Main menu

Background

မြန်မာ့ရွှွေဈေးဆက်တိုက်ကျဆင်းနေ၍ အခေါက်ရွှေများ အဝယ်လိုက်နေ

Tue, 09/30/2014 - 13:20 -- ydnar

 

မြန်မာ့ရွှေဈေးကွက်သည် ယခုတစ်ပတ်တွင်လည်းဆက်လက်ကျဆင်း နေဆဲဖြစ်ပြီး ဈေးဆက်တိုက်ကျဆင်းနေ မှုကြောင့်ဈေးကွက်အတွင်း

အခေါက်ရွှေများ အဝယ်လိုက်နေ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ယခု တစ်ပတ်တွင် မြန်မာ့ ရွှေဈေးကွက်တွင် ရွှေ ဈေးသည် ကျပ် ၅၀၀၀ ကျော်ကျဆင်းသွားခဲ့မှုကြောင့် ဈေးကွက် အတွင်း အခေါက်ရွှေများ အဝယ်လိုက်နေခြင်းဖြစ်ကြောင်းေ ရွှကုန်သည်ဦးစံမြင့် က ဆိုသည်။
''ကမ္ဘာ့ရွှေဈေးကွက်က သိပ်ပြီး သိသိသာသာကြီးကျသွားတာမျိုးမဟုတ် ပေမယ့် မြန်မာ့ရွှေဈေးကွက် မှာေ တာ့ ဈေးကတစ်ပတ်ထဲ မှာ ကျပ် ၅၀၀၀ ကျော်လောက်ကျသွားတယ်။ အဲဒီလို ကျသွားတဲ့အတွက် အခေါက်ရွှေတွေ အဝယ်လိုက်လာတယ်။ အဲဒီလိုအဝယ်လိုက်လာတာ က ပြီးခဲ့တဲ့သီတင်းပတ် လောက်ကတည်းကပဲ။ ဒီတစ်ပတ်လည်း အခေါက်ရွှေကို ဝယ်ပြီးစုတဲ့သူတွေရော ဝယ်ရောင်းသမားတွေပါ လိုက်ဝယ်နေ ကြတာ။ ဒါကြောင့် ဝယ်လိုအားက သိသိသာသာကို တက်လာ တယ်"ဟု ရွှေကုန်သည် ဦးစံမြင့်က ပြောကြားခဲ့သည်။
အမေရိကန်၏ စီးပွားရေး မြင့် တက်လာမှုနှင့်အတူ ကမ္ဘာ့နိုင်ငံရေး အခြေအနေများ မငြိမ်မသက်ဖြစ်နေ မှုကြောင့် ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရွှေဝယ်လိုအားများ သိသိသာသာကျဆင်းသွားခဲ့သဖြင့် ဈေးများကျဆင်းလာ ရခြင်းဖြ စ်ကြော င်း ရွှေဈေးကွက်ကျွမ်း ကျင်သူတချို့က သုံးသပ်လျက်ရှိသည်။
မြန်မာ့ရွှေဈေးကွက်တွင်  စက် တင်ဘာလ ၁၅ရက်နေ့က ၆၅၃၅၀၀ ကျပ်ရှိခဲ့ပြီး စက်တင်ဘာလ ၁၈ရက် နေ့ တွင် ကျပ် ၆၅၃၀၀၀ သို့ကျဆင်းခဲ့ သည်။ စက်တင်ဘာလ ၁၉ရက်နေ့တွင် ကျပ် ၆၅၂၀၀၀ ရှိခဲ့သည်။ ကမ္ဘာ့ရွှေေ ဈးကွက် တွင်လည်း စက်တင်ဘာလ ၁၅ရက်နေ့က ၁၂၂၈ ဒေါ်လာရှိခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ၁၂၂၂ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ စက်တင်ဘာလ ၁၉ရက် နေ့တွင် ၁၂၂၀ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်။