Main menu

Background

ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် မြန်မာ့ရွှေဈေး ပြန်လည်မြင့်တက်လာ

Wed, 07/23/2014 - 07:55 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ ရွှေဈေးသည် အတက်အကျများစွာဖြင့် ရှိနေခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။  ယခုတစ်ပတ် ဇူလိုင်လ ၁၄ရက်နေ့တွင် မြန်မာ့ရွှေဈေးသည် တစ်ပတ်အတွင်း အမြင့်ဆုံးဈေးဖြစ် ခဲ့သော် လည်း နောက်ပိုင်း ရက်များတွင်  ဈေးဆက်လက်ကျဆင်းလာခဲ့သည်။ သို့သော် ဇူလိုင်လ ၁၈ရက်နေ့တွင် မလေးရှားလေယာဉ်ပျံ MH-17  ယူ ကရိန်း နယ်စပ်တွင်ပျက်ကျခဲ့မှုကြောင့် ကမ္ဘာ့ရွှေဈေး ရုတ်တရက်ခုန်တက် သွားခဲ့သဖြင့် မြန်မာ့ရွှေဈေးပါ လိုက် ပါမြင့်တက် သွား ခဲ့ကြောင်း ရွှေဈေး ကွက်အတွင်းမှ သိရသည်။
မြန်မာ့ရွှေဈေးကွက်အတွင်း ဈေးအမြင့်ဆုံး ကျပ် ၆၈၄၀၀၀ အထိ မြင့်တက်လာခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း ကျဆင်း လာ ခဲ့ပြီး ကျပ် ၆၇၅၃၀၀ အထိ ကျဆင်းလာခဲ့ကြောင်း၊ သို့သော် ကမ္ဘာ့အရေးအခင်းများနှင့် ကမ္ဘာ့ရွှေဈေးသည် ဆက်စပ်နေသဖြင့် ယခုကဲ့သို့မလေးရှားလေကြောင်းပိုင် လေယာဉ်ပျံပျက်ကျမှုကြောင့် ရွှေဈေး များ ရုတ်တရက်ခုန် တက်သွား ရခြင်း ဖြစ်ေ ကြာင်း ရွှေကုန်သည် ဦးစံမြင့်က ပြောကြားခဲ့သည်။
]''ဒီရွှေဈေးကွက်ဟာ တော်တော် လေးကို ထူးဆန်းနေတယ်ပြောရမယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက အမြင့် ဆုံး ကျပ် ၆၈၅၀၀၀ ကို ရောက်ပြီးပြန် ကျလာတယ်။ ဆက်ကျမယ်လို့ ထင်နေ တုန်း ခုလိုပြဿနာကြီးကဝင်လာတော့ ကမ္ဘာ့ရွှေဈေးက ထိုးပြီး တက်သွား ပြန် တယ်။ ကမ္ဘာ့ရွှေဈေးမှာ ရှစ်ဒေါ်လာ လောက် ထိုးတက်သွားတော့ ကမ္ဘာ့ရွှေ ဈေးနဲ့ ဆက်စပ်နေတဲ့မြန်မာ့ရွှေဈေး ကလည်း မြင့်တက်သွားရတာပါ''ဟု ၎င်းင်းက ရှင်းပြသည်။
မြန်မာ့ရွှေဈေးသည် ဇူလိုင်လ ၁၄ ရက်နေ့က ကျပ် ၆၈၂၀၀၀ ရှိခဲ့ရာမှ ဇူလိုင်လ ၁၇ရက်နေ့တွင် ကျပ် ၆၇၇၃၀၀ သို့ကျဆင်း ခဲ့သော် လည်း ဇူ လိုင်လ ၁၈ရက်နေ့တွင် ကျပ် ၆၇၈၅၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ ၁၄ရက်နေ့က ၁၃၂၁ ဒေါ်လာရှိခဲ့ရာမှ ဇူလိုင်လ ၁၇ရက်နေ့တွင် ၁၃၀၆ ဒေါ် လာသို့ ကျဆင်းခဲ့သော်လည်း ဇူလိုင်လ ၁၈ရက်နေ့တွင် ၁၃၁၄ ဒေါ်လာသို့ ပြန်လည်မြင့်တက်ခဲ့သည်။