Main menu

Background

Monday, 1 Apr 2024

UPCOM Market သည် ဗီယက်နမ်နိုင်ငံ  ဟနွိုင်းစတော့ အိပ်ချိန်းတွင် ဆောင်ရွက်နေသည့်Junior Secondary Market  တစ်ခုဖြစ်သည်။ စတော့အိပ်ချိန်း၏ ပထမဈေးကွက် Main Board) ) သို့ ဝင်ရောက်ရန် အဆင်သင့်မဖြစ်သေးသည့် ကုမ္ပဏီ များအတွက်ရည်ရွယ်ကာ တည်ထောင်ထားသည့် ဈေးကွက်ဖြစ် သည်။ အဆိုပါဈေးကွက်ကို ၂၀ဝ၉ ခု ဇွန်လ ၂၄ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ဗီယက်နမ်အစိုးရမှ ထုတ်ပြန်ထားသည့်  ဒီကရီ အရ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများသည် သတ်မှတ်ထား သည့် အရည်အချင်းများနှင့်ပြည့်စုံပါက UPCOM Market  သို့ မဖြစ်မနေ ဝင်ရောက်ရသည်။ ဤဈေးကွက်သည် ကုမ္ပဏီများ အတွက် သတင်းအချက်အလက် ဖွင့်ဟကြေညာမှု Disclosure)၊ စာရင်းစစ် စာရင

Monday, 1 Apr 2024

ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသော မိချောင်းကွမ်းဖတ် မှာ တစ်နှစ်ခံပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍  မြန်မာနိုင်ငံအနှံ့ အပူပိုင်းဒေသများနှင့်    ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း သဘာဝအလျောက်  ပေါက်ရောက်လျက်ရှိပြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်  ငပုတောမြို့နယ်အောက်ဘက်ရှိ ဟိုင်းကြီးကျွန်း နှင့်ပတ်ဝန်းကျင်ကျေးရွာများ၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ငရုတ်ကောင်းမြို့နယ်ခွဲဝန်းကျင်ကျေးရွာများ  ပန်းတနော်၊ ကျောင်းကုန်းမြို့နယ်များရှိ ရေနက်ကွင်းများတွင် အလေ့ကျ ပေါက်ရောက် လျက်ရှိသလို အချို့မြို့နယ်များတွင် ယခင်က စီးပွားဖြစ်  စိုက်ပျိုးရောင်းချသူများလည်းရှိသည်။ 

Monday, 1 Apr 2024

မြန်မာ့မွေးမြူရေး  ရေထွက်ကုန်ဖြစ်သည့် ရေငန်ပုစွန်ကို တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နည်းလမ်းဖြင့် ယင်းနိုင်ငံသို့ စတင် တင်ပို့နိုင်ပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မွေးမြူရေး ရေထွက်ကုန် တင်ပို့ခွင့်နှင့်ပတ်သက်၍ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ အဓိကအားဖြင့် ရေငန်ပုစွန်ဖြူ တင်ပို့ရန်အတွက် ကုမ္ပဏီခြောက်ခုမှ တင်ပို့ခွင့် မှတ်ပုံ တင် အောင်မြင်ထားပြီးဖြစ်ကြောင်း သိရသည်။

Monday, 1 Apr 2024

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ်၊ မတ်လ  ၂၅  ရက်နေ့Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် အီဂျစ်နိုင်ငံသည် ယခု တစ်ပတ်တွင် ၈ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၃ ဒသမ ၉၀ ရာခိုင်နှုန်း၊ တူကီယဲ (တူရကီ)နိုင်ငံတွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၂ နိုင်ငံရှိကြောင်း တွေ့ရသည်။

Monday, 1 Apr 2024

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊မတ် ၂၇ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ(၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ ဖြင့်လည်းကောင်း၊ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၂ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ % ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ၆၁၅ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ % တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၁ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ % ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၄ ဖြင့်လည်းကောင်းအသီးသီး ဖြစ်ပေါ်ခဲ

Monday, 1 Apr 2024

ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင်ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၂၀၈ ဒေါ်လာပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၁၇၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၄ ခုနှစ်၊ မတ် ၂၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၂၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ မတ် ၂၆ ရက်တွင် ကျပ် ၄၃၂၀ဝ၀ဝသို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေ ဈေးကွက်အတွင်းမှသိရသည် ။ Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် USD  ၆၄ ဒသမ ၇၅ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်Trading Economics global macro

Monday, 1 Apr 2024

ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်မှုနှင့် အရည်အသွေး မြင့်မား သော ဆန်များကို ပိုမိုဦးစားပေးလာမှုတို့ကြောင့် ထိုင်းနိုင်ငံသည် ဟောင်ကောင် နှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ယခုနှစ်တွင် မြင့်တက်လာနိုင်ရန် မျှော်လင့် လျက်ရှိသည်။ 

Monday, 1 Apr 2024

ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပိုးသတ် ဆေးြွကင်း အမြင့်ဆုံးကန့်သတ်ချက်များ  အသိပညာ မြှင့်တင်ရေး  ဆွေးနွေးပွဲကို    မတ်လ ပထမပတ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အာဆီယံ-ဂျပန်စင်တာ AJC centre  တို့ပူးပေါင်း၍ AJC ၏ ၂၀၂၃-၂၄ ဘဏ္ဍာ ရေးနှစ် စွမ်းဆောင်ရည်မြှင့်တင်ရေး  ရန်ပုံ‌ငွေဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ 

Monday, 4 Mar 2024

Depository Receipt (DR)   သည် လွှဲပြောင်းနိုင်သည့် ဘဏ္ဍာရေး စာချုပ်စာတမ်းအမျိုးအစားတစ်ခုဖြစ်ပြီး ကိုင်ဆောင် ထားသူများအနေနှင့် ယင်းနှင့်သက်ဆိုင်သည့် ငွေချေးသက် သေခံလက်မှတ်များ၏ အကျိုးခံစားခွင့်များကို အချိုးကျ ခံစား ခွင့်ရှိသည့် လက်မှတ်များဖြစ်သည်။ မိခင်နိုင် ငံ စတော့အိပ်ချိန်း တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီတစ်ခုသည် ယင်း၏ ရှယ်ယာ များထဲမှ ရာခိုင်နှုန်းအချို့ကို အခြားနိုင်ငံရှိ စတော့အိပ်ချိန်းတွင်Depository Receipt (DR)  များအဖြစ် သွားရောက်စာရင်းဝင်ခြင်းဖြစ် သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ကြားခံအဖွဲ့တစ်ခု (Sponsor  အဖွဲ့အစည်းတစ်ခုမှ) စတော့များကို ဝယ်ယူကာ ဃကျအသိငညေ အဖွဲ့တစ်ခုတွင

Monday, 4 Mar 2024

ဒီဂျစ်တယ်စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee-DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ၏  ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၄)ကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင်  စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)  ညီလာခံ ခန်းမ၌  ဥက္ကဋ္ဌ(၁)ဖြစ်သူ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဥက္ကဋ္ဌ(၂) ဖြစ်သူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ ဦးဆောင်၍ ပြုလုပ်ခဲ့ သည်။ 

Pages