Main menu

Background

ပြည်တွင်း ရွှေရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်ရှိ

Mon, 07/17/2023 - 15:36 -- journal_editor

ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ လက်ရှိ၌ ကျပ် ၂၂ သိန်းကျော်တွင် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း မှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေဖြင့် ဇူလိုင် ၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၅၄၉၀ဝ၊ ၈ ရက်တွင် ကျပ် ၂၂၆၇၉၀ဝ၊ ၁၀ ရက်တွင် ကျပ် ၂၂၆၂၀ဝ၀၊ ၁၁ ရက်တွင် ကျပ် ၂၂၅၁၄၀ဝ၊ ၁၁ ရက်တွင် ကျပ် ၂၂၇၆၁၀ဝ၊ ၁၂ ရက်တွင် ကျပ် ၂၂၇၈၅၀ဝ၊ ၁၃ ရက်တွင် ကျပ် ၂၃၀၇၉၀ဝ ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇူလိုင် ၇ ရက်တွင် ၁၉၁၄ ဒေါ်လာ၊ ၈ ရက်တွင် ၁၉၂၅ ဒေါ် လာ၊ ၁၀ ရက်တွင် ၁၉၂၀ ဒေါ်လာ၊ ၁၁ ရက်တွင် ၁၉၃၂ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၉၃၄ ဒေါ်လာ၊ ၁၃ ရက်တွင် ၁၉၅၉ ဒေါ်လာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေလိုင်စင်ကိစ္စရပ်များနှင့်ပတ်သက်၍ ရွှေကုန်သည်များနှင့် ရွှေ ဆိုင်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်း၊ သက်တမ်းတိုး လိုင်စင် လျှောက်ထားခြင်း၊ ရေတုံးရွှေခဲလိုင်စင်လျှောက်ထားခြင်း စသည့်ကိစ္စရပ်များ အတွက် လုပ်ငန်း အကြီး၊ အလတ်၊ အသေးဟူ၍ ခွဲခြားဖော်ပြကာ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာထားသည်။                                                                  ပန်းဆု