Main menu

Background

ပို့ကုန်တိုးမြှင့်ရေး နည်းလမ်းကောင်းများ

Mon, 05/06/2024 - 12:25 -- journal_editor

ပို့ကုန်တင်ပို့ခြင်းသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အရေးပါသောဇာစ်မြစ်တစ်ခုဖြစ်သည်။ ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှသာ လျှင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ SMEs)) ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။  ပြည်ပဈေးကွက်သို့ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့သည့် လုပ်ငန်းသည် ပြည်ပဈေး ကွက်သို့ ကုန်စည်နှင့် ဝန်ဆောင်မှုများ မတင်ပို့သည့် လုပ်ငန်းထက် ပိုမိုမြန်ဆန်စွာ တိုးတက်ပါသည်။ ထို့အတူ ပို့ကုန်တင်ပို့လျက်ရှိသော လုပ်ငန်းသည် ပို့ကုန်တင်ပို့ခြင်း မရှိသည့်လုပ်ငန်းထက် စွမ်းဆောင် ရည် ပိုမိုကောင်းမွန်သည်။
ထို့ကြောင့် အစိုးရများသည် နိုင်ငံတကာကုန်သွယ်မှုကို ပိုမို အားပေးနေသည်။ သို့သော်လည်း စီးပွားရေးလုပ်ငန်း အများအပြား  သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ပတ်သက်သော အတွေ့ အကြုံမရှိခြင်းနှင့် အကျွမ်းတဝင်မရှိခြင်းတို့ကြောင့် ပို့ကုန် မတင်ပို့ နိုင်သေးပေ။ ပို့ကုန်တင်ပို့ခြင်းသည် လုပ်ငန်းရှင်အချို့ ထင်မြင်ယူဆ ထားသကဲ့သို့ ခက်ခဲခြင်းမရှိပါ။ ပို့ကုန် ပိုမိုတင်ပို့ရောင်းချရန်နှင့် လုပ်ငန်းအဆင့်မြှင့်တင်ရန်  နည်းလမ်းများစွာရှိသည်။ ထို့ကြောင့် ပို့ကုန်တင်ပို့လိုသူသည်    အဆိုပါနည်းလမ်းများ  လေ့လာရှာမှီးပြီး ပို့ကုန်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ 
မည်သည့်နိုင်ငံ၌မဆို   ပထဝီဝင်ဈေးကွက်သစ်များ   New geographic markets)) က   လုပ်ငန်းရှင်များအတွက် ဝင်ငွေလမ်း ကြောင်းသစ်များ ဖန်တီးရန် စီးပွားရေးလုပ်ငန်းအခွင့်အလမ်းများ ပေးစွမ်းလေ့ရှိသည်။  ထို့ပြင် ပို့ကုန်တင်ပို့သည့်လုပ်ငန်းသည် ပိုမို  အကျိုးဖြစ်ထွန်းလွယ်ပြီး လုပ်သားများစွာ အလုပ်ခန့်အပ်နိုင်ကြောင်း သိရှိရသည်။ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်ခြင်းသည် ခဲယဉ်းပုံပေါက်သည်ဟု  ယူဆနိုင်သည်။ ထို့ကြောင့် ဆုံးရှုံးနိုင်ခြေ သို့မဟုတ် ဘေးအန္တရာယ်လျှော့ချရန်နှင့် ပို့ကုန်အခွင့်အလမ်း တိုး  မြှင့်ရန်အတွက်  အကြံပြုချက်နှင့် နည်းလမ်းကောင်းများ ဖော်ပြ လိုက်ပါသည်။
ပို့ကုန်မဟာဗျူဟာ ‌ရေးဆွဲခြင်း
ကုမ္ပဏီ၏  ပို့ကုန်မဟာဗျူဟာ (Export strategy) သည် ကုမ္ပဏီ၏ လက်ရှိအခြေအနေနှင့် သုတေသနပြုမှုအပေါ် အခြေခံ သင့်သည်။ သို့မှသာ အလားအလာရှိသော အခွင့်အလမ်းများ ရရှိ ခံစားနိုင်မည်ဖြစ်သည်။ ဖောက်သည်သစ်များ ရရှိရန်၊ ကုမ္ပဏီ၏ပို့ကုန်အတွက် ငွေကြေးထောက်ပံ့ရန်၊ ဥပဒေနှင့် အခွန်ကိစ္စရပ်များ နားလည်ရန်အတွက် ရေရှည်စဉ်းစားရမည်ဖြစ်သည်။
ဝင်ရောက်မည့် ဈေးကွက်ကို သေချာစွာအကဲဖြတ်ခြင်း
ဈေးကွက်သစ်  ချဲ့ထွင်ခြင်းသည် ပစ်မှတ်ဖောက်သည်များ Target customers) အပြင် ဈေးကွက်သုတေသနများစွာ ပါဝင်သည်။ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်သည့်အခါ စီးပွားရေးလုပ်ငန်းများ သည် မတူညီသော ယဉ်ကျေးမှုများကို သတိပြုမိရန် လိုအပ်သည်။ ဈေးကွက်ကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ခြင်းသည် ရိုးရှင်းသော အဆင့်တစ်ခုဟု မှတ်ထင်ရသည်။ သို့သော်လည်း လုပ်ငန်း၏ထုတ် ကုန်ကို ရောင်းချလိုသူ (ဖောက်သည်) အား မသတ်မှတ်မီ ၎င်းတို့၏လိုအပ်ချက်နားလည်ရပါမည်။ 
နားလည်ထားရမည့် အချက်များမှာ လူဦးရေစာရင်း၊ တည် နေရာ၊ ပစ်မှတ်ထားသော ဖောက်သည်၏ ဘုံအကျိုးစီးပွား သို့မဟုတ် လိုအပ်ချက်များ၊   ဈေးကွက်တိုးတက်မှုနှုန်း၊  ခန့်မှန်းဝယ်လိုအား၊ လုပ်ငန်းပြိုင်ဘက်နှင့်   ဈေးကွက်ဝင်ရောက်ရန် အတားအဆီးများ ဖြစ်သည်။ 
ပိုမိုလွယ်ကူသော ဈေးကွက်များနှင့် စတင်ခြင်း
လုပ်ငန်းအတွေ့အကြုံ ရှိသည်ဖြစ်စေ၊ လုပ်ငန်းအတွေ့အကြုံ မရှိသည်ဖြစ်စေ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများပြည်ပဈေးကွက်အခြေအနေကို ထည့်သွင်းစဉ်းစားထားရပါမည်။ အရောင်းအဝယ်ပြုလုပ်သည့်  ကဏ္ဍအပေါ်မူတည်ပြီး မည်သည့် နေရာ၌ စတင်ရမည်၊ မည်သို့လုပ်ဆောင်ရမည်ဟူသော အချက်မှာ ကွဲပြားသွားပါမည်။  တစ်နည်းအားဖြင့် ကုန်သွယ်သည့်ကဏ္ဍ၏ အတိမ်အနက်အပေါ်မူတည်၍ လုပ်ငန်းအတွက် စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်ရနိုင်သည်။ ထို့ပြင် ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သော ကာလ တို၊ ကာလလတ်နှင့် ကာလရှည်တွင် အောင်မြင်ရန်ရှာဖွေနေသည့် အရာအပေါ်မူတည်ပြီး ရင်ဆိုင်ရသည့် စိန်ခေါ်မှု ကွဲပြားနိုင်သည်။
ဈေးကွက်တိုးချဲ့ရာတွင် တွေ့ရှိရသော သမားရိုးကျနည်းလမ်း Traditional methods) မှာ အိမ်နီးချင်း(နိုင်ငံ) ဈေးကွက်နှင့် စတင် ကုန်သွယ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ စတင်ခြင်းအားဖြင့် ခိုင်မာသော ကုန်သွယ်ဖက်၊ အဆက်အသွယ်နှင့် အတွေ့အကြုံများ ရရှိနိုင်သည်။ ထို့နောက် အဆိုပါအဆက်အသွယ်၊ အတွေ့အကြုံများနှင့်အတူ ပိုမို ခက်ခဲသော  နိုင်ငံတကာဈေးကွက်များအထိ  တိုးချဲ့ဝင်ရောက် ထိုးဖောက်နိုင်သည်။
သုတေသန ပြုလုပ်ခြင်း
နယ်မြေသစ်များ သုတေသနပြုခြင်း၊ ဝင်ရောက်နေသည့် ဈေး ကွက်နှင့်ပတ်သက်သော ဗဟုသုတများ  စေ့စေ့စပ်စပ်ရှာဖွေခြင်း၊ ဝဘ်ဆိုဒ်များ ဝင်ရောက်ကြည့်ရှုခြင်း၊ စာစောင်နှင့် အစီရင်ခံစာများ ဖတ်ရှုခြင်းတို့အတွက် အချိန်ပေးရပါမည်။  ထောက်ပံ့ပို့ဆောင်မှု၊ ဖောက်သည်ထံသို့   ကုန်စည်ပေးပို့ခြင်း (Order fulfillmentနှင့် ဖောက်သည်ဝန်ဆောင်မှုပေးခြင်း စသည့်ကိစ္စရပ်များ သိရှိထားရန် လိုအပ်သည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၌  အဆင်ပြေနေသည့်အရာ သည် အခြားနိုင်ငံတစ်နိုင်ငံ၌ အဆင်မပြေဖြစ်နိုင်သည်ကို သတိပြုရ ပါမည်။ 
ပြည်ပဈေးကွက်သို့ သွားရောက်လေ့လာခြင်း
သုတေသနပြုလုပ်ပြီးနောက် ပြည်ပဈေးကွက်သို့ သွားရောက် လေ့လာရန်ဖြစ်သည်။ ထို့အတွက် လေယာဉ်ပေါ်တက် ခရီးသွားပြီး လူများနှင့် အချိန်တိုအတွင်း တွေ့ဆုံရမည်။ လုပ်ငန်းခွဲ (Affiliates မိတ်ဖက် (Partners))၊  ဖြန့်ဖြူးသူ Distributors)၊ လိုင်စင်ရရှိသူ သို့မဟုတ် အေးဂျင့်များLicensees or Agents)နှင့် အလုပ်လုပ်ခြင်းက ကုမ္ပဏီအတွက် ဈေးကွက်သစ် ထူထောင်ရန် ကူညီပေးနိုင်သည်။ပြည်ပသို့ ပို့ကုန်ရောင်းချမှု ဖွံ့ဖြိုးတိုးတက်စေနိုင်သော  နည်းလမ်း ကောင်းတစ်ခုမှာ ဈေးကွက်အတွင်းနှင့် ကုန်စည်ပြပွဲများ၌ မိတ်ဖက် ရှာဖွေခြင်းဖြစ်သည်။
အရောင်းပြပွဲနှင့် ဆွေးနွေးပွဲများသို့ သွားရောက်၍ အလားတူ ထုတ်ကုန်တစ်ခု ဝယ်ယူခြင်း၊ အလားတူထုတ်ကုန်ကို ဝယ်ယူနေသူ များနှင့် စကားပြောဆိုခြင်း၊ အလား အလာရှိသော ဖောက်သည်များ နှင့် ဆွေးနွေးခြင်း၊ ဒေသဓလေ့ထုံးစံများ လေ့လာခြင်းတို့ကို လုပ် ဆောင်ရပါမည်။ ယဉ်ကျေးမှု ကွဲပြားခြားနားချက်၊ ဘာသာစကား၊ ကျန်းမာရေးနှင့် ဘေးကင်းရေး စည်းမျဉ်းများ Health and safety regulations))၊ လုပ်ရိုးလုပ်စဉ် အဆင့်များ (Levels of formality) နှင့် စီးပွားရေးလုပ်ငန်းကျင့်ဝတ် Business etiquette)စသည်တို့ကို နားလည်ခြင်းက ပို့ကုန်ရောင်းချမှုအတွက် များစွာ အထောက်အကူ ပြုနိုင်သည်။
အကူအညီ တောင်းခံခြင်း
ကုမ္ပဏီသည် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချရန် သို့မဟုတ် ဈေးကွက်ချဲ့ထွင်ရန် စဉ်းစားနေပါက နိုင်ငံတကာ အဆက် အသွယ်ကောင်းများရှိပြီး အကူအညီပေးနိုင်သော ကောင်စစ်ဝန်ရုံး၊ စီးပွားရေးသံမှူး၊ ဘဏ်၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော စာရင်းကိုင်များနှင့်  တွေ့ဆုံစကားပြောရပါမည်။  ကိစ္စရပ်တိုင်းကို ကုမ္ပဏီကိုယ်တိုင် လုပ်ဆောင်နိုင်သည်ဟူ၍ မမှတ်ယူသင့်ပါ။
ဈေးနှုန်း စစ်ဆေးခြင်း
ကုမ္ပဏီ၏ဈေးနှုန်းများ  စစ်ဆေးခြင်းအားဖြင့် ပို့ကုန်လုပ်ငန်း Export business) တိုးတက်စေရန်လုပ်ဆောင်ရပါမည်။ ဈေးနှုန်း သတ်မှတ်ရာတွင် ငွေကြေးကွာခြားချက်များ (Currency differences)) နားလည်ထားရမည်။  ငွေကြေးကွာခြားချက် နားလည်ရုံသာမက နယ်မြေသစ် သို့မဟုတ် ဈေးကွက်သစ်တိုင်း၏ ဈေးနှုန်းအဆင့်များ ကို သုတေသနပြုရန် လိုအပ်သည်။ ကုန်စည်ပို့ဆောင်ရေးစရိတ်၊ သင်္ဘောခ၊ ထုပ်ပိုးမှုစရိတ်နှင့် ကိုယ်စားလှယ်၏ကော်မရှင်ခ (Agents commission) တို့ကို သေချာထည့်သွင်းစဉ်းစားရပါမည်။ သို့မဟုတ် ပါက ကုမ္ပဏီ၏အထွေထွေကုန်ကျစရိတ် ပိုမိုများပြားနိုင်သည်။ 
အချိန်ကိုက် လုပ်ဆောင်ခြင်း
တင်ပို့မှုကို အချိန်နှင့်တစ်ပြေးညီ တိုးတက်စေရန် ဆောင်ရွက် နိုင်ရမည်။ ကုမ္ပဏီက ရောင်းချသည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု သည် အချို့နေရာနှင့် ဈေးကွက်များ၌ အချိန်ကိုက် ဖြစ်နေနိုင် သည်။ သို့သော်လည်း ကုမ္ပဏီက ရောင်းချသည့်အရာသည်  အခြားနေရာ နှင့် ဈေးကွက်များ၌ ခေတ်နောက်ကျနေနိုင်သည်။
ဌာနဆိုင်ရာနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
ပို့ကုန်တိုးမြှင့် တင်ပို့ရောင်းချရေး သို့မဟုတ် ထုတ်ကုန်မြှင့်တင် ရေး အစီအစဉ်များကို သက်ဆိုင်ရာဌာနများက ဦးဆောင်ကျင်းပလေ့ ရှိသည်။ ဌာနဆိုင်ရာနှင့် ချိတ်ဆက်၍ ယင်းအစီအစဉ်များ၌ ပူးပေါင်း ပါဝင်ပါက လုပ်ငန်းပိုမိုအောင်မြင်နိုင်သည်။ ကုမ္ပဏီ၏ ကုန်ထုတ်စွမ်း အား (Productivity) နှင့်  ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness)  သိသာထင်ရှားစွာ တိုးတက်လာနိုင်သည်။ထိုကဲ့သို့ ချိတ်ဆက်ဆောင် ရွက်ခြင်းမရှိဘဲ  ကုမ္ပဏီတစ်ခုတည်း   ကြိုးပမ်းအားထုတ်နေပါက လုပ်ငန်းတိုးတက်မှု နှေး‌ကွေးနိုင်သည်။    
Source: www.hwca.com

သိန်းမြင့်ဝေ