Main menu

Background

Monday, 4 Mar 2024

ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဖေဖော်ဝါရီလစတုထ္ထပတ် တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန် ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသော ဈေး မှာ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၁၂၄၀ဝ၊  ကြံ့တံဆိပ်(အဖြူ)   ကျပ် ၁၀ဝ၀ဝ၊  ကြံ့ တံဆိပ် (အပြာ) ကျပ် ၁၀၈၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး   မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိ နေကာ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ 
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး

Monday, 4 Mar 2024

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၆ သိန်းကျော်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ ဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်လာခြင်း မရှိစေရန်အတွက် အသင်းသား၊ အသင်းသူများအနေဖြင့် ရွှေဈေးကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ရောင်း ဝယ်ပေးကြရန်နှင့် လက်ငင်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ပြီး ပို၍ ရောင်းခြင်း၊ ဝယ်ခြင်းများ လုံးဝမပြုလုပ်ကြရန် YGEA က မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန် ထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်YGEA ၏ ရွှေဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၆၃၉၆၀ဝ၊ ၂၄

Monday, 5 Feb 2024

မြန်မာနိုင်ငံကထွက်ရှိသည့်    မျှစ်ခြောက် ထပ်တိုးတန်ဖိုးမြှင့်ထုတ်ကုန် (ဠေူကန ဗိနိ ဏမသ-ိကခအျ)များကိုပြည်ပနိုင်ငံအချို့က ဝယ်ယူရန် ကမ်း လှမ်းမှု   ပိုမိုများပြားလာကြောင်း   မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊   မျှစ်လုပ်ငန်းအစုအဖွဲ့မှ သိရသည်။
လက်ရှိတွင်    မြန်မာ့မျှစ်ခြောက်ကို   ဂျပန် နိုင်ငံက အများဆုံးဝယ်ယူနေခြင်းဖြစ်ပြီး  တရုတ်၊ ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း မှာယူ လျက်ရှိကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ   ဦးကျော် ဝင်းက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောသည်။

Monday, 5 Feb 2024

မကွေးတိုင်းဒေသကြီးမှ ပျားရည်တန်ချိန် ၃၀ဝ ခန့်  နှစ်စဉ်ထွက်ရှိပြီး   တန်ချိန် ၂၀ဝ ခန့်ကို ပြည်ပသို့   တင်ပို့နေရကြောင်း    ပျားမွေးမြူရေး တောင်သူများထံမှ သိရသည်။  ဒေသထွက် ပျား ရည် အမျိုးအစားများမှာ ဇီးပျားရည်၊ နေကြာပျား ရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်တို့ဖြစ် ပြီး ပြည်တွင်းတွင်တော့ နှစ်စဉ် ပျားရည် တန်ချိန် ၁၀ဝ ခန့် စားသုံးလျက်ရှိကြောင်း သိရသည်။ “ပျားရည်ထုတ်လုပ်တဲ့အခါမှာ ပျားအုံတွေ မှာ ပျားပြည့်မပြည့်၊ ပျားရည်ထုတ်လုပ်မှု  အချိန် ရောက်မရောက်၊ ရင့်မှည့်မှု ရှိ၊ မရှိ  ပျားမွေးမြူတဲ့ ပညာရှင်ကနေ စစ်ဆေးပါတယ်။ ပြီးရင် ပျားသ လက်ချပ်တွေ ထုတ်ယူပြီးတော့ ပျားရည်ဘို့ပေါ် မှာ

Monday, 5 Feb 2024

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်မှ ၃၁ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၂၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၈၃၄၀ဝ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၂၃၈ ဒသမ ၉၂ သန်းရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစု ရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ် ယာ ၆၆၅၀ စောင်ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၇ ဒသမ ၈၄ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၄၂၃၀၇ စောင် ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး

Monday, 5 Feb 2024

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နနွင်း များ စတင်ထွက်ပေါ်နေပြီး ယခင်နှစ် ထက်ဈေးပိုရနေကြောင်း နနွင်း စိုက်တောင်သူများထံမှ သိရသည်။ ကျောက်ဆည်ခရိုင် တွင် နနွင်းစိုက်ဧကပေါင်း ၂၃၅၈ ဧကရှိ၍ နနွင်းများကို နွေရာသီ ဆည်ရေရရှိချိန်တွင် စတင်စိုက်ပျိုးပြီး မြစ်သားမြို့ နယ်တွင် ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာ  ကျပ် ၁၂  သိန်းမှ ၁၅ သိန်းခန့်ထိ ကုန်ကျ၍ မြေအမျိုးအစားလိုက် သွင်းအားစုအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။

Monday, 1 Jan 2024

လက်ရှိ ဆားရာသီတွင် မွန်ပြည်နယ်မှ ဆားတန်ချိန် ငါးသောင်းနီးပါး ထွက်ရှိရန် မျှော်မှန်းထားကြောင်း သတ္တုတွင်းဦးစီးဌာန၊ မွန်ပြည်နယ် ဆား လုပ်ငန်းဌာနခွဲမှ သိရသည်။ ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ လာမည့် ၂၀၂၄ ခုနှစ် မေလကုန်အထိ ဆားရာသီတွင် ထွက်ရှိနိုင်မည့်စာရင်းကို ခန့်မှန်းထား ခြင်းဖြစ်ပြီး တန်ချိန် ၄၇၀ဝ၀ ခန့် ထွက်ရှိနိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။ ]]ဒီလကုန်လောက်ဆို  ဆား အနည်းအကျဉ်း စထွက်ပါပြီ။ ဆားရာသီကတော့   ဒီဇင်ဘာလကနေစပြီး လေးလပိုင်း သင်္ကြန်မိုးရွာပြီး ခဏလောက်နားပြီးတော့  ဆက်ပြီး မရွာရင် ငါးလပိုင်းကုန်မှ စာရင်းချုပ်တယ်။ ဒီနှစ်ကတော့ တန်ချိန် လေး

Wednesday, 20 Dec 2023

လက်ရှိ ထောပတ်သီးရာသီအတွင်း ထိုင်း နိုင်ငံသို့    မြန်မာ့ထောပတ်သီး    တန်ချိန် ၂၅၀ဝ ဝန်းကျင်အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
ယခု ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ မြန်မာ့ထောပတ်သီး   အများဆုံးတင်ပို့ရန် စီစဉ် ထားပြီး ျေံ ထောပတ်သီး   တစ်ကီလိုဂရမ်လျှင် ကြမ်းခင်းဈေး ကျပ် ၆၀ဝ၀-၁၀ဝ၀ဝ အတွင်း ရရှိ ရန် မျှော်မှန်းထားကြောင်း အဆိုပါအသင်းအတွင်း ရေးမှူး  ဦးကျော်စိုးမင်းက  ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

Wednesday, 20 Dec 2023

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA) ) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးကွက်ဈေးနှုန်းမှာ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ကျပ် ၃၇ သိန်းဝန်းကျင်သို့ ရောက်ရှိလာကြောင်း အဆိုပါအသင်းမှသိရသည်။
ဒီဇင်ဘာ ၁၄ ရက်YGEA)  ၏ ဈေးကွက်အဖွင့်ဈေးသည် အကယ်ဒမီ မီးလင်း ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၆၉၉၁၀ဝ ဖြစ်ပြီး နေ့လယ်ပိုင်းတွင်တော့ တစ်ကျပ် သား ကျပ် ၃၇၀ဝ၉၀ဝ သို့ ဈေးမြင့်တက်လာကာ ညနေပိုင်းတွင် ကျပ်  ၃၆၉၇၃၀ဝ ဖြင့် ဈေးပိတ်သွားခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၃၆၇၉၂၀ဝ ဖြင့် ဈေးဖွင့်ခဲ့သည်။

Tuesday, 7 Nov 2023

ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စားအုန်း ဆီ တင်သွင်းမှု မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့် လယ်ယာ ကဏ္ဍဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဧပြီလမှ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း ပြည်တွင်းသို့  စားအုန်းဆီ ၂၉၄၄၅၇ တန် တင်သွင်းထားကာ ယင်းပမာဏသည် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက တန်ချိန်၆၅၀ဝ၀ ကျော် ပိုမိုမြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

Pages