Main menu

Background

Sunday, 25 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ငါးရှဉ့် ၁၅၄ တန်ခန့်နဲ့ ကဏန်း တန် ၇၀ ကျော် တင်ပို့နိုင် ခဲ့တဲ့အတွက် ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ငါးရှဉ့် ၂၂ တန် အပို့လျော့ခဲ့ပေမယ့် ကဏန်းတင်ပို့မှုမှာတော့ ၃၄ တန် ပိုမိုခဲ့ တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ ငါးရှဉ့်ကို မူဆယ်မှ တန် ၁၁၀ ကျော်နဲ့ ချင်းရွှေဟော်မှ ၄၃ တန်ကျော်၊ ကဏန်းကို မူဆယ်မှ တန် ၇၀ ခန့်နဲ့ ချင်းရွှေ ဟော်မှ သုည ဒသမ ၆၈၄ တန် အသီးသီးဖြစ်ပြီး ယခုအပတ် မှာ ငါးရှဉ့်တင်ပို့မှုမှ ကန်ဒေါ်လာသုညဒသမ ၉၃၃ သန်းနဲ့ ကဏန်းတင်ပို့မှုမှ ကန်ဒေါ်လာသုညဒသမ ၂၉၂ သန်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။    MIRT(DOBT)

Sunday, 25 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၆၆ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က အပို့ မရှိခဲ့တဲ့ချင်းခြောက်၊ တောင်လုံးကျော်နဲ့ တောဂျူးမြစ်အပို့ရှိခဲ့ပြီး ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစား ဂမုန်း၊ ကြောင်လျှာစေ့များ အပု့ိပိုခဲ့ပါတယ်။ ဒါပေမယ့် မိချောင်းကွမ်းဖတ်စေ့၊ တောဂျင်းနဲ့ ဒရင်ကောက်မြစ်တို့ အပို့လျော့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၁၀၃ တန် အပို့လျော့ခဲ့ပြီး တမူးနယ်စပ်မှာတော့ ယခင်အပတ်က အသွင်း မရှိခဲ့ပေမယ့်  ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်းနဲ့ ဖာလာတို့လည်း အသွင်းရှိနေပါတယ်။MIRT(DOBT)

Sunday, 25 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ကန်ပိုက်တီးနယ်စပ် များမှ ဖရဲသီး၊ သခွားမွှေးနဲ့ တစ်ရှူးငှက်ပျောများ ကို တင်ပို့ လျက်ရှိပြီး ရိဒ်နယ်စပ်မှ ထောပတ်သီးများ တင်ပို့လျက်ရှိပါ တယ်။ မတ်လ ၇ ရက်မှ ၁၃ ရက်မှာ မူဆယ်နယ်စပ်မှ သခွား မွှေးတန် ၂၁၀၀ ကျော်ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ သခွားမွှေးဈေးတွေကတော့ ရွှေသခွားမွှေး ၁ ကီလိုက ၅ ယွမ်ထိဈေးရပြီး ပိုက်ကွက်သခွားမွှေးက ၃ ယွမ်အထက်နဲ့ ရိုးရိုးသခွားမွှေးက ၁ ကီလို ၁ ယွမ်မှ ၁ ယွမ်ခွဲ ဈေးရနေ တယ်လို့ သိရပါတယ်။

Sunday, 25 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ  သုည ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ဧည့်မထ ၂၅ မှတ် ဆန် တန် ၂၅၀ နီးပါး (၂၄၈ ဒသမ ၇၅ တန်) ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆန်တင်ပု့ိခွင့်ပြုသည့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကစပြီး နယ်စပ်မှ ဆန် တင်ပို့ခြင်းကို မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုရှိနေသော်လည်း ကန်ပိုက်တီးနယ်စပ်က ဆန်တင်ပို့မှုကတော့

Monday, 13 Feb 2012

             မန္တလေးမြို့  သီရိမာလာငါးဈေးကို ရန်ကုန်ဘက်မှ ငါးများ  ပုံမှန်ဝင်ပြီး ယခုတစ်ပတ်မှာ ငါးဈေးနှုန်း ခပ်ပါးပါး မြင့်တက်ကြောင်း သိရပါတယ်။

Monday, 16 Jan 2012

               ယခုတစ်ပတ်တွင် တရုတ်နှစ်သစ်ကူးရာသီနီးလာလို့ တရုတ်ဝယ် လက်များမှ ငါးရှဉ့်လေလံ အမြင့်ဈေးပေး ဝယ်လာကြောင်းသိရပါတယ်။ လတ်တလောမှာ ရာသီဥတုအေးနေခြင်း၊ ယခုအချိန် ရေနည်းနေခြင်း ကြောင့် ငါးရှဉ့်အထွက်နည်းချိန်ဖြစ်လို့ တရုတ်နိုင်ငံသို့ တင်ပို့မှုနည်းနေ ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထွက် ငါးရှဉ့်များသာတင်ပို့မှုရှိပြီး၊ မန္တလေး နဲ့ စစ်ကိုင်းမှ ငါးရှဉ့်များတင်ပို့မှုမရှိသေးကြောင်း သိရပါတယ်။

Monday, 16 Jan 2012

              အင်ဒိုနီးရှားပင်လယ်ပြင်တွင် ငါး များပေါများနေသေးခြင်းကြောင့် မိမိတို့ ငါးဖမ်းသင်္ဘောများ သွားရောက်ငါးဖမ်း လိုသော်လည်း စည်းကမ်းချက်များနှင့် အကန့်အသတ်များပြားလွန်းလှကြောင်း ဗီယက်နမ်ရေထွက်ပစ္စည်း  ထုတ်လုပ် တင်ပို့ရေးအဖွဲ့မှ  ပြောကြားလိုက်ပါ သည်။ အင်ဒိုနီးရှားရေလုပ်ငန်းရှင်များ ကလည်း ဗီယက်နမ်၏ ဖမ်းဆီးမှုနည်း ပညာများကျွမ်းကျင်၊ ကြွယ်ဝမှုကြောင့် ပူးပေါင်းဆောင်ရွက် လိုကြသော်လည်း ဗီယက်နမ်လုပ်ငန်းရှင်များက သင်္ဘော အရွယ်အစား ၁၀၀ တန် အောက်ဖြစ် ရမည်။

Monday, 16 Jan 2012

            ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆည်တမံ၊ အင်းနဲ့ သဘာဝကွင်းများမှာ ငါးမျိုး ၂၇၅၇၈၁ ကောင်ကို ကြိမ်ရေ ၁၇ ကြိမ် စိုက်ထည့်ပေးခဲ့ကြောင်း သိရပါတယ်။ကျောက်ဆည်ခရိုင်ဦးစီးမှူး ဦးသက်အေးက "ကျောက်ဆည်ခရိုင်မှာ အင်းအလုံး ၄၀ ရှိတယ်။ ၁၄ အင်းက ငါးရှဉ့်အဓိကမွေးတယ်။ ၁၆ အင်းမှာ ငါးမျိုးစိုက်ထည့်ပေးတယ်။ ငါးခုံးမကြီး၊ ငါးသန်၊ ငါးမုံကြီးမျိုးတွေကို စိုက် ထည့်ပေးတယ်။ ငါးအထွက်တိုးအောင်လို့ ပိုက်လှောင်အိမ်စနစ်နဲ့ မွေးပေး တယ်။

Monday, 16 Jan 2012

              ပုစွန်ရောဂါကြောင့်သော်လည်းကောင်း ရာသီဥတုဖောက်ပြန်ပြီး ရေကြီးခြင်းကြောင့် ပုစွန်ထုတ်လုပ်မှုများ ကျဆင်းသော် လည်း အိန္ဒိယနိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုမှာ မြင့်မားလျက်ရှိပါသည်။

Monday, 16 Jan 2012

         မြန်မာနိုင်ငံအနေဖြင့် ငါး/ပုစွန်များ မွေးမြူခြင်း၊ ဖမ်းဆီးခြင်း၊ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများ ရရှိလျက်ရှိပါသည်။ ၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ခန့် ရရှိခဲ့ပါသည်။မိမိတို့၏ နိုင်ငံပိုင် သယံဇာတများ လျော့ နည်းကုန်ခမ်းခြင်းမရှိဘဲ ပြည်ပမှ သယံဇာတများကို မိမိ တို့နိုင်ငံရှိ ဝန်ထမ်းအင်အားနှင့် ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများအသုံးပြုခြင်းဖြင့် စက်ရုံများအတွက် ကုန်ကြမ်းအပြည့်အဝရရှိပြီး စက်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိ ခြင်း၊ နိုင်ငံအတွက် အခြားနည်းလမ်းမှ ဝင်ငွေရရှိခြင်း စသော အကျိုးကျေးဇူးများကိုရရှိမည့် ပြည်ပမှ ရေထွက် ပစ္စည်းကုန်ကြမ်းများ တင်သွင်း၍ ပြုပြင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့မည့် လက်ခစားစနစ်  Contract Processing  လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိရေး၊ မြန်မာ နိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages