နှင့်အတူ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက် မှု၊ တိုက်ခိုက်မှုများလည်း များပြားလာခဲ့သည်။
ဉာဏ်ရည်တုနည်းပညာ (AI)  ဖွံ့ဖြိုးတိုးတက်လာခြင်း ကြောင့် လူသားဖြစ်တည်မှုနှင့် လူနေမှုဘဝပတ်ဝန်းကျင်ကို လွှမ်း မိုးထိခိုက်နိုင်သည့် အခြေအနေများ ကြုံတွေ့လာသည်။ အမျိုး သားလုံခြုံရေးအထိ ပါဝင်လာနိုင်သောကြောင့် နိုင်ငံအများစုက Óဏ်ရည်တုနည်းပညာ (AI) ကို မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများဖြင့် ထိန်းကျောင်းရန် ကြိုးစားလာကြသည်။ သတင်း အချက်အလက်နှင့် နည်းပညာ ဆိုက်ဘာနယ်ပယ်တွင်လည်း စိန်  ခေါ်မှုများ များပြားလာသည့်အတွက် မျက်ခြည်မပြတ် စောင့် ကြည့်ရန် လိုအပ်လာသည်။ 
မြန်မာနိုင်ငံအနေဖြင့် နည်းပညာ တိုးတက်ဖြစ်ထွန်းလာ မှုနှင့်အတူ ကြိုတင်ကာကွယ်ဖြေရှင်းရန် လိုအပ်သော ဆိုက်ဘာ လုံခြုံရေးမူဝါဒကို ၂၀၂၃ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားသည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင်ပါဝင်သော အချက်အလက် များကို သက်ဆိုင်ရာနယ်ပယ်အလိုက် သိရှိနားလည်ဆောင်ရွက် ထားရန် လိုအပ်ပြီး  AI နည်းပညာ၏ အသုံးဝင်မှုနှင့် အန္တရာယ် တို့ကို နားလည်သိရှိနားလည်နိုင်စေရန် ရေးသားတင်ပြလိုက် ရသည်။ 
SOURCE-DIGITALIDOTS.COM.MM-WIKIPEDIA

အေးငြိမ်းစံ(Mdy Doca)