Main menu

Background

အခေါက်‌ရွှေ တစ်ကျပ်သား  ကျပ် ၃၁ သိန်းကျော်အထိ ရောက်ရှိလာ

Tue, 06/20/2023 - 10:11 -- journal_editor

ယခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်း တရိပ်ရိပ် မြင့်တက်လျက်ရှိရာ အခေါက်‌ ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ဇွန် ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇွန် ၈ ရက်တွင် ၁၉၄၇ ဒေါ်လာ၊ ၉ ရက်တွင် ၁၉၆၃ ဒေါ်လာ၊ ၁၀ ရက်တွင် ၁၉၆၁ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၉၆၀ ဒေါ်လာ၊  ၁၃ ရက်တွင် ၁၉၆၂ ဒေါ်လာ၊  ၁၄ ရက်တွင် ၁၉၄၈ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၉၅၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေ ဖြင့် ဇွန် ၈ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၀၈၉၀ဝ၀၊ ၉ ရက်တွင် ကျပ် ၃၀၉၃၀ဝ၀၊  ၁၀ ရက်တွင် ကျပ် ၃၀၉၂၀ဝ၀၊ ၁၂ ရက်တွင် ကျပ် ၃၁၀ဝ၀ဝ၀၊ ၁၃ ရက်တွင် ကျပ် ၃၁၂၂၀ဝ၀၊ ၁၄ ရက်တွင် ကျပ် ၃၁၃၂၀ဝ၀၊ ၁၅ ရက်တွင် ကျပ် ၃၁၁၈၀ဝ၀ ဖြစ်ကြောင်း သိရသည်။                                                        

ပန်းဆု