Main menu

Background

Thursday, 25 Jun 2015

ဝမ် ၁ ဘီလီယံ(အမေရိကန်တစ်ဒေါ်လာ= ၁ç၁၂၃ ဝမ်)ထက်ပိုမို<ကယ်ဝကြ သည့် တောင်ကိုရီးယားနိုင်ငံသား ၁၈၀ç၀၀၀ ဦးအနက် ၃ç၀၀၀ဦးခန့်သည် ဟန်မြစ် ၏ တောင်ဘက်ပိုင်းဂန်နမ်တွင် နေထိုင်လျက်ရှိကြသည်။ ကိုရီးယားရှိ လူပေါင်း ၁၈၂ç၀၀၀ ဦးခန့်သည် ဝမ် ၁ ဘီလီယံကျော်ပိုမိုကြွယ်ဝကြကြောင်းKB financial Group Research ကပြောဆိုခဲ့ပြီး ယင်းအရေအတွက်သည် ယခင်နှစ်က ထက် ၈ ဒသမ ၇ရာခိုင်နှုန်းတိုးလာကြောင်း၊ ယင်းလူချမ်းသာများအနက် ၄၅ ဒသမ ၂ ရာခိုင် နှုန်းသည် ဆိုးလ်မြို့တွင်နေထိုင်ကြကြောင်း သုတေသနရလဒ်အရ သိရှိရသည်။ အခြားသောလူချမ်းသာအများအပြားနေထိုင်သည့် မြို့မှာ Gyeonggi ပြည်နယ် ဖြစ်ပြီး ၁၉ ဒသမ ၈ ရာခိုင်နှုန်းနေထိုင်ကြ၍ ဘူဆန်မြို့တွင် ၇ ဒသမ

Tuesday, 23 Jun 2015

၂၀၁၅ ခုနှစ် ဧပြီလတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ စီးပွားရေးလုပ်ငန်း  စုစုပေါင်း ၈၆၆ ခုဒေဝါလီခံခဲ့ပါသည်။ ထိုသို့စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံလာကြသဖြင့် အချိန်ပြည့်ဝန်ထမ်း ၁၀၀၃ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၅၆၄ ဦး၊ လခ စားအလုပ်ရှင် ၃၃၈ ဦး အလုပ်အကိုင်များ ဆုံးရှုံးခဲ့ပါသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဧပြီလအထိ ဘယ်လ်ဂျီယံနိုင်ငံ၌ စီးပွားရေးလုပ်ငန်းစုစုပေါင်း ၅၄၉၅ ခုဒေဝါလီခံခဲ့ရပြီး လွန်ခဲ့သော နှစ်ကာလတူ နှင့်နှိုင်းယှဉ်ပါက စီးပွားရေးလုပ်ငန်းဒေဝါလီခံခဲ့ရမှုနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

Tuesday, 23 Jun 2015

ဗီယက်နမ်ရှိ ဆမ်ဆောင်းမိုဘိုင်းစက်ရုံအနေဖြင့်  အရောင်းရည်မှန်းချက်ကို အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၈ ဘီလီယံ မြှင့်တင်သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ဆမ်ဆောင်း ရုံးချုပ်က ဇွန်လ ၂ ရက်နေ့တွင်ပြောကြားခဲ့သည်။ ယင်းအရောင်း ပမာဏသည် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလီယံထက် ၄၀ ရာခိုင်နှုန်းတိုး၍ ချမှတ်ထားခြင်းဖြစ်သည်။ အီလက်ထရောနစ် ကုမ္ပဏီကြီးဖြစ်သည့် ဆမ်ဆောင်းသည် ဗီယက်နမ်တွင် စက်ရုံနှစ်ရုံတည်ဆောက်ထားသည်။

Monday, 22 Jun 2015

 ပြီးခဲ့သည့်လအတွင်းကတည်းက ဖြစ်ပွားနေ သည့်MERSျွှ ကူးစက်ရောဂါကြောင့် ပြည်တွင်းစား သုံးမှုများ လျော့ကျလာခဲ့ရာ ကိုရီးယား၏စီးပွားရေး တိုးတက်မှုသည် သုည ဒသမ ၁၅ ရာခိုင်နှုန်းခန့် ကျဆင်း သွားနို င်ကြောင်း မော်ဂန်စတန်လေကခန့် မှန်းထားခဲ့သည်။orea Center for International Finance  ၏စာရင်းဇယားများအရ ဇွန်လအတွင်း         လက်လီအရောင်းဆိုင်သည် ၁၀ ရာခိုင်နှုန်းကျဆင်း ၍ စားသောက်ဆိုင်များ အရောင်း သည် ၁၅ ရာခိုင် နှုန်းကျဆင်းသည်။

Monday, 22 Jun 2015

လူ၁၁ ဦးသေဆုံးသွားပြီးဖြစ်သောMERS ကူးစက်ရောဂါကြောင့် ကိုရီးယားလူမျိုးများသည် အွန်လိုင်းမှ ဈေးဝယ်ခြင်းကို ပိုမိုအားသန်လာခဲ့ကြသည်။ အွန်လိုင်းရှော့(ပ်)ပင်းအခြေအနေသည်လည်း ဈေးကွက်တိုးတက်လာခဲ့ပြီး၊ ယခုအခါ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့ နာမေအ စာရင်းအရ အွန်လိုင်းမှ အရောင်းစံချိန်သည် ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နှစ်အလိုက်အနေဖြင့် ၆၃ ဒသမ ၁ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမှာစာ အရေအတွက်သည်လည်း ၅၁ ဒသမ ၉ ရာခိုင်နှုန်းတိုးလာခဲ့သည်။

Thursday, 18 Jun 2015

     အမေရိကန်နိုင်ငံတွင် ဧပြီလ၌ စားသုံးသူများ ၏ ဝင်ငွေ (Personal income) သည် အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၄ ဘီလီယံ သို့မဟုတ် သုည ဒသမ ၄ ရာခိုင်နှုန်းနှင့်   အသားတင် ဝင်ငွေ  disposable personal income-DPI)  သည် အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၈ဘီလီယံ    သို့မဟုတ် သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝင်ငွေတိုးတက်လာသော်လည်း စားသုံး သူများ၏ သုံးစွဲမ(Personal consum-ption expenditures-PCE) သည် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျဆင်းခဲ့ ကြောင်း အမေရိကန် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီး ဌာနက ဇွန်လ ၁ ရက် နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။၂၀၁၅ ခုနှစ်၊ မတ်လတွင် စားသုံး သူများ၏ ဝင်ငွေတိုးတက်မှုနှုန်းသည် သုည ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြ

Thursday, 18 Jun 2015

       အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ၂၀၁၅ ခုနှစ် အတွက် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ဧပြီလအတွင်းထုတ်ပြန်ခဲ့ သည့် ၃ ဒသမ ၁ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ပါသည်။

Thursday, 18 Jun 2015

          အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှမတ်လအတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ပထမသုံးလတာကာလအတွက် ကနဦးခန့်မှန်းချက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့ သော်လည်း ယခုထုတ်ပြန်သည့် ဒုတိယ အကြိမ် ပြန်လည်ပြင်ဆင်သုံးသပ်ထား သည့် ခန့်မှန်းချက်တွင် စီးပွားရေး ကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့က ကြေညာခဲ့ပါသည်။

Wednesday, 17 Jun 2015

ဘတ်ငွေတန်ဖိုး(ရောင်းဝယ်သည့်နှုန်း) သည် အမေရိကန်တစ်ဒေါ်လာ လျှင် ၃၃ ဘတ်နှင့်၃၄ ဘတ် အကြားရှိ နေမည်ဆိုပါက ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုသည် ယခုနှစ်တွင် တိုးတက်မှုရှိနိုင်သည့် အလားအလာ ရှိနေဆဲဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
ဘတ်ငွေတန်ဖိုးကျဆင်းနေခြင်း၏ တွန်းအား ပေးမှုဖြင့် ပြည်ပတင်ပို့မှုသည် ယခုနှစ် ဒုတိယနှစ်ဝက်၌ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စတာရမ်ဆန် ကပြောကြားခဲ့ပါသည်။

Pages