Background
အမေရိကန်ဒေါ်လာဈေးကွက်က ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ငြိမ် သက်နေခဲ့ပြီး အက်ဖ်အီးစီဈေးကွက်မှာ လှုပ်ခတ်လာခဲ့သည်ကို တွေ့ရှိရသည်။ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတို့၏ ငွေလဲနှုန်းထား များမှာတူညီနေသော်လည်း ပြင်ပဈေးကွက်တွင်မူ ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာထက် အက်ဖ်အီးစီလဲလှယ်နှုန်းက အနည်းငယ်မြင့်တက်လာသည်ကို တွေ့ ရသည်။
အမေရိကန်ဒေါ်လာဈေးကွက်ဟာ ဒီတစ်ပတ်မှာ ပြီးခဲ့တဲ့အပတ်ကထက် ပို မိုဈေးတက်လာခဲ့သည်ကိုတွေ့ရသည်။ ယခင်အပတ်က စင်တာတွင် ၈၀၀ကျပ် သာဈေးပေါက်ခဲ့သော်လည်း ယခုတစ် ပတ် ဈေးဖွင့်ချိန်တွင် ၈၂၀ကျပ်ရှိကာ ၂၀ ကျပ် တက်သွားခဲ့သည်ကို တွေ့ရ သည်။
အမေရိကန်ဒေါ်လာဈေးကွက်သည် ဒီတစ်ပတ်တွင် ပြီးခဲ့တဲ့အပတ်ကထက် အနည်းငယ် တက်လာသည်ကိုတွေ့ရသည်။ ငွေလဲစင်တာတွင် ဈေးတက်လာခဲ့သ ကဲ့သို့ ပြင်ပငွေကြေးဈေးကွက်တွင်လည်း ဈေးမြင့်တက်ခဲ့သည်ကို တွေ့ရသည်။
ဥရောပသမဂ္ဂအနေနဲ့ ဒေသတွင်းကြွေးမြီပြဿနာကို ထိန်းချုပ်နိုင်မယ့် အလားအလာ မရှိဆိုတဲ့ စိုးရိမ်ပူပန်မှုပိုလာခြင်း၊ အီရန်မှ OPEC အဖွဲ့ဝင်နိုင်ငံတွေကို ရေနံထုတ်လုပ်မှု လျှော့ချဖို့ မေတ္တာရပ်ခံလိုက်ခြင်းတို့ကြောင့် ယခင်အပတ်ကတည်းက ကျဆင်းသွားတဲ့ ရေနံ စိမ်းဈေးနှုန်းတွေက ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ကျဆင်းလာတယ်။ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ အရောက်ပို့ရမယ့် ရေနံစိမ်း (WTI Oil) က တစ်စည်ကို ၃၇ ဆင့်ကျဆင်းကာ ၉၉ ဒသမ ၀၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။
ငွေကြေးသည် တိုင်းပြည်စီးပွားရေး၏ ကျန်း မာရေးအခြေပြ ဘာရိုမီတာဟုဆိုပါလျှင် အိန္ဒိယ စီးပွားရေးမှာ အကြီးအကျယ်ဖျားနာနေပြီဟု ဆိုရ လိမ့်မည်။ ကုန်ခဲ့သည့် ဧပြီလအထိမှာ တစ် ဒေါ်လာ ၄၄ ရူးပီးဖြင့် အတော်အသင့်အခြေခိုင်စွာ အရောင်းအဝယ် ဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ် တွင် လုံးလုံးခဲခဲ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မုတ်သုံမိုး ကိုလည်း လုံလောက်စွာရရှိခဲ့သည်။ စတော့ဈေး ကွက်မှာလည်း အခြေအနေကောင်းနေခဲ့သည်။
ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ အနေနဲ့ ဒေသတွင်း ကြွေးမြီအကျပ် အတည်းကို ထိန်းချုပ်ဖို့ ကြိုးစားရုန်း ကန်နေရဆဲဖြစ်ရာ ကမ္ဘာ့ရေနံစိမ်း ဝယ် လိုအား လျော့ကျသွားဦးမယ်လို့ ခန့်မှန်း လာကြတယ်။ ဒါကြောင့် ဒီဇင်ဘာ ၉ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ကျ ဆင်းသွားခဲ့တယ်။ နယူးယောက် ကုန် စည်ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ အရောက်ပို့ရမယ့်ရေနံစိမ်း(WTI Oil) က တစ်စည်ကို ၇၅ ဆင့်ကျဆင်းကာ ၉၇ ဒသမ ၅၉ ဒေါ်လာအထိ ရောက် ရှိသွားတယ်လို့ သိရတယ်။
စက်မှုဝန်ကြီးဌာနမှရောင်းချသည့် ချယ်ရီမီနီဆလွန်းကားများ အဝယ်လိုက် မှုကြောင့် ဒေါ်လာဈေးများ တက်လာရကြောင်း သိရသည်။ နိုင်ငံခြားငွေလဲလှယ် ရေးစင်တာများတွင် လူတစ်ဦးလျှင် ဒေါ်လာ ၅၀၀ သာ လဲလှယ်ခွင့်ရှိခြင်းကြောင့် ပြင်ပဒေါ်လာဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ်များမှာ ယခင်ကထက် ပိုမို အလုပ်ဖြစ်လာကြောင်းလည်း သိရသည်။
ကမ္ဘာမှာ ဒုတိယမြောက် ရေနံ ထုတ်လုပ်မှုအများဆုံး အီရန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ပဋိပက္ခ ကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ ရေနံရောင်းလိုအားကို စိုးရိမ်ဖွယ်ဖြစ် လာစေရာ ဒီဇင်ဘာလဆန်းပိုင်းမှာ ရေနံစိမ်း ကြိုပွိုင့်အရောင်းဈေးနှုန်းတွေ မြင့်မားလာပါတယ်။
ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာငွေများလဲလှယ်ရာတွင် ငွေလဲစင်တာများတွင် တရားဝင်လဲလှယ်၍ ရသည့်ဈေးထက် ပြင်ပတွင်လဲလှယ်၍ ရသည့်ဈေးမှာ ကွာဟချက်များ ရှိနေကြောင်း သိရသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ငွေလဲစင်တာ များတွင် ငွေလဲလှယ်ရာတွင် အကန့် အသတ်များ များပြားစွာရှိနေခြင်း၊ ကိုယ်တိုင်လာရောက်ရောင်းချမှ ရခြင်း၊ လွှဲစာများပြုလုပ်ရခြင်းစသည့် အကန့် အသတ်များရှိနေခြင်းကြောင့် အမေရိ ကန်ဒေါ်လာ ရောင်းဝယ်သူများမှာ ပြင်ပတွင်သာ အရောင်းအဝယ်ပိုများ နေကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ဈေးကွက်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ဝယ်ဈေး ၇၉၂ ကျပ်၊ ရောင်းဈေး ၈၀၅ကျပ်ဖြင့် ဈေးပိတ်ခဲ့သော်လည်း နိုဝင်ဘာ ၂၈ ရက် ဈေးဖွင့်ချိန်တွင် ရောင်းဈေးမှာ ၈၀၇ ကျပ်၊ ဝယ်ဈေး ၇၉၅ ကျပ်ဖြင့် အနည်းငယ်မြင့်တက်ခဲ့တာကို တွေ့ရသည်။ နိုဝင်ဘာ ၂၉ရက်တွင် ရောင်း ဈေး ၈၁၀ ကျပ် ဝယ်ဈေး ၇၉၅ ကျပ်ရှိ ခဲ့ရာ အဆိုပါဈေးနှုန်းမှာ ဒီဇင်ဘာ ၁ ရက်အထိတည်ငြိမ်နေခဲ့ကြောင်း တွေ့ရ သည်။ နိုဝင်ဘာ ၂ ရက်တွင် ရောင်းဈေး ၈၀၅ ကျပ်သို့ ကျဆင်းခဲ့သလို ဝယ်ဈေးမှာလည်း ၇၉၀ကျပ်သို့ကျဆင်း လာခဲ့သည်ကို တွေ့ရသည်။ ပြင်ပပေါက်ဈေးတွင်မူ တစ်ပတ် အတွင်း အတက်အကျများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရသည်။ နိုဝင်ဘာ ၂၉ ရက်က ပြင်ပဈေးကွက်တွင် ရောင်း ဈေး အမေရိကန် တစ်ဒေါ်လာလျှင် ၇၉၀ကျပ်ရှိပြီး ဝယ်ဈေးမှာ ၇၈၇ ကျပ် ရှိခဲ့သည်။ အက်ဖ်အီးစီတစ်ယူနစ် လျှင် ရောင်းဈေး ၇၈၈ ကျပ်ရှိပြီး ဝယ်ဈေး ၇၈၅ကျပ် ရှိခဲ့သည်။ ပြင်ပငွေကြေးဈေးကွက်တွင် နိုဝင် ဘာ ၂၉ ရက်တွင် ရောင်းဈေး ၇၉၃ ကျပ်သို့ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁ရက်နှင့် ၂ရက်တို့တွင် ရောင်း ဈေး ၇၈၀ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ကျပ် ၇၇၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ပြင်ပတွင် ငွေအရောင်းအဝယ်များ များပြားစွာ ဖြစ်ပေါ်နေသဖြင့် ငွေလဲလှယ်မှုနှုန်း များ တည်ငြိမ်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း ပြင်ပပွဲစားတစ်ဦးက သုံးသပ်ပြခဲ့သည်။ ထို့ပြင် ယခုတစ်ပတ်တွင် ပို့ကုန် ဝင်ငွေဈေးနှုန်းမှာလည်းတစ်ပတ်အတွင်း ၈၄၅ ကျပ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ သည်ကို တွေ့ရသည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းများ ယခုတစ်ပတ်အတွင်း မြင့်တက်ရခြင်းမှာ ပို့ကုန် သမားများကလည်း ကျောက်မျက် သမားများထံမှဝယ်ယူနေခြင်း၊ကျောက်မျက် ကုန်သည်များကလည်း ၎င်းတို့ စုဆောင်းထားသော ပို့ကုန်ဝင်ငွေများ ကို ရောင်းချနေခြင်းတို့ကြောင့် ဖြစ်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းသည် နိုဝင် ဘာ ၂၈ရက်က ၈၃၈ကျပ်ရှိခဲ့ သော် လည်း နိုဝင်ဘာလ ၃၀ ရက်တွင် ၈၄၅ ကျပ်သို့မြင့်တက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁ရက်နှင့် ၂ရက်တု့ိတွင် ပြန် ကျခဲ့ရာ ဒီဇင်ဘာ ၂ရက် ဈေးပိတ်ချိန် တွင် ၈၃၆ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်ကိုတွေ့ရသည်။ MTD, KM2O
နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း တန်ဖိုးကျဆင်းသွားတဲ့ ကမ္ဘာ့ရွှေ ဈေးတွေ နိုဝင်ဘာ ၂၈ ရက်မှာ ပြန် လည်ဦးမော့လာပြီး ကန်ဒေါ်လာ တန်ဖိုး အားနည်းသွားခြင်းက ရွှေဈေးနှုန်းကို အထောက်အပံ့ဖြစ်စေတယ်လိ့ု သိရပါ တယ်။ ရွှေသာမက ငွေနဲ့ ရေနံစိမ်းဈေးနှုန်းတွေလည်း ပြန်လည်ဈေးမြင့် လာပါတယ်။ လက်ငင်းအရောင်း ရွှေဈေးနှုန်းက တစ်အောင်စကို ၂၅ဒသမ ၄၄ ဒေါ်လာ မြင့်မားလာကာ ၁၇၀၄ ဒသမ ၅၉ ဒေါ်လာနဲ့ ဂရင်းနစ်စံတော်ချိန် ဝရး၁၀ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး အခြေအနေနဲ့ အီးယူဒေသ ကြွေးမြီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမယ် ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ရွှေဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်း၊ လောလောဆယ်မှာ လူတိုင်းအနေနဲ့ ငွေကိုသာ လက်ထဲမှာကိုင်ထားလိုကြောင်း သတင်းရရှိတယ်။ Source:goldalert.com, ပပ