Main menu

Background

Monday, 15 Jan 2024

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်း အလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၅ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၂၀၄၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၁၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၀၃၁ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဇန်နဝါရီ ၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၃၇၀၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၁၀ ရက်တွင်ကျပ် ၃၇၃၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်

Monday, 15 Jan 2024

ဗီယက်နမ်နိုင်ငံ    အခြေစိုက် လျှပ်စစ်မော်တော်ယာဉ်  ထုတ်လုပ် သည့် Vinfast  ကုမ္ပဏီသည် အိန္ဒိယ နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မှုများ ပြု လုပ်ရန်အတွက်  သဘောတူညီချက် လက်မှတ်ရေးထိုးပြီး   ကမ္ဘာ့တတိယ အကြီးဆုံး မော်တော်ယာဉ်ဈေးကွက် သို့  ဝင်ရောက်လာခဲ့ကြောင်း သိရှိခဲ့ သည်။
Vinfast  နှင့်       အိန္ဒိယနိုင်ငံ တာမီနာဒု   ပြည်နယ်အစိုးရတို့သည် ဒေါ်လာ ၂ ဘီလီယံကျော်ထိ  ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန်  သဘောတူညီမှုရရှိ ထားပြီး   ပထမဆုံး ၅ နှစ်တာကာလ အတွက် နှစ်စဉ် ဒေါ်လာ ၅၀ဝ မီလီယံ ပမာဏကို  စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ သွားရန်  ရည်ရွယ်ထားကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Monday, 15 Jan 2024

စက်မှုဝန်ကြီးဌာန၏ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် E-Market Platform  ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ  MSME Center တွင် ကျင်းပပြုလုပ်ခဲ့သည်။ 
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

Monday, 15 Jan 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ   ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ တက် ရောက် အမှာစကား ပြောကြားခဲ့သည်။

Monday, 1 Jan 2024

အစိုးရများ၊ အစိုးရအေဂျင်စီများ၊ ကုမ္ပဏီများအနေနှင့်  အရင်းအနှီးဈေးကွက်မှတစ်ဆင့် ကာလရှည် ရင်းနှီးငွေများ ရှာဖွေရာတွင် မြူနီစီပါယ်ငွေချေးစာချုပ်များ၏ အခန်းကဏ္ဍသည် လည်း အရေးပါသည့်နေရာမှ ရပ်တည်လျက်ရှိသည်။ မြူနီစီပါယ် ငွေချေးစာချုပ်များ municipal bond)) ကို အချုပ်အခြာအာဏာပိုင် ပြည်နယ်၊ တိုင်းများ၏အစိုးရများ၊ မြူနီစီပါယ်အဖွဲ့များ၊ အစိုးရ အေဂျင်စီများစွာတို့က ထုတ်ဝေလေ့ရှိကြသည်။ အမေရိကန်နိုင်ငံ ရှိ ပြည်နယ်များအားလုံးလိုလိုတွင် မြူနီစီပါယ် ငွေချေးစာချုပ် များကိုထုတ်ဝေကာ လိုအပ်သည့် ဘဏ္ဍာငွေများကို ဖြည့်တင်း လေ့ရှိသလို အခြားသောနိုင်ငံများတွင်  ဒေသဆိုင်ရာ အစိုးရများ၊ မြို့တော်ကြီးမျာ

Monday, 1 Jan 2024

နိုင်ငံတော်၏   စီးပွားရေးဦးတည်ချက်နှင့် အညီ MSMEs စက်မှုလုပ်ငန်းများ၏  စီးပွားရေး မောင်းနှင်အားကို  အဓိကထား၍ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏   ဦးဆောင်မှုနှင့်အတူ ကျုံပျော်ခရိုင်၊  ကျုံပျော်မြို့၌  ကျင်းပပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့်  အလတ်စားMSME ဒေသထွက်ကုန်ပစ္စည်းပြပွဲကို ဒီဇင်ဘာလ ၁၇ ရက် နေ့တွင် ကျင်းပရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဝန်ကြီးများ၊   ကျုံပျော်ခရိုင် အတွင်းရှိ  ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်မြို့မိမြို့ဖများ တက်ရောက်

Monday, 1 Jan 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ   ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ မြင်းကျွန်း၊ ကျွန်းညို၊ မှိုက်ပင်ကုန်း၊ တင်းဂပ်အုပ်စုအတွင်းရှိကျေးရွာများတွင် စိုက်ပျိုးရေးကို  အဓိက ထားလုပ်ကိုင်ကြ၍ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ  ကိုင်းကျွန်းမြေ များတွင် နှစ်စဉ် ငရုတ်၊ ဆေးရွက်ကြီး၊ အစေ့ထုတ်ပြောင်း(CP)၊ ပဲနီ ကြားနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက် ဒေသစီးပွားဖြစ် စိုက် ပျိုးကြပြီး ငရုတ်သီးနှံနှင့် ဆေးရွက်ကြီးကို စိုက်ဧကအများ ဆုံးစိုက်ပျိုး ကြောင်း သိရှိရသည်။ ဗမာဆေးရွက်ကြီးမျိုးကို အများဆုံး စိုက်ပျိုး ကြောင်း၊ ယခင်နှစ်က စိုက်ဧက(၃၀ဝ)ခန့် စိုက်ပျိုးပြီး သီးနှံရော

Monday, 1 Jan 2024

လက်ခစား CMP စနစ်ဖြင့်  ချုပ်လုပ်နေသည့် မြန်မာ့ အထည်ချုပ်လုပ်ငန်းများတွင်   ပြည်ပက ကုန်အမှတ်တံဆိပ် အသစ်များ    ဝင်ရောက်လာရန်ရှိနေကြောင်း   မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် အသစ်ဝင်ရောက်ရန် ညှိနှိုင်းဆွေးနွေးနေ သည့် Brand  အသစ်များရှိနေပြီး တရုတ်အဝတ်အထည်Brand များကလည်း လာရောက်လေ့လာမှုများ  လုပ်ဆောင်ထား ကြောင်း သိရသည်။
တရုတ်နိုင်ငံအပြင် ကိုရီးယားနိုင်ငံမှလည်း ရင်းနှီးမြှုပ်နှံ သူ လုပ်ငန်းရှင်အသစ်အဖြစ် ဝင်ရောက်ရန် ရှိနေပြီး ဥရောပ သမဂ္ဂနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ကလည်း အမှာစာအများဆုံး ဝင်ရောက်ထားကြောင်း သိရသည်။

Monday, 1 Jan 2024

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဒီဇင်ဘာ ၂၅ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် နိုင်ဂျီးရီးယားနိုင်ငံသည် ယခုတစ်ပတ်တွင်၂ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်း နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် ၁ ဒသမ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၅ နိုင်ငံ ရှိကြောင်း တွေ့ရှိရသည်။ယခုအပတ်အတွက် ကမ္ဘောဒီ

Pages