Main menu

Background

၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေး အလားအလာ

Mon, 01/15/2024 - 11:15 -- journal_editor

မြင့်မားသောအတိုးနှုန်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်နေခြင်း၊ ကုန်သွယ်မှု ကျဆင်းခြင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနေ ခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျဆင်းနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကမ္ဘာ့စီးပွားရေး ကျဆင်းခဲ့သော ကြောင့် ၂၀၂၄ ခုနှစ်သည် တတိယနှစ်အဖြစ် ဆက်တိုက်ကျဆင်း နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ကမ္ဘာ့စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၂ ဒသမ ၄ ရာခိုင်နှုန်း သာ တိုးတက်နိုင်ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ကမ္ဘာ့စီးပွားရေးသည် ၂၀၂၃ ခုနှစ် တွင် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ် ကပ်ရောဂါကာလနောက်ပိုင်း စီးပွားရေး ပြန်လည် ကောင်းမွန်လာမှု ကို ထင်ဟပ်စေမည်ဖြစ်သည်။
အထူးသဖြင့် အစ္စရေး-ဟားမတ်စ်နှင့် ရုရှား-ယူကရိန်း ပဋိပက္ခ များကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာတင်းမာမှု တိုးမြင့် လာခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို  အားနည်းစေသည်။ ထို့ပြင် အြွေကးဝန်ပိနေသည့် ဆင်းရဲသောနိုင်ငံများသည် ရာသီဥတုဖောက် ပြန်မှုနှင့်  ဆင်းရဲမွဲတေမှုကို  တိုက်ဖျက်ရန်အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်ကြောင်း တွေ့ရှိရသည်။ ]]ကမ္ဘာ့စီးပွား ရေးဟာ ကာလတို ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေဦးမယ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံ အများအပြား အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံတွေ အြွေကး ထောင်ချောက်ထဲ  ပိတ်မိနေပါမယ်၊  လူသုံးဦးမှာ  တစ်ဦးလောက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေပါလိမ့်မယ်}}ဟု ကမ္ဘာ့ဘဏ်စီးပွားရေး ပညာရှင် Indermit Gill က ပြောကြားထားသည်။
မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့စီးပွားရေးသည် တုန်လှုပ် ချောက်ချားဖွယ်ရာ Shock) အမျိုးမျိုး ခံနိုင်ရည်ရှိကြောင်း သက်သေ ပြခဲ့သည်။  အဆိုပါ တုန်လှုပ်ချောက်ချားဖွယ်ရာများမှာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရုရှား-ယူကရိန်း ပဋိပက္ခ၊ ဈေးနှုန်းမြင့်တက်မှုကို ထိန်း ချုပ်ရန် ဗဟိုဘဏ်များ၏ အတိုးနှုန်းမြှင့်တင်မှုနှင့် ငွေကြေးဖောင်းပွမှု တို့ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းထား သည်ထက် ရာခိုင်နှုန်းထက်ဝက် ပိုမိုမြန်ဆန်လာသောကြောင့်  ကမ္ဘာ လုံးဆိုင်ရာ   စီးပွားရေးကျဆင်းမှုအန္တရာယ်  (Risk of a global recession) မရှိတော့ကြောင်း၊Global recession  မရှိနိုင်သော်လည်း ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှုသည် ၂၀၂၃ ခုနှစ် စီးပွားရေး တိုးတက်မှုထက် ပိုမိုနိမ့်ကျနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ကောက်ချက် ချထားသည်။ 
၂၀၂၃ ခုနှစ်တွင်  အမေရိကန်စီးပွားရေးသည်  ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အမေရိကန်စီးပွားရေးသည် ကမ္ဘာ့ဘဏ် က ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် မျှော်လင့်ထားသည်ထက် ၁ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာ တိုးတက်ခဲ့သည်။ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ ရှိ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးအေဂျင်စီ  (189-country anti-poverty agency) ဖြစ်သော ကမ္ဘာ့ဘဏ်က ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်စီးပွားရေးသည် ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်မှု နှေးကွေးသွားနိုင်ကြောင်း ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆို သော်  အမေရိကန်နိုင်ငံ၏   အတိုးနှုန်းမြင့်မားခြင်းက  ချေးငွေနှင့် အသုံးစရိတ်များ အားနည်းသွားစေနိုင်သောကြောင့်ဖြစ်သည်။ 
အမေရိကန်ဗဟိုဘဏ် (င်္နိနမေူ ျွနျနမလန) သည် ၂၀၂၂ ခုနှစ် မတ်လမှစတင်၍  အမေရိကန်နိုင်ငံ၏ အတိုးနှုန်းကို  ၁၁ ကြိမ် မြှင့်တင်ခဲ့သည်။ ထိုကဲ့သို့ အတိုးနှုန်း အကြိမ်ကြိမ် မြှင့်တင်ခဲ့သော ကြိုးပမ်းမှုများကြောင့်  နှစ်ပေါင်းလေးဆယ်အတွင်း အမြင့်ဆုံးရောက် ရှိခဲ့သော ငွေကြေးဖောင်းပွမှုသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင်  ကျဆင်းခဲ့သည်။ အကျိုးဆက်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သော ကမ္ဘာ့ငွေကြေးဖောင်းပွမှုသည် ၂၀၂၄ ခုနှစ် တွင် ၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းနိုင်မည်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။
အမေရိကန်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်၏စီးပွား ရေးသည် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယခု ၂၀၂၄ နှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန် အလားအလာရှိသည်။ ထို့ ကြောင့် တရုတ်နိုင်ငံ၏  စီးပွားရေးသည် ၂၀၂၃ ခုနှစ်ထက် သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း တွေ့ရှိရသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး သည်   ဆယ်စုနှစ်များစွာ ကမ္ဘာလုံးဆိုင်ရာ  တိုးတက်မှုအတွက် ဦးဆောင်ဦးရွက်ပြုသည့် အင်ဂျင်စက်ဖြစ်ခဲ့သည်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ကမောက် ကမဖြစ်ခဲ့သည်။ ၎င်း၏ အိမ်ရာများစွာ ဆောက်လုပ်ထားသော အိမ်ခြံမြေဈေးကွက်(overbuilt property market)) တုန်လှုပ်သွားခဲ့ သည်။ လူငယ် အလုပ်လက်မဲ့ များပြားလာသောကြောင့်  နိုင်ငံ၏ စားသုံးမှုကျဆင်းလျက်ရှိသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ လူဦးရေသည် သက်ကြီးရွယ်အို  များပြားလာသောကြောင့်  နိုင်ငံ၏ စီးပွားရေး တိုးတက်မှုစွမ်းရည် (capacity for growth) ကို နှေးကွေးစေကြောင်း တွေ့ရသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ကျဆင်းသွားခြင်းသည် ကျောက်မီးသွေးထုတ်လုပ်သည့် တောင်အာဖရိကနှင့် ကြေးနီတင်ပို့ သည့် ချီလီတို့ကဲ့သို့ တရုတ်ဈေးကွက်ကို ကုန်စည်ထောက်ပံ့နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ထိခိုက်ဖွယ်ရှိလာနိုင်သည်။
ယူရိုငွေကြေးသုံးစွဲသည့် နိုင်ငံပေါင်း ၂၀ သည် ၂၀၂၃ ခုနှစ် တွင် သုည ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခုနှစ် ၂၀၂၄ တွင် သုညဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာနိုင်သောကြောင့်  အနည်း ငယ် ပိုမိုတိုးတက်ရန် အလားအလာရှိသည်။ ဂျပန်၏ စီးပွားရေးသည် သုည ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက်နိုင်သောကြောင့် ၂၀၂၃ ခုနှစ် စီးပွားရေးတိုးတက်မှု၏ ထက်ဝက်ခန့်သာ တိုးတက်နိုင်သည်။
Source: pbs.org

သိန်းမြင့်ဝေ