Main menu

Background

Friday, 13 Jun 2014

အာရှတိုက်ရှိမြို့တော်ကြီးများ သည်ရာသီဥတုပြောင်းလဲမှု၏အန္တရာယ် များကို ဖြေရှင်းဆောင်ရွက်ရန်၊ ကာဗွန်ထုတ်လွှတ် မှုလျှော့ချနိုင်ရန် သတင်းအချက်အလက်နှင့် ငွေကြေးရင်းနှီး မြှုပ်နှံမှုစီမံကိန်းများ (capital investment plan) အတွက် အကြံပြုချက်များ အရေးတကြီးလိုအပ်လျက်ရှိသဖြင့် မြို့ တော်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း များ၏ ဘဏ္ဍာငွေများ တိုးတက်ေ ရးနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုရရှိရေးနည်းလမ်း များကို ရှာဖွေနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို Public-Private Infrastructure Advisory Facility (PPIAF) and the World Bank's Low-Carbon Livable Cities Initiative   တို့သည် အခြားအဖွဲ့အစည်း  များနှင့် ပူးပေါင်း၍ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ရှိ Creditworthiness Academy  တွင် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိကျင်းပ ခဲ့ပါသည်။

Thursday, 12 Jun 2014

သမ္မတအိုဘားမားလမ်းညွှန်ချမှတ်ခဲ့သည့်Feed The Futuer Initiativeအစီအစဉ်အကောင်အထည်ဖော် ရေး လုပ်ငန်းစဉ် များ၏ရလဒ်များအ ပေါ်သုံးသပ်ဆွေးနွေးပွဲကို ၁၉-၅-၂၀၁၄ ရက်နေ့တွင် ဗာဂျီးနီးယားပြည်နယ်တွင် ကျင်းပရာအမေရိကန်နိုင်ငံ  တ ကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)  မှ အကြီးအကဲRajiv Shah၊အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ခဲ့ပြီး ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

Thursday, 29 May 2014

 
အမေရိကန်နိုင်ငံမှရုရှားနိုင်ငံသို့ ပေးအပ်ထားသည့်ကုန်သွယ်ရေးအကျိုးခံစားခွင့်ရှိသည့်Generalized System of Preferences(GSP)ကိုရုတ်သိမ်းရန်သမ္မတအိုဘားမားမှဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက်အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်  (USTR) Michael Froman ကကြေ ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

Thursday, 29 May 2014

 
အမေရိကန်နိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များသည် ခရီသွားလုပ်ငန်းနှင့် ၎င်းနှင့်ဆက်စပ် သည့်ကဏ္ဍများတွင်သုံးစွဲမှုသည် ၂၀၁၄ ခုနှစ်၊ ဧပြီလ အတွင်းတွင် ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ သားများ၏ ပြည်ပတွင်သုံးစွဲမှုနှင့် နှိုင်း ယှဉ်ပါက အမေရိကန်နိုင်ငံသည်

Thursday, 29 May 2014

 
အသက်မွေးမှုဆိုင်ရာသင်တန်းဆိုသည်မှာတစ်စုံတစ်ရာသောအသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ် နေသောသင်တန်း များ သို့မဟုတ်လက်တွေ့ကျသောလုပ်ဆောင်ချက်များကို ရည်ညွှန်းပါသည်။ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုခြင်း ရရှိရန်နှင့် အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတိုးတက်စေ ရန် နိုင်ငံသားများနှင့် လုပ်သားဈေး ကွက်တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသော သက်မွေးမှုသင်တန်းစနစ် များမှာလည်းအရေးကြီးပါသည်။သို့ဖြစ်၍ အသက်မွေးမှုသင်တန်းသည် ဥရောပ အသိုက်အဝန်းစတင်ဖွဲ့စည်းတည်ထောင်ကတည်းကအီးယူမူဝါဒ၏မရှိမဖြစ်သောအစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပါသည်

Friday, 9 May 2014

 

ကိုရီးယားဗဟိုဘဏ်၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်အရ သက်ဆိုင်ရာအစိုးရက အခွန်ကင်းလွတ်သက်သာ ခွင့်ပေးထားသော လုပ်ငန်းများသို့ ကိုရီးယားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု များမြင့်တက်နေကြောင်း သိရှိရသည်။ Cayman Island,Bermuda,the British Virgin Islands, နှင့် Labuan (Malaysia) စသည့်ဒေသများတွင် ကိုရီးယားကုမ္ပဏီများသည် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်ဘွန်းများစသည့် ရင်းနှီးမြှုပ်နှံမှု ပုံစံများဖြင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၃ ခုနှစ်က ဒေါ်လာ ၂ ဒသမ ၆၆ ဘီလီယံရှိခဲ့ရာ ၂၀၁၂ ခုနှစ်ကထက် ၆၄ ဒသမ ၂ ရာခိုင်နှုန်းတိုးသွားခဲ့သည်။ အထူးသဖြင့် Cayman Islands တွင် ၂၀၀၉ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၇၀ မီလီယံသာ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် တွင် ၂ ဒသမ ၅၁ ဘီလီယံအထိရှိလာခဲ့သည်။

Friday, 9 May 2014

 

ကိုရီးယားအစိုးရသည် လတ်တလောတွင် ကျောင်းသားများကို လုပ်ငန်းခွင်သင်တန်းများပေးနိုင်မည့် အလုပ် သင်ကျောင်း(Apprentice School)များဖွင့်လှစ်ရန် အစီအစဉ်ရေးဆွဲလျက်ရှိသည်။ အထက်တန်းအောင်မြင်ပြီးပါ ကအလယ်အလတ်စီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်မဲ့ကျောင်းသားများကို အစိုးရကအထူးအခွင့် အရေး များပေးအပ်မည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုရီးယားစီးပွားရေးနှင့် နည်းဗျူဟာဝန်ကြီးဌာနက လူငယ်အလုပ် အကိုင်များ တိုးတက်လာစေရန် ဆောင်ရွက်မည့်အစီအစဉ်တစ်ရပ်ဖြစ်သည်။ ယင်းအစီအစဉ်သည် ကိုရီးယား အလုပ်အကိုင်ဈေးကွက်အထူးသဖြင့်

Friday, 9 May 2014

 
ကိုရီးယားနိုင်ငံအတွင်း နိုင်ငံခြားဘဏ်များ၏ လုပ်ငန်းများအပေါ်တား မြစ်မှုများဆောင်ရွက်နေဆဲကာလအတွင်း ဆိုးလ်ရှိ Morgan Stanleyဘဏ်ခွဲအား လုပ်ငန်းဆောင်ရွက်နေခြင်းမရှိသော စီးပွားရေးလုပ်ငန်းများ အပေါ်ငွေ ထုတ်ချေးခြင်းမပြုရန် ကိုရီးယားငွေကြေးအာဏာပိုင် FSSကတား မြစ်ထားသည်။ ၂၀၁၁ ခုနှစ်ကတည်းက Morgan Stanley ဘဏ်လုပ်ငန်း၏ Morgan Stanley Income Securities အားဆိုးလ်မြို့တွင် ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်မှာပင်

Friday, 9 May 2014

 

ထိုင်းနိုင်ငံဗဟိုဘဏ်၏ငွေကြေး မူဝါဒကော်မတီ(MPC)သည် ၂၃-၄-၂၀၁၄ ရက်နေ့၌ ကျင်းပခဲ့သော အစည်းအဝေးတွင် မူဝါဒအတိုးနှုန်း(Policy interest rate) ကို ပြောင်းလဲခြင်းမရှိဘဲ လက်ရှိ ၂ ဒသမ သုညသုည ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း စီးပွားရေးတိုး တက်မှုနှုန်းသည် ကျဆင်းနိုင်ပြီး တစ်နှစ်ပတ်လုံးအတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် ခန့်မှန်းထားသည်ထက် အားပျော့နိုင်ကြောင်း

Friday, 9 May 2014

 
ကိုရီးယားသမ္မတနိုင်ငံ၏ အကြီးဆုံးတယ်လီကွန်းအော်ပရေတာ KT ၏ စောစီးစွာအငြိမ်းစားယူခြင်း အစီအ စဉ်အား ၎င်း၏ဝန်ထမ်း ၈၀၀၀ ဦးမှ လျှောက်ထားခဲ့သည်။ KT သည် ဝန်ထမ်းလျှော့ချခြင်းအစီအစဉ်ကို ၂၀၀၃ ခုနှစ် ကဆောင်ရွက်ခဲ့ရာ ယင်းကာလတွင် ၅၅၀၅ ဦးနှင့် ၂၀၀၉ ခုနှစ်တွင် ၅၉၉၂ ဦးတို့အား လျှော့ချခဲ့ဘူးသည်။

Pages