Main menu

Background

ချည်ထည်လုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

Mon, 05/06/2024 - 11:37 -- journal_editor

မြန်မာနိုင်ငံ၏  ရာသီဥတုမှာ  တစ်နှစ်ထက် တစ်နှစ်  ပို၍ပူပြင်းလာသဖြင့် လူအများမှာ အပူဒဏ် ကို နွေရာသီရောက်တိုင်း နှစ်စဉ်လိုလိုခံစားရသည်။ ထိုသို့အပူဒဏ်ကို အန်တုကာကွယ်နိုင်ရန်အတွက် လူ တို့၏ကိုယ်ခန္ဓာတွင် အေး၍  ပေါ့ပါးလွတ်လပ်သော အဝတ်အထည်များကို ရွေးချယ်၍ ဝတ်ဆင်ကြသည်။  
ထိုသို့ဝတ်ဆင် ကြသဖြင့်   ချည်ထည်လုပ်ငန်း ရက်လုပ်သော ရက်ကန်းစင်များ တိုးတက်လာခဲ့သည်။ ပြည်ခရိုင်အနေဖြင့်  ရွှေတောင်မြို့နယ်တွင် မြန်မာ့ ရိုးရာ စည်းလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦးခန့်ရှိကြောင်း သိရသည်။ ယခင်ကရွှေတောင်မြို့နယ်ရှိ ကျီးသဲရွာနှင့် မြို့မရွာတို့တွင် စီးပွားဖြစ် ရက်ကန်းစင်များရှိသလို တစ်နိုင်တစ်ပိုင် ရက်ကန်းစင်များလည်းရှိပြီး ရှေး ယခင်ကပင် ရက်ကန်းလုပ်ငန်းဖြင့်  ထင်ပေါ်ကျော် ကြားခဲ့သည်။ 
ရွှေတောင် ကျီးသဲရွာတစ်ရွာလုံး၏ အသက်မွေး ဝမ်းကျောင်းမှာ ပိုးထည်ရက်လုပ်ခြင်း လုပ်ငန်းဖြစ် သည်။ နောက်ပိုင်းတွင် ပိုးထည်အပြင် ချည်ထည်များ ကိုပါ တိုးချဲ့ထုတ်လုပ်လာကြောင်း သိရသည်။ ထိုသို့ ချည်ထည်များအဖြစ်    ပြောင်းလဲထုတ်လုပ်ရာတွင် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ချည်ချောနှင့် ချည် ကြမ်းလုံချည်များကို ရက်လုပ်လာကြသည်။ ရွှေတောင် စည်းလုံချည် အဓိကပညာရပ်မှာ သားရေကွင်းဖြင့် စည်း၍ လိုချင်သော အပွင့်အမျိုးမျိုးကိုပုံဖော်ပြီး ဆေး ရောင်အမျိုးမျိုးဆိုး၍  ရောင်းတန်းဝင်သော စည်း လုံချည်ကို ရရှိသည်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်သော  ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ရက်လုပ်၍ ရောင်းချကြသည်။  ချည်ထည်များတွင် ၂/၈၀ နှင့် ၂/၁၀ဝ ချည်ဟူ၍ရှိပြီး ၂ /၁၀ဝချည်မှာ ပွဲတိုးပြီးတန်ဖိုးရှိသော   ချည်အမျိုးအစားဖြစ်သည်။ 
ယခင်က မြန်မာ့ရိုးရာလက်ရက်ကန်းစင်ပေါင်း မြောက်မြားစွာရှိပြီး  ခေတ်မီတိုးတက်လာသည်နှင့် အမျှ လက်ရက်ကန်းများနည်းလာပြီး စက်ရက်ကန်း များဖြင့် အစားထိုးလာကြသည်။  ထိုသို့ စက်ရက်ကန်း များဖြင့် အစားထိုးထုတ်လုပ်လာကြသဖြင့် အသေး စား၊ အငယ်စား၊ အလတ်စား ြှနျြ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကြသည်။  စက်ရက်ကန်းများဖြင့် ချည်ထည်များကို ထုတ်လုပ်လာကြသဖြင့် အချိန်တို အတွင်း ကွင်းရေ အများအပြားထုတ်လုပ်လာနိုင်ကြ သလို ခေတ်မီသေသပ်လှပသော ချည်ထည်များရရှိလာ မည်ဖြစ်သည်။  ထိုသို့သေသပ်လှပသော ချည်ထည် များကို ပြည်တွင်းတွင် သုံးစွဲသည့်အပြင် ပြည်ပသို့ လည်း ထိုးဖောက်ရန် စီစဉ်လျက်ရှိသည်။ 
ပြည်တွင်းဈေးကွက်အနေဖြင့်  ရွှေတောင်မြို့မှ ထွက်ရှိသော  ချည်ထည်များကို  ရွှေတောင်မြို့နှင့် အနီးနားရှိမြို့များ၊ ပြည်မြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့များသို့  တင်ပို့ရောင်းချကြသည်။ ကမ္ဘာလှည့်ခရီးသွားသော နိုင်ငံခြားသားဧည့် သည်များက   ရက်ကန်းစင်များသို့    သွားရောက်၍ မြန်မာ့ရိုးရာချည်ထည်ထုတ်လုပ်ပုံများကို လာရောက် လေ့လာ၍ နှစ်ခြိုက်စွာဝယ်ယူကြသည်။ 
စည်းလုံချည် ဈေးနှုန်းများအနေဖြင့် ၂/၁၀ဝ ကျစ်ပိုးစည်း ဝမ်းဆက်တစ်စုံလျှင် ကျပ် ၂၃၀ဝ၀ ၊ ၃ီ ပိုးစည်းတစ်စုံလျှင် ကျပ်  ၂၅၀ဝ၀၊ စည်းလုံချည် (ရိုးရိုး) ဝမ်းဆက်တစ်စုံလျှင်  ကျပ် ၂၂၀ဝ၀ ဖြင့် ရောင်းချသလို အမျိုးသားဝတ်ပုဆိုးများဖြစ်သော အင်းမပုဆိုး၊ ချည် ပုဆိုး အမျိုးမျိုးကို ထုတ်လုပ်၍ ရောင်းချကြသည်။ အမျိုးသမီးဝတ် အင်္ကျီများကိုလည်း ပုံစံအမျိုးမျိုးချုပ် ၍ ရောင်းချကြသည်။ 
ပူပြင်းသော   ရာသီဥတုအပြင်  ကျန် မိုးနှင့် ဆောင်း လများတွင်လည်း ဝတ်ဆင်နိုင်ကြသဖြင့် ဝတ် ဆင်သူများအနေဖြင့်လည်း ပြည်တွင်းဖြစ်ကိုအားပေး ၍  ဈေးသက်သာစွာ   ဝယ်ယူဝတ်ဆင်နိုင်ကြသလို  ထုတ်လုပ်သူများအနေဖြင့်လည်း တွက်ခြေကိုက်ကြ သည်။ နိုင်ငံတော်အနေဖြင့်လည်း ဝါကုန်ကြမ်းသီးနှံ မှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်လာနိုင် သဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားMSMEs လုပ်ငန်းရှင်များကို အားပေးကူညီလျက်ရှိရာ လုပ်ငန်း ရှင်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုတိုး တက် ထုတ်လုပ်လာနိုင်မည်ဖြစ်ပါက မိမိတို့အနေဖြင့် လည်း  အကျိုးရှိသလို နိုင်ငံတော်အနေဖြင့်လည်းMSMEs  လုပ်ငန်းများ  အောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြားဝင်ငွေများ ရရှိလာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ် တွင်သာမကဘဲ အခြားမြို့နယ်များတွင်လည်း မြန်မာ့ ချည်ထည်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်မည် ဆိုပါက   ချည်ထည်လုပ်ငန်းအနေဖြင့်MSMEs လုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း လေ့ လာသုံးသပ် တင်ပြအပ်ပါသည်။

ဝေဝေမင်း (ပြည်)