Main menu

Background

Tuesday, 28 Dec 2021

ဂျပန်နိုင်ငံ၏ အဓိက ကုန်ထုတ်လုပ်ငန်းကြီး များသည် ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့် စီးပွားရေး ထပ်မံကျဆင်းမည်ကို စိုးရိမ်နေကြဆဲ ဖြစ်သဖြင့်် လက်ရှိ  သုံးလပတ်ကာလ၏ စီးပွားရေး အနေအထားအပေါ် သတိကြီးစွာ   စောင့်ကြည့် နေကြကြောင်း  ဂျပန်ဗဟိုဘဏ်က ဆောင်ရွက် သည့် တန်းကန်းစစ်တမ်း  သုံးသပ်ချက်အရ  သိရှိရ သည်။
    သို့သော်    ကုန်ထုတ်လုပ်ငန်းမဟုတ်သည့် ဝန်ဆောင်မှုနယ်ပယ် ဆောင်ရွက်သူများအနေဖြင့်  ကမ္ဘာ့တတိယ အကြီးဆုံးစီးပွားရေးဖြစ်သည့် ဂျပန် နိုင်ငံ၏ စီးပွားရေးအပေါ် ယုံကြည်စိတ်ချမှုများ ဖြင့် မျှော်လင့်ချက်များ တိုးတက်လာသည်ကို တွေ့ ရကြောင်း အဆိုပါ တန်းကန်းစစ်တမ်းတွင် ဖော်ပြ ထားပါသည်။

Tuesday, 28 Dec 2021

    အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုနှင့် အတူ ချီကာဂိုဈေးကွက်တွင်  ပဲပုပ်စေ့ကြိုပွိုင့် အရောင်းအဝယ်ဖြစ်မှုများ   ကျဆင်းခဲ့သဖြင့် ဒီဇင်ဘာ ၇ ရက်တွင် ဘရာဇီးနိုင်ငံရှိ သီးနှံဈေး ကွက်များ၌ ပဲပုပ်စေ့ဈေးနှုန်းများ  အနည်းငယ် ကျဆင်းခဲ့သည်။

Tuesday, 28 Dec 2021

   BMW Group, Brilliance China Automotive Holdings Ltd.,နှင့်BMW (China) Automotive Trading Ltd.,တို့  ဖက်စပ်တည်ထောင်ထားသည့် BMW Brilliance Automotive Ltd., ယာဉ်ပိုင်ရှင်၏ လက်စွဲ (manual)  တွင် မှားယွင်းစွာ ဖော်ပြမှုကြောင့်   ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သဖြင့် ယာဉ် အစီးရေ ၇၂၈၄၇ စီးကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း သိရသည်။

Tuesday, 28 Dec 2021

တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်  နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ငွေကြေးဖောင်းပွမှုဖိအားကို တည်ငြိမ်အောင်ကူညီပေးနိုင်ရန်အတွက် အဓိက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ကုန် ကုန်ပစ္စည်းများ၏ဈေးနှုန်း   အတက်/ အကျ ပြောင်းလဲမှုအခြေအနေကို၂၀၂၁ ခုနှစ်    ဒီဇင်ဘာ   တတိယပတ်မှစ၍ တောင်ကိုရီးယားနိုင်ငံ   သက်ဆိုင်ရာ ဝန်ကြီးဌာန၏      တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ကြည့်လျက်ရှိကြောင်း၊ မုန်ညင်းဖြူ (Nappa Cab-bage)၊ အမဲသား၊    ကြက်ဥနှင့် ထမင်း အပါအဝင် အားလပ်ရက်တွင် ပြင်ဆင် အသုံးပြုကြမည့်      အစားအစာများ အတွက် အဓိကအသုံးပြုသည့်ကုန်စည် ၁၇ မျိုး၏ ဈေးနှုန်းပြောင်းလဲမှုအခြေ အနေကို အစိုးရက  စောင့်ကြည့်သွား 

Thursday, 23 Dec 2021

 ယခုအခါ ကွမ်ရှီး၏ နယ်စပ်ဂိတ် ကိုးခုအနက် လေးခုတို့မှာ အဝေးပြေး လမ်းများဖြင့် ချိတ်ဆက်ထားပြီးဖြစ်ကာ ကျန်ငါးခုထံသို့လည်း  အဝေးပြေးလမ်း များမှ ဝင်ရောက်နိုင်ရေးအတွက် တည် ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက် နေပြီဖြစ်သည်။   Dong zhong?  Yueyu  နှင့် Pingmeng ဂိတ်များသို့  ဆက်သွယ် ထားသည့်      အဝေးပြေးလမ်းများမှာ ၂၀၂၄ခုနှစ်တွင်လည်းကောင်း၊ Aidian   သို့   ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမှာ ၂၀၂၃ ခုနှစ်တွင်လည်းကောင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဗီယက်နမ်နှင့်  ကီလိုမီတာ  ၅၀ဝ ကျော် နယ်နိမိတ်ချင်း  ထိစပ်နေသည့် ချုံးကျိုd(Chongzuo)တွင် နယ်စပ်ဂိတ် ပေါက်    ငါးပေါက်ရှိသည့်အနက်   နှစ် ပေါက်သာ   အဝေးပြေးလမ်းနှင့်

Friday, 10 Dec 2021

အိန္ဒိယ-ရုရှားနှစ်နိုင်ငံခေါင်းဆောင်များ၏ ၂၁ ကြိမ်မြောက် နှစ်စဉ်ညီလာခံဆွေးနွေးပွဲကို ၆-၁၂-၂၀၂၁နေ့၌ ကျင်းပရာ အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီနှင့်အတူ ၎င်း၏ ဖိတ်ကြားချက် အရနယူးဒေလီမြို့သို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ တက်ရောက်လျက် နှစ်နိုင်ငံမိတ်ဖက်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်နိုင်မည့် ကဏ္ဍများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

Tuesday, 7 Dec 2021

           နိုဝင်ဘာလ (၁)ရက်နေ့တွင် ရှန်တုန်းပြည်နယ်ရှိ 21S အမျိုးအစား ဝါချည်မျှင်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀,၀၃၃) ဖြစ်ခဲ့ပြီး၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင်  တစ်တန်လျှင် ယွမ်ငွေ (၂၉,၀၃၃) ဖြစ်ခဲ့ရာ၊ တစ်လအတွင်း (၃.၃၃) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ၎င်းဈေးနှုန်းမှာ ယခင်နှစ်ကထက် (၃၇.၄၄) မြင့်တက်နေဆဲ ဖြစ်ပါ သည်။

          နိုဝင်ဘာလ (၃၀) ရက်နေ့တွင် 32S အမျိုးအစား ဝါချည်မျှင်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀,၅၃၃) ဖြစ်ခဲ့ပြီး၊ ယခင်လကထက် (၃.၃၈) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

Tuesday, 7 Dec 2021

            ရောင်းချရန်အတွက်မဟုတ်ဘဲ အစမ်းသုံးကြည့်ရန် ဖြန့်ဖြူးလေ့ရှိသည့် အလှကုန်နမူနာများမှာ ယခုအခါတရုတ်ဈေးကွက်တွင် အများအပြားရောင်းချနေရပြီး၊ အလှကုန်အမှတ်တံဆိပ် ကြေညာနိုင်၍ ဈေးကွက်ကိုလွှမ်းမိုးလာ နိုင်ခြင်းနှင့် အသုံးပြုသည့်ဖောက်သည်များ တိုးပွားလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိလာသည်ဟု သိရပါ သည်။

Tuesday, 7 Dec 2021

              တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာရှီကျင်းပင်သည် ဒီဇင်ဘာလ (၁) ရက်နေ့တွင် United Russia ပါတီတည်ထောင်သည့် နှစ်(၂၀)ပြည့်အထိမ်းအမှတ် အတွက် ချီးကျူးဂုဏ်ပြုသည့်သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

           အဆိုပါသဝဏ်လွှာတွင် United Russia ပါတီအား ရုရှားနိုင်ငံ၏အရေးပါသည့် နိုင်ငံရေးအင်အားတစ်ရပ်အဖြစ် ဖော်ပြထားပြီး၊ ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင်၏ မဟာဗျူဟာမြောက်မူဝါဒများတွင် ရုရှားပြည်သူ လူထုကို တက်ကြွစွာစုစည်းပေး၍ လမ်းညွှန်ပြသပေးနိုင်စွမ်းရှိသည့်ပါတီဖြစ်ကြောင်း ချီးကျူး၍ရေးသားထားပါသည်။

Monday, 6 Dec 2021

ဝန်ဆောင်မှုလုပ်ငန်းများထံသို့ ရင်းနှီးမြှုပ်နှံမှုစီးဝင်သည့်ပမာဏ မြင့်တက်ခဲ့ခြင်း

Pages