Main menu

Background

Tuesday, 19 Jan 2010

  ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်အတွင်းပြည်နယ်နှင့်တိုင်းအသီးသီးရှိ သစ်တောကြိုးဝိုင်းများမှကျွန်းသစ်ပင်ရေ ၁သိန်းကျော်(၁၃၀၀၀၀ကျော်) နှင့် သစ်မာပင်ေ ရ၆သိန်းခန့်ထုတ်ယူခွင့်ပြုခဲ့ကြောင်း သစ်တောရေးရာဝန်ကြီးဌာနမှသိရသည်။  မြန်မာနိုင်ငံ၏ နှစ်စဉ်သစ် ထုတ်ယူခွင့်ကို မြန်မာ့သစ်လုပ်ငန်းမှ အဓိကဦးဆောင်ထုတ်ယူခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစတင်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မြန်မာ့သစ်လုပ်ငန်းတို့ပူးတွဲသစ်ထုတ်လုပ်မှုများ ရှိလာခဲ့ရာ ၂၀၀၈-၂၀၀၉ဘဏ္ဍာနှစ်တွင်လည်း ကျွန်းသစ် ပင်ရေ တစ်သိန်းလေးသောင်း ခန့်နှင့်သစ်မာ ပင်ရေခြောက်သိန်း ရှစ်သောင်းဝန်းကျင်ထုတ်ယူခွင့်ပြုခဲ့သည်ဟုဆိုသည်။  ယခုအခါ မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်းသစ်ထုတ်လုပ်နေသည့် ကုမ္ပဏီများမှာ ထူးထရေးဒင်း ကုမ္ပဏီ၊ တင်ဝင်းထွန်းကုမ္ပဏီ၊ မိုမင် တန်ကုမ္ပဏီ၊ ဝုဒ်ဝေါကုမ္ပဏီ၊ စိန်သန်းဦးကုမ္ပဏီ၊ ပစိဖိတ်တင်းဘားကုမ္ပဏီ၊ Global Star Co, စသည့်ကုမ္ပဏီကြီးများအပါအဝင် သစ် လုပ်ငန်းပေါင်း ၅၀ ကျော်ရှိကြောင်းသိရသည်။ခင်မျိုးသွယ်

Tuesday, 19 Jan 2010

   ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်ဘက်တွင် သြဂဲနစ်စနစ်ဖြင့် ပုစွန်ကျားများမွေးမြူလုပ်ကိုင်လာကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်းမှသိရသည်။ ''မွန်ပြည်နယ်ထဲမှာ သြဂဲနစ် စနစ်နဲ့ ပုစွန်မွေးမြူတာကို ပြည့်ဖြိုးကျော်ကုမ္ပဏီကလုပ်ကိုင်လာတာတွေ့ရတယ်။ ပြည်ပဈေးကွက် အတွက်ရည်ရွယ်ပြီးမွေးမြူတာပါ။ သြဂဲနစ် စနစ်နဲ့ မွေးမြူတဲ့ ပုစွန်ကျား ၂ ကန်၊ သိပ္ပံနည်းနဲ့မွေးတာ ပုစွန်ဖြူ ၂ ကန်၊ အဲဒီကန်တွေထဲ မှာ ပုစွန်သားပေါက်ကောင်ရေ ၁၄ သိန်းကျော်ထည့်ပြီး မွေးမြူခဲ့ပါတယ်။ လက်ရှိမှာ ပုစွန် ၇ တန်ကို ဖမ်းဆီးပြီးပါပြီ၊ ကန်ထဲမှာ ၇ တန် ကျော်ကျော် ကန်ဖော်ဖို့ကျန်နေပါသေးတယ်'' ဟု ယင်းအသင်းမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးကပြောပြသည်။   အဆိုပါကုမ္ပဏီမှာ မွန် ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ရေလုပ်ငန်းများကို အခြေ စိုက်လုပ်ကိုင်နေကြောင်းသိရသည်။ခင်မျိုးသွယ်

Monday, 18 Jan 2010

   ကချင်ပြည်နယ်၊ ပူတာအို ဒေသရင်း၊  ငါးမျိုးးများဖြစ်သော ငါးတောက်၊ ငါးနီ၊ ငါးဝိုင်းအစရှိသည့် ရေခဲငါးများကို ၂ဝ၁ဝ ခုနှစ် သား ဖောက်ရာသီတွင် ငါးလုပ်ငန်းဦးစီးဌာနက  စမ်းသပ်သားဖောက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ဇန်နဝါရီလ၂ ရက်နေ့က မွေးမြူရေးနှင့်ရေ လုပ်ငန်းဝန်ကြီးဌာနဝန်ကြီးက တရားဝင်ပြောကြားသည်။

Wednesday, 13 Jan 2010

    မြန်မာနိုင်ငံမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၃၃နိုင်ငံသို့တင်ပို့ရောင်းချနေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အစည်းအဝေးမှသိရသည်။

Monday, 11 Jan 2010

 ရွှေပြည်သာစက်မှုဇုန်အခြေစိုက် ပြည်လုံးချမ်းသာကုမ္ပဏီမှ ငါးကြိတ်သားများကို ဂျပန်နိုင်ငံသို့ လစဉ်တင်ပို့လျက်ရှိကြောင်းသိရ သည်။

Monday, 11 Jan 2010

   ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည့် ရေထွက်ပို့ကနု်ပစ္စည်းများမှ တချို့သော ငါးများကို ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ငါးလုပ်ငန်းဦးစီးဌာနက ဈေးနှုန်းပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်သည်။

Monday, 11 Jan 2010

    ရေလုပ်ငန်းဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် နားလည်မှု လွဲမှား၍သော် လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန်ရှိသည့် တာဝန်နှင့်ဝတ္တရားများပျက်ကွက်မှု၊ အငြင်းပွားမှု၊ မပြေလည်မှု ကိစ္စများ ပေါ်ပေါက်ပါကလည်းကောင်း

Monday, 11 Jan 2010

   မြန်မာနိုင်ငံတွင်အများဆုံးမွေးမြူထုတ်လုပ်လျက်ရှိသည့် ငါးမြစ်ချင်းငါးများကိုဈေးအနည်းငယ်တက်ပေးလာကြောင်း ရေချိုငါးမွေးမြူ ရေးလုပ်ငန်းရှင်များအသင်းမှသိရသည်။

Pages