Main menu

Background

Friday, 4 Mar 2022

ဘရာဇီးနိုင်ငံမှ ပြောင်းစေ့တန် ချိန် ငါးသန်းဝယ်ယူရန် အီရန်နိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့ပြီး အပြန်အလှန် အားဖြင့် ဘရာဇီးနိုင်ငံကလည်း အီရန် ဓာတ်မြေသြဇာများကို ပြန်လည်ဝယ်ယူ တင်သွင်းသွားမည်ဖြစ်ကြောင်း ဘရာဇီး စိုက်ပျိုးရေးဝန်ကြီး၏  အီရန်ခရီးစဉ် အတွင်းတွင် အီရန် စိုက်ပျိုးရေးဒုတိယ အတွင်းဝန် ဦးဆောင်သည့် ဓာတ်မြေ သြဇာထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေး နွေးပွဲအပြီးတွင် အဆိုပါသဘောတူညီ ချက်အား   ထုတ်ပြန်နိုင်ခဲ့ကြောင်း ြအေသ ွမသျသ ပြည်နယ်၏ ပဲပုပ်စေ့နှင့် ပြောင်း    စိုက်ပျိုး   ထုတ်လုပ်သူများ အသင်း  (ဗစမသျသြေ-ြွှ)    ဥက္ကဋ္ဌ င်္နမညညေိသ ဃေိသမန က  ပြောကြားခဲ့ သည်။

Friday, 4 Mar 2022

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၄ခုနှစ်တွင် ဆန်တင်ပို့မှု ယှဉ် ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရန်အတွက် စီးပွားဖြစ် ထုတ်လုပ်နိုင် မည့် ဆန်မျိုးကွဲသစ် ၁၂ မျိုးအား ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်နေကြောင်းသိရှိရသည်။စီးပွားဖြစ်  ထုတ်လုပ်နိုင်သည့်   ဆန်မျိုးကွဲသစ်များ အား ဆုချီးမြှင့်သည့်  အခမ်းအနားအပြီးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်က ဝန်ကြီးဌာနအနေဖြင့် ထိုင်းဆန်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိ ဈေးကွက်များနှင့်  ဈေးကွက်သစ်များသို့ တင်ပို့မှုတိုးတက်စေ ရေးတို့အတွက် လုပ်ငန်းအဖွဲ့ကို  တည်ထောင်ထားကြောင်းပြောကြားခဲ့သည်။ဆန်အမျိုးအစားသစ် ၁၂ မျိုးအနက် လေးမျိုးမှာ ဆန်မာ အ

Friday, 4 Mar 2022

ဂျပန်နိုင်ငံရှိ အသက် (၂၅) နှစ်မှ (၃၄) နှစ်အရွယ်များအကြား ဝင်ငွေကွာဟချက်သည် ၎င်းအသက်အုပ်စုများအကြား ဝင်ငွေမညီမျှ မှုကို တိုင်းတာသည့်  Gini coefficient  ညွှန်းကိန်း မြင့်တက်လာခြင်း ကြောင့်ဖြစ်သည်ဟု ဂျပန်အစိုးရ အဖွဲ့၏  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စီးပွားရေးအစီရင်ခံစာအရ သိရသည်။ဂျပန်နိုင်ငံ၏  စီးပွားရေးအနေအထားကို အဓိကထားကာ လေ့လာသုံးသပ်သည့်   ၎င်းအစီရင်ခံစာအရ   အိမ်ထောင်ပြုပြီး  သားသမီးမွေးဖွားရန် အလားအလာရှိသူ များအား ဝင်ငွေတိုးမြှင့်ပေး ခြင်းသည် အိမ်ထောင်ပြုနောက်ကျပြီး  သားသမီးမွေးဖွားနိုင်ခြေ နည်းပါးသော အနေအထားကို ဖြေရှင်းရန် အကောင်းဆုံးအစီအမံ တစ်ခုဖြစ်ကြောင်း သုံးသပ်ထားသည်။

Wednesday, 2 Feb 2022

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နယ်စပ်စစ်ဆေးရေးဂိတ်များတွင်  ဉာဏပစ္စည်းမူပိုင်ခွင့် (IP)ချိုးဖောက်မှုများကို တားဆီးနှိမ်နင်းရန်  အစီအမံများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းမှာ ကုန်သွယ် ဖက်နိုင်ငံများအကြား ယုံကြည်မှု ကို တည်ဆောက်ရန်နှင့် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်ကိုဖန်တီးရန် လုပ်ဆောင်မှုဖြစ်ကြောင်း သိရှိရသည်။အဆိုပါလှုပ်ရှားမှုသည် နိုင်ငံအတွင်းသို့ အဆင့်မမီ  ထုတ်ကုန် များ တင်သွင်းလာမှုကို တားဆီးနိုင်ရန်နှင့်ပြည်တွင်းရှိ  စားသုံးသူများ ကို အကာအကွယ်ပေးနိုင်ရန်လည်းဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sinit

Wednesday, 2 Feb 2022

တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများအပေါ် ဖိအားများ ဖြေလျှော့ရန်နှင့် နိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန်များ တည်ငြိမ်စေရန် လမ်းညွှန်ချက်အသစ်များကို ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ဖော်မိတ်ဆက်ခဲ့သည်။တရုတ်နိုင်ငံတော် ကောင်စီကထုတ်ပြန်သော နိုင်ငံခြားကုန်သွယ်မှု ပိုမိုတည်ငြိမ်ရေးလမ်းညွှန်ချက်များအရ  နိုင်ငံသည် စီးပွားရေးကို ပိုမိုပွင့်လင်းလာစေပြီး အလတ်စား၊ အသေးစားနှင့် အသေးစား နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီများကို  ပံ့ပိုးပေးနိုင်ရန်၊ ယင်းတို့၏လည်ပတ်မှုနှင့် မျှော်လင့်ချက်များကို အာမခံနိုင်ရန် အပြန်အလှန်လည်ပတ်နိုင်သော ပြုပြင်ပြောင်းလဲမှုများ ခမသျ-ခပခူငခေူ ေိကျြအာနညအျ လုပ်ဆောင်သွားမည် ဖြစ်ကြောင

Wednesday, 2 Feb 2022

တောင်ကိုရီးယားနိုင်ငံအခြေပြု အာရှတိုက်၏ဒုတိယအကြီးဆုံးတစ်ခုဖြစ်သော  ECPlaza (www.ecplaza.net)ပေါ်တွင်    မြန်မာပြခန်း ဆောင်f(Myanmar Pavilion)လွှင့်တင်ခြင်းဖွင့်ပွဲ အခမ်းအနားကို  ဇန်နဝါရီ ၂၇ ရက်ကိုရီးယား စံတော်ချိန် ၁၅ ၃၀ နာရီတွင်  Online စနစ်ဖြင့် ကျင်းပခဲ့ရာ အခမ်းအနားသို့  မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊   မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန် ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင် သည့်တာဝန်ရှိပုဂ္ဂိုလ်များ၊အရာရှိကြီးများ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၊  စီးပွားရေးသံမှူး၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ လက်အော

Thursday, 20 Jan 2022

အိန္ဒိယနိုင်ငံအစိုးရစားသုံးသူရေးရာ၊ စားနပ် ရိက္ခာနှင့်  ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ တိုက်ရိုက်ရောင်းချခြင်းနည်းဥပဒေများကို ၂၀၂၁ ခုနှစ် ဒီဇင် ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ သည်။အဆိုပါ နည်းဥပဒေများ၌  တိုက်ရိုက်ရောင်းချ ခြင်းလုပ်ကိုင်သည့်ကုမ္ပဏီများနှင့် ၎င်းတို့၏အရောင်း ကိုယ်စားလှယ်များအနေဖြင့်   ပိရမစ်ပုံစံရောင်းချခြင်း သို့မဟုတ် အဖွဲ့ဝင်သစ် စုဆောင်းမှုဖြင့် ငွေကြေးလည်ပတ်မှုပြု လုပ်ခြင်းကိုလုပ်ကိုင်ဆောင်ရွက်မှုမပြုရန်တားမြစ်ထားကြောင်း၊တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သူများသည် ပြည်တွင်း၌ အနည်းဆုံးအားဖြင့် တည်နေရာလိပ်စာတစ်ခုတွင်မှတ်ပုံတင်၍ ရုံးခန်းဖွင့်လှစ် ထား

Thursday, 20 Jan 2022

၂၀၂၁ ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် ပို့ကုန်သွင်းကုန်လုပ်ငန်းမှကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံကျော် ရရှိခဲ့ သည်။ အဆိုပါ ကုန်သွယ်မှုပိုငွေပမာဏသည်  ယခင်နှစ်ကရရှိခဲ့သည့်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅၀ ဒသမ၄ ဘီလီယံထက် ၂၁ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း    စီးပွားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဘရာဇီးနိုင်ငံ၏  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၂၄ ဒသမ ၃၆၆ ဘီလီယံနှင့်  သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ၂၀ဒသမ ၄၁၈ ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇၈၄ ဘီလီယံဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလတစ်လတည်းတွင် ကုန်သွယ်မှု ပိုငွေ ၃ဒသမ ၉၄၈ဘီလီယံ ရရှိခဲ့သည်။ဘ

Thursday, 20 Jan 2022

 ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ခုနှစ်တွင် နယ် သာလန်နိုင်ငံ၏  ကားရောင်းချရမှုသည်  ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ကမ္ဘာတစ်ဝန်း မိုက်ခရိုချစ်ပ် (semiconductor chip) ပြတ်လပ်မှုကြောင့် နယ်သာလန်၏ကားထုတ်လုပ် မှု ကဏ္ဍသည် ဆိုးရွားစွာထိခိုက်ခဲ့ပြီးကားထုတ်လုပ်မှုကျဆင်းခဲ့ကာ ကားသစ်များ ထုတ်လုပ်မှုသည်လည်း နှောင့်နှေးခဲ့ကြောင်း လူစီး ကားနှင့် ထရပ်ကား ရောင်းဝယ်ရေးဆိုင်ရာအသင်း  (BOVAG)  နှင့် မော်တော်ကားလုပ်ငန်း အသင်း (RAI)တို့၏ ဖော်ပြချက်အရ သိရသည်။၂၀၂၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၌  ကားသစ်အစီးရေ ၃၂၂၈၃၁ စီး မှတ်ပုံတင်ခဲ့ကြောင်း၊ ကုမ္ပဏီသုံး လျှပ်စစ်ကားများ အား တစ်ကိုယ်ရည်အသုံးပြုမှုနှင့်စပ်လျဉ်း၍

Wednesday, 5 Jan 2022

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှု ဝန်ကြီးဌာနသည် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ အား ကန့်သတ်ကုန်စည်အဖြစ်မှ   လွတ်လပ်စွာ (Free)  တင်သွင်းခွင့်ပြုသည့်  ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် တင်ပို့ရာဒေသ၌ Bill of Loadingထုတ်ပေးခြင်းကို ၃၁-၁၂-၂၀၂၁ ရက်အထိလည်းကောင်း၊ အိန္ဒိယဆိပ်ကမ်းများ၌ ကုန်စည်များအား  ဆိပ်ကမ်းရှင်းလင်းခြင်းကို         ၃၁-၁- ၂၀၂၂ ရက်   နောက်ဆုံးထား၍လည်း ကောင်း တင်သွင်းခွင့်ပြုခဲ့သည်။

Pages