Main menu

Background

Monday, 6 Dec 2021

စက်မှုလုပ်ငန်းများမှ ရရှိသည့်အမြတ်အစွန်းများ ဆက်လက်တိုးတက်ခဲ့ခြင်း

Monday, 6 Dec 2021

      ကမ္ဘာတစ်ဝန်း၌ အီးယူ၏ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို အားကောင်းစေရေး၊ အီးယူကုန်သွယ်မှုကို အားပေးမြှင့်တင်နိုင်ရေးနှင့် ရာသီဉတုပြောင်းလဲမှု တိုက်ဖျက်ရေးအထောက် အကူဖြစ်စေမည့် အခြေခံ အဆောက်အအုံများ၊ ဒစ်ဂျစ်တယ်နှင့် ရာသီဉတုဆိုင်ရာ စီမံကိန်းများ အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ယူရို (၃၀၀) ဘီလျံ ရင်းနှီးမြှုပ်နှံမည့် Global Gateway အမည်ရှိ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တစ်ရပ်ကို ဥရောပကော်မရှင်က ၁-၁၂-၂၀၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Monday, 6 Dec 2021

      ပြီးခဲ့သည့်(၂) နှစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများရှိခဲ့ပြီး၊ မကြုံစဖူးသောစိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ဥရောပတွင် ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) သည် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို ကြီးစွာအဟန့်အတားဖြစ်စေခဲ့ပြီး၊ သီးနှံများရိတ်သိမ်းရန်အတွက် လုပ်သားခေါ်ယူရာတွင် ရှုပ်ထွေးမှုများရှိလာကြောင်း၊ စားသောက်ကုန် ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်လည်း စားသောက်ကုန်များကို ထိန်းသိမ်းရာတွင် အသုံးပြုသည့် ဓါတ်ငွေ့မလုံလောက်မှုပြဿနာများကို ကြုံတွေ့ရကြောင်း သိရပါသည်။

Monday, 6 Dec 2021

          ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်လေဆိပ်သည် အမေရိကန်၊ ဂျပန်နိုင်ငံတို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၆၀) ကျော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများပို့ဆောင်သည့် နေ့စဉ်လေကြောင်းပျံသန်းမှုများဖြင့် ကာကွယ်ဆေးများ တင်ပို့မှုတွင် ဥရောပ၏ အရေးအကြီးဆုံးဗဟိုချက် အဖြစ်ဆောင်ရွက်နေပါသည်။

        ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပထမဉီးဆုံး အဖြစ် လေကြောင်းမှပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ကာကွယ်ဆေး (၇၅၀) သန်းကျော်ကို ပို့ဆောင်ပြီးဖြစ်ကြောင်း ဘရပ်ဆဲလ် လေဆိပ်၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

Monday, 6 Dec 2021

      အိန္ဒိယနိုင်ငံတွင် ၂၀၂၁-၂၂ ခုနှစ် သီးနှံရာသီကာလအတွင်း မိုးရွာသွန်းမှု အားကောင်းသည့် အပြင်မိုးလွန်ကာလ၌ပါ ရွာသွန်းမှုကြောင့် ကာနာတကာပြည်နယ်တွင် စိုက်ခင်းများ၏ ၅ ပုံ ၁ ခန့်ထိခိုက်ခဲ့ပြီး အန္တရာပရာဒေ့ရှ်၊ မဟာရဋ္ဌနှင့် ဂူဂျရတ်စသည့် ပြည်နယ်များတွင်လည်း မိုးပိုမိုရွာသွန်းမှုရှိသဖြင့် ယခုနှစ်ပဲစင်းငုံအထွက်နှုန်းမှာ လျော့ကျဖွယ်ရှိ ကြောင်း ကုန်သည်အသိုင်းအဝိုင်း ကပြောဆိုလျက်ရှိသည်။

Monday, 6 Dec 2021

           အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူလုပ်ငန်းရှင်များ အနေဖြင့် လက်တင်အမေရိက ဈေးကွက်သို့ ဘာစမာတီဆန်များကို ပထမဦးဆုံးအကြိမ်အဖြစ် ယခုနှစ်ဒီဇင်ဘာလမှ စတင်၍ တင်ပို့နိုင်တော့ မည်ဖြစ်ကြောင်း သိရှိရသည်။

          အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) မှအမှုဆောင်ဒါရိုက်တာ Mr.Vinod Kaulက လက်တင်အမေရိကဒေသရှိ နိုင်ငံများသည်ဆန်ကို ယခင်က အမေရိကန်နိုင်ငံမှသာ ဝယ်ယူတင်သွင်းခဲ့သော်လည်း ယခုအခါအိန္ဒိယနိုင်ငံသို့ ဦးလှည့်၍ အမှာစာများ ပေးပို့လာကြ ကြောင်း ပြောဆိုပါသည်။

Monday, 6 Dec 2021

    အိန္ဒိယနိုင်ငံ၏ ကြံမှအီသနောတိုးတက်ထုတ်လုပ်ခြင်းနှင့် ဘရာဇီးလ်နိုင်ငံ၏ သကြားထုတ် လုပ်မှုကျဆင်းလျက်ရှိခြင်းတို့ကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီချိန်တွင် ကမ္ဘာ့ဈေးကွက်သို့ သကြားဝင်ရောက်မှု အလွန်အမင်း ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ် ကမ္ဘာ့သကြား ဈေးကွက်တွင် သကြား တန်ချိန် ၁ဒသမ၈ သန်းအထိ ပိုလျှံဝယ်လိုအား ဖြစ်ပေါ်နိုင်ကြောင်း အထွေထွေ အကျိုးဆောင်ကုမ္ပဏီ StoneX က ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြား ခဲ့သည်။

Friday, 3 Dec 2021

         ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်မှု၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနတို့မှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သော ကုန်သွယ်မှု စာရင်းများ အရ တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပို့ကုန် အမေရိကန်‌ဒေါ်လာ (၆၀ ဒသမ ၄၄၄) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ(၅၇ ဒသမ ၃၅၇)ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၇၇ ဒသမ ၈၀၁) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ရာ၊ ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် (၃၂ ဒသမ ၁) ရာခိုင်နှုန်းနှင့် သွင်းကုန်တွင်(၄၃ ဒသမ ၆)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၃ ဒသမ ၀၈၇) ဘီလီယံ ဆောင်ရွက်နိုင်

Thursday, 2 Dec 2021

         2021 ASEAN-Korea Startup Week အစီအစဉ်ကိုကိုရီးယားသမ္မတနိုင်ငံ၊ဆိုးလ်မြို့၌ အခြေပြု၍ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ (၂၉) ရက်မှ ဒီဇင်ဘာလ (၁) ရက်အထိ (Online+ Offline) Hybrid Formatစနစ်ဖြင့်ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ASEAN-Korea Centre (AKC)နှင့် Gyeonggi Center for Creative Economy & Innovation (GCCEI) တို့မှပူးတွဲကြီးမှူး၍ ASEAN Secretariat (ASEC)၊ ASEAN Coordinating Committee on Micro, Small & Medium Enterprises (ACCMSME)၊ Gyeonggi Center for Creative Economy & Innovation (GCCEI)၊Ministry of SMEs & St

Thursday, 2 Dec 2021

ယခုနှစ် နိုဝင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၂ ဒသမ ၂၈၆ သန်းအား တင်ပို့နိုင်ရန်ခန့်မှန်း ထားပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်တင်ပို့ခဲ့သည့် ပဲပုတ်စေ့တန်ချိန် ၇၇၀,၃၀၀ တန်နှင့် နှိုင်းယှဉ် ပါက ၁၉၆ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ကြောင်း၊ ယခုနှစ်အောက်တိုဘာလတွင် ပဲပုတ်စေ့တန်ချိန် ၂ ဒသမ ၉၈၅ သန်းအား တင်ပို့ထားပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ဆုံးပါက စုစုပေါင်းပဲပုတ်စေ့တန်ချိန် ၈၄ဒသမ၂၄၁ သန်း အထိ တင်ပို့နှိုင်ရန် မျှော်မှန်းထားကြောင်း ဘရာဇီးလ်နိုင်ငံ နှံစားသီးနှံတင်ပို့သူများအသင်း (National Association of Cereal Exporters - Anec) က ပြောကြားခဲ့သည်။

Pages