Main menu

Background

Tuesday, 20 Jun 2023

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်း တန်ချိန် ၆၀ဝ၀ဝကို ပုသိမ်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ယင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့နိုင်ခြင်းကြောင့် ကုန်တင်တွဲကား ငှားရမ်းရခက်သည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး လမ်းကြောင်း အချိန်ကြန့်ကြာမှုအပြင် တန်ဆာခ စရိတ်များလည်း လျော့ကျ သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းဒုတိယဥက္ကဋ္ဌ  ဦးသန့်ဇင်ထွန်းက ဇွန် ၁၄ ရက်တွင် ပြောသည်။ 

Monday, 24 Apr 2023

ရော်ဘာ    
မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တန်ချိန် ၁၆၅၆၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ဝ၇၆ သန်းရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၁၃၀၈၅ တန်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၈၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၁၉ တန်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝကျော်နှင့် ထိုင်ဝမ်သို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။

Wednesday, 15 Feb 2023

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀လအတွင်း  သတ္တုနှင့် တွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ သန်းကျော် ရရှိခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်  ဇန်နဝါရီလကုန် အထိ စာရင်းများအရ ပြည်ပသို့ သတ္တုနှင့်တွင်းထွက်ပစ္စည်း တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇၇ သန်း ရရှိထားခြင်းဖြစ် သည်။        

Wednesday, 14 Dec 2022

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် Thai Rice Exporter Association Website  ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၃ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၄၅၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့် မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၀ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ဒေါ်လာ  ဖြင့် လ

Monday, 28 Nov 2022

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင်  International  Rice Market Website   ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၀ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဒေါ်လာဖြင့် လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၇ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၅ ဖြင်

Monday, 28 Nov 2022

ရှမ်းပြည်နယ်မှ ထွက်ရှိသည့် အော်ဂဲနစ်လက်ဖက်ခြောက်များကို ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ကြိုက်နှစ်သက်မှု များလာ၍ ဈေးကွက်နေရာရလာကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

Friday, 25 Sep 2020

              ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများ အနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ် ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြား စျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ (White Sugar) တစ်တန်လျှင် (၁-၉-၂၀၂၀) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၃၆၄.၆၀) ဒေါ်လာ ပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး (၂၃-၉-၂၀၂၀) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၇၁.၆၀) ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်

Thursday, 25 Jul 2019

         အင်ဒိုနီးရှားနှင့် ကုန်သွယ်မှုလိုငွေ တိုးလာနေသည့်အပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှု မြင့်တက်နေကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ စဉ်ဆက်မပြတ် တိုးတက်စေရန်အတွက် ပို့ကုန်အမယ် တိုးမြှင့်ရေးဆောင် ရွက်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Shri Piyush Goyal က အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယသည် အင်ဒို နီးရှားနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၇ ဘီလီယံထိ ရှိခဲ့သည့်အပေါ် အိန္ဒိယက စိုးရိမ်ပူပန်ကြောင်း၊ လက်ရှိတွင် နှစ်နိုင်ငံ ကုန်သွယ်မှု ချိန်ခွင်ရှာ၌ အင်ဒိုနီးရှား ဘက်က သိသိသာသာ

Pages