Background
ဗီယက်နမ်နိုင်ငံ ဘင်ထရဲပြည်နယ်သည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလာအောင် အား ပေးရန်အတွက် အများပြည်သူ သတင်းအချက်အလက် ဖြန့်ဖြူးရေးအစီအစဉ်နှင့် အခြားလှုပ်ရှားမှုကို ပိုမိုဆောင် ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်း တွင် ဖော်ပြသည်။ ပြည်နယ်အစိုးရသည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေး ခဲ့ပြီး အတည်ပြုချက် ရရှိထားသော စီမံကိန်းများကိုလည်း အကူအညီများ ပိုမိုပေးခဲ့သည်။
အတွဲ(၁၅)အမှတ်(၇)
ဖျာပုံခရိုင်၊ ဒေးဒလူကျေးရွာအုပ်စု၊ ရွှေလှေကျင်းကျေးရွာ၊ အမာမြို့ နယ်ခွဲကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးနဲ့ (TPIS) ဝန်ထမ်း များဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က " အဏ္ဏဝါဇော် " အမည်နဲ့ အသင့်စား ငါးနှပ်ခြောက်ကင်လုပ်ငန်းကို တွင် ကျယ်စွာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
"အဏ္ဏဝါဇော်" အမည်ဖြင့် ထုတ် လုပ်နေသူတစ်ဦးအနေနဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့မှာ ယခုလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အလုပ်ရုံဆွေး နွေးပွဲနဲ့ ကုန်စည်ပြပွဲကို တက်ရောက် နိုင်ဖို့နဲ့ ထုတ်ကုန်ပစ္စည်းများ ပြသ နိုင်ရေးတို့အတွက်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၇၈ သန်းတန်ဖိုးရှိ ရေချို ငါး တန် ၄၄၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ရေချိုငါးများကတော့ ငါးမြစ်ချင်းနဲ့ ငါးခေါင်းပွတို့ဖြစ်ပြီး ငါးလေးခြောက်၊ ငါးနီတူခြောက် ၁၆ တန်နဲ့ ငါးသေတ္တာ ခြောက် ၁၁ တန်ကိုလည်း တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်ဒီဇင်ဘာလကထက် တန် ၃၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ယဉ်ယဉ်အေး MIRT ( DCCA )
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ၂၅ရက်မှ ၃၁ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၉၁ သန်းဖိုးရှိ ရေထွက်ကုန်တန် ၁၀၄၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၅၅ တန်ခန့့် လျော့နည်းခဲ့ပါတယ်။
မန္တလေးမြို့မှာ ကြက်မျိုးခြံနဲ့ ကြက် သတ်စက်ရုံ တည်ဆောက်ဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ Mandalay Livestock Development Co.,Ltd မှ ကိုနေသူရိန်က '' ကြက်မျိုးခြံ လုပ် ချင်ပေမဲ့ အစိုးရအကူအညီ မပါရင် မလွယ်ပါဘူး။ ကျွန်တော်တို့မှာ ငွေရှိပေ မယ့် လုပ်ခွင့်ရှိပေမယ့် လုပ်လို့မရပါဘူး။ အဓိကက မြေနေရာပါပဲ။ မြေနေရာ ရှိရင် လုပ်လို့ရပါတယ်။ အခုဆို ကြက် ပေါက်တွေ မလုံလောက်လို့ လစဉ် သွင်းနေရပါတယ်။ မွေးမြူရေးအစာ အဆင့်မြင့်ဆောင်ရွက်ဖို့ ဆောင်ရွက် နေပါတယ်။
ယခင်က တရုတ်နိုင်ငံသို့သာ အများဆုံး တင်ပို့ခဲ့သော ငါးရှဉ့်ကို ယခုအခါ ဂျပန်နဲ့ ကိုရီးယားနိုင်ငံများ ကပါ ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း သတင်းကို စက်တင်ဘာလ ၁၇ ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖတ်ရှုလိုက်ရတဲ့အတွက်ရေလုပ်ငန်းရှင် များ ကိုယ်စား ဝမ်းသာမိပါတယ်။
မြန်မာ - ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ် ကုန်သွယ်ရေးစခန်းက ၂၀၁၃ ခုနှစ်သြဂုတ်လတွင်ကန်ဒေါ်လာ သုည ဒသမ ၆၂၀ သန်းတန်ဖိုးရှိ ကဏန်း ၆၈ တန်နီးပါးကဏန်းပျော့ ၃၈ တန်ကျော်၊ ကဏန်းသေး(အသေ) ၃၆ တန်ကျော်၊ သဲကဏန်း ၁၁ တန်နီးပါး၊ ရွှံ့ကဏန်း ၄ တန်ကျော်၊ ကဏန်းနီ ၁ တန် ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ကန်ဒေါ်လာ ၇ ဒသမ ၅၉၁ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၅၉၂၉ တန်ကျော်၊ ရေငန်ပုဇွန် ၂၂၆ တန်ကျော်၊ ငါးမှုန့် ၉၅၂ တန်ကျော်၊ ကင်းမွန် ၅၁ တန်ကျော်၊ ငါးကြိတ်သား ၂၅ တန်ကျော်နဲ့ ပင်လယ်စာများရော အနည်းငယ် တင်ပို့နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ရှည်လျားတဲ့ ကမ်း ရိုးတန်းကြီးရှိနေတဲ့အတွက် ရေဧရိယာ အလွန်ကျယ်ဝန်းပါတယ်။ အဲဒီ ကျယ် ပြန့်တဲ့ရေပြင်အောက်က မုတ်ကောင် လေးတွေ၏ မျက်ရည်ကိုပုလဲအဖြစ်ရ ယူရုံသာမက မုတ်ခွံတွေကိုပါတန်ဖိုးမြှင့် ထုတ်ကုန်တွေထုတ်လုပ် ရရှိနိုင်ပါတယ်။
ယခုအပတ် ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်ထိတာကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၄၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။