Main menu

Background

Monday, 1 Apr 2024

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက် ရှိရာ ‌လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။

Monday, 1 Apr 2024

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၈ သိန်းနီးပါးဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ YGEA က သတ်မှတ် ထုတ်ပြန်လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၆ သိန်းကျော်ဝန်းကျင်တွင် ကာလအတန်ကြာရှိနေခဲ့ရာမှ မတ် ၄ ရက်မှစတင်ကာ ကျပ် ၃၇ သိန်းကျော်ကို မြင့်တက်ရောက်ရှိလာခြင်းဖြစ်သည်။

Monday, 4 Mar 2024

လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြောညာချက်တွင် နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကား သည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading)) အတွင်း အ‌ရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချ လိုသူနှင့် ဝယ်ယူလိ

Monday, 5 Feb 2024

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများ ထံက သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်သည့် ငွေလဲနှုန်းကို သတ်မှတ်ပေးတော့မည် မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။  ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့ သည့် နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင်လည်း နိုင်ငံခြားသုံးငွေ ကြီးကြပ် ရေးကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေး ရမည် ဖြစ်ကြောင်း အသိပေးထားသည်။

Monday, 15 Jan 2024

ပြည်တွင်းရှိ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။

Monday, 1 Jan 2024

ပြီးခဲ့သည့်  ဒီဇင်ဘာ ၁၃ ရက်မှ ၂၇ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးကျပ်သန်း ၁၁၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် အစုရှယ်ယာ အရေအတွက်မှာ ၄၅၉၉၂ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၁၇ ဒသမ ၂၁ သန်း ရှိခဲ့ခြင်းဖြစ်သည်။

Wednesday, 20 Dec 2023

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ စာရင်းဝင်ကုမ္ပဏီ များ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ် သန်း ၁၁၀ ကျော်ရှိခဲ့ ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၄၅၂၈၇ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၁၁ ဒသမ ၈၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။

Wednesday, 20 Dec 2023

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်း သာရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။

Monday, 4 Dec 2023

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ ၂၉ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၃၈၂၃၀ စောင် ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၂၀ ဒသမ ၉၆ သန်း ရှိခဲ့ခြင်းဖြစ်သည်။

Monday, 4 Dec 2023

ပြည်တွင်းငွေကြေးဈေးကွက်မှာ လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ များထံက သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင် နိုင်ငံခြား ငွေကြေးဈေးကွက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဆောင်ရွက်နေပြီး USD Liquidity/ MMK Liquidity ကို ပြည်တွင်း ဈေးကွက်သို့ ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

Pages